ုkomyo ခရီးသြားအေတြးစာစု

Saturday, 8 January 2022

အိမ်မှာေနပြီး-----

"မင်္ဂလာပါ စာမရေးဖြစ်တာကိုတောင်းပန်ပါတယ်" သင်ဆရာမြင်ဆရာကြားဆရာအားလုံးကို ထာဝရလေးစားလျက်ပါ
ကျနော့်ဘလော့လေးကို အားပေးကြတဲ့ တယောက်ချင်းစီတိုင်းကို ကျေဇူးအများကြီးတင်ပါတယ် ကျနော်တို့နိုင်ငံကြီး အမြန်ဆုံးနေကောင်းလာပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်
ဒီအချိန်ဒီအခါမှာ လူတိုင်းအဆင်မပြေမှုတွေနဲ့
ရင်ဆိုင်ကြုံတွေ့နေရမယ်ဆိုတာ နားလည်ပါတယ် အတက်နိုင်ဆုံး ဂရုစိုက်ပြီး သတိကလေးနဲ့
သွားလာနေထိုင် ကြရမယ့်အချိန် ဆိုတာလူတိုင်းသိကြမှာပါ  ခုအခါ အိမ်ပြင်ထွက်ဖို့မပြောနဲ့ အိမ်ထဲမှာနေလဲ မလုံခြုံတော့ဘူးလို့ ခံစားနေကြတာလူတိုင်းလိုလိုပါပဲ အလုပ်သွားလည်းကြောက်ရအိမ်မှာနေလည်းစိုးရိမ်နေရ ဆိုတော့ လူေတွဘယ်လိုပျော်ရွှင်ကြရတော့မှလည်း အဲဒီေတာ့
ကိုယ့်ဘဝလေးကို မပျက်စီးဖို့ စိတ်ဓာတ်မကျဖို့
အိမ်မှာနေရင်း အားရှိမယ့်အစားအစာတွေ  စားပြီး ခွန်အားဖြစ်မယ့်စာတွေကို လေ့လာဖတ်ရှုဖို့တိုက်တွန်းချင်ပါတယ် စာဖတ်ခြင်းဟာ အရမ်းကို အကျိုးကျေးဇူးများတယ်ဆိုတာ စာဖတ်နေကျတဲ့လူတိုင်း နားလည်ကြပါတယ်
"စာအုပ်စာပေလူ့မိတ်ဆွေ"တဲ့ကိုယ်ဝါသနာပါတဲ့အရာကို အရင်ဆုံးလေ့လာကြည့်လိုက်ပါ
အွန်လိုင်းမှာဖတ်ချင်တဲ့ စာအုပ်လေးတွေကိုရှာဖွေပြီး ဖတ်လို့ရနေပါပြီ ဆော့ဝဲတွေနဲ့လည်း
ဒေါင်းလော့ဆွဲပြီး အလကားဖတ်လို့ရနေပါပြီ 
internet ဖိုးတော့ကုန်တာပေါ့ 
အရင်ကရေးခဲ့တဲ့ ကျနော့်ရဲ့စာလေးတွေထဲကကောင်းတာလေးတွေကိုမဖတ်ဘူးသေးတဲ့လူတွေအတွက် ပြန်ရေးပြီး တင်ပြချင်ပါတယ်
စိတ်ထဲမကောင်းပေမယ့် ခွန်အားဖြစ်စေမဲ့ စာလေးတွေကို ရေးပြီးအားပေးချင်ပါတယ်
စာရေးဆရာကြီးမဟုတ်ပေမယ့် နားလည်သလောက် ဝေမျှချင်လို့ပါ ကျန်တော့်စာလေးတွေဖတ်ပြီးလို့ အဆင်မပြေဖြစ်ခဲ့ရင် တောင်းပန်ပါတယ် ကျနော့ရဲ့ဘလော့လေးကို အားပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ် 

လူတိုင်း အရာရာအားလုံးအဆင်ပြေကြပါစေ
ဒုက်ခဘေးဆိုးကြီးမှလဲ အမြန်ဆုံးကင်းလွတ်ကြပါေစ
ခရီးသွားအတွေးစာစု