ုkomyo ခရီးသြားအေတြးစာစု

Saturday, 8 January 2022

အိမ်မှာေနပြီး-----

"မင်္ဂလာပါ စာမရေးဖြစ်တာကိုတောင်းပန်ပါတယ်" သင်ဆရာမြင်ဆရာကြားဆရာအားလုံးကို ထာဝရလေးစားလျက်ပါ
ကျနော့်ဘလော့လေးကို အားပေးကြတဲ့ တယောက်ချင်းစီတိုင်းကို ကျေဇူးအများကြီးတင်ပါတယ် ကျနော်တို့နိုင်ငံကြီး အမြန်ဆုံးနေကောင်းလာပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်
ဒီအချိန်ဒီအခါမှာ လူတိုင်းအဆင်မပြေမှုတွေနဲ့
ရင်ဆိုင်ကြုံတွေ့နေရမယ်ဆိုတာ နားလည်ပါတယ် အတက်နိုင်ဆုံး ဂရုစိုက်ပြီး သတိကလေးနဲ့
သွားလာနေထိုင် ကြရမယ့်အချိန် ဆိုတာလူတိုင်းသိကြမှာပါ  ခုအခါ အိမ်ပြင်ထွက်ဖို့မပြောနဲ့ အိမ်ထဲမှာနေလဲ မလုံခြုံတော့ဘူးလို့ ခံစားနေကြတာလူတိုင်းလိုလိုပါပဲ အလုပ်သွားလည်းကြောက်ရအိမ်မှာနေလည်းစိုးရိမ်နေရ ဆိုတော့ လူေတွဘယ်လိုပျော်ရွှင်ကြရတော့မှလည်း အဲဒီေတာ့
ကိုယ့်ဘဝလေးကို မပျက်စီးဖို့ စိတ်ဓာတ်မကျဖို့
အိမ်မှာနေရင်း အားရှိမယ့်အစားအစာတွေ  စားပြီး ခွန်အားဖြစ်မယ့်စာတွေကို လေ့လာဖတ်ရှုဖို့တိုက်တွန်းချင်ပါတယ် စာဖတ်ခြင်းဟာ အရမ်းကို အကျိုးကျေးဇူးများတယ်ဆိုတာ စာဖတ်နေကျတဲ့လူတိုင်း နားလည်ကြပါတယ်
"စာအုပ်စာပေလူ့မိတ်ဆွေ"တဲ့ကိုယ်ဝါသနာပါတဲ့အရာကို အရင်ဆုံးလေ့လာကြည့်လိုက်ပါ
အွန်လိုင်းမှာဖတ်ချင်တဲ့ စာအုပ်လေးတွေကိုရှာဖွေပြီး ဖတ်လို့ရနေပါပြီ ဆော့ဝဲတွေနဲ့လည်း
ဒေါင်းလော့ဆွဲပြီး အလကားဖတ်လို့ရနေပါပြီ 
internet ဖိုးတော့ကုန်တာပေါ့ 
အရင်ကရေးခဲ့တဲ့ ကျနော့်ရဲ့စာလေးတွေထဲကကောင်းတာလေးတွေကိုမဖတ်ဘူးသေးတဲ့လူတွေအတွက် ပြန်ရေးပြီး တင်ပြချင်ပါတယ်
စိတ်ထဲမကောင်းပေမယ့် ခွန်အားဖြစ်စေမဲ့ စာလေးတွေကို ရေးပြီးအားပေးချင်ပါတယ်
စာရေးဆရာကြီးမဟုတ်ပေမယ့် နားလည်သလောက် ဝေမျှချင်လို့ပါ ကျန်တော့်စာလေးတွေဖတ်ပြီးလို့ အဆင်မပြေဖြစ်ခဲ့ရင် တောင်းပန်ပါတယ် ကျနော့ရဲ့ဘလော့လေးကို အားပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ် 

လူတိုင်း အရာရာအားလုံးအဆင်ပြေကြပါစေ
ဒုက်ခဘေးဆိုးကြီးမှလဲ အမြန်ဆုံးကင်းလွတ်ကြပါေစ
ခရီးသွားအတွေးစာစု


Friday, 11 December 2020

အချိန်မဖြုန်းပဲ-__

    "မဂ်လာပါ စာဖတ်သူအားလုံးကျန်းမာကြပါစေ ရောဂါဆိုးတို့မှ ကင်းဝေးကြပါစေ"
        အဆင်မပြေမှု့တွေက လူတိုင်းလိုလိုကြုံတွေ့နေရတာပါ။ခေတ်ကြီးကလည်းဆုတ်ကပ်ခေတ်ဆိုတော့
မိမိကိုယ်ကို ကောင်းအောင်နေနိုင်မှ တော်ကာကြမယ်ထင်တယ်။လူလောကကြီးထဲမှာက ကိုယ်ကကောင်းနေပေမဲ့ကိုယ့်အပေါ် မကောင်းတာတွေလုပ်နေကြသူကလည်းပေါမှပေါ။ လူတော်တော်များများ အလိမ်အညာတွေခံကြရဖူးမှာပါ။ ပိုက်ဆံလိမ်သွားတာတို့ ဖုန်းရောင်းမယ်ပြောပီးလိမ်သွားတာတို့ စုံလို့ပါပဲ။ပြောပြရရင်တော့အများကြီးပါပဲ
ပိုက်ဆံအများကြီးမရှိလို့ ဖုန်းလေးတလုံးအရစ်ကျ ဝယ်လိုက်မိပါတယ် ငွေလဲလွှဲလိုက်ရော လစ်ပြေးတော့တာပါပဲ။အဲဒါကိုယ်တွေ့ပါ။စာရေးသူကိုယ်တိုင် ခံစားလိုက်ရတာ။ အ  တယ်လို့ပဲပြောရမလား ၊လိမ်တဲ့သူကချိုမပါဘူးလေ။ 
ကိုယ်ကလည်း တလနဲနဲသွင်းပီး ၃လဆပ်ရင်ကိုယ့် စားဝတ်နေရေးပါ အဆင်ပြေတယ်ပေါ့ဆိုတဲ့အတွေးလေးနဲ့လုပ်မိတာပေါ့။  အွန်လိုင်းပေါ်မှာ အလိမ်အညာတွေနဲ့ လုပ်စားနေသူတွေက စာမတက်ပေမတက်တွေ မဟုတ်ဘူး။သတိလေးတော့ရှိကြပါ။ တနေကုန် ပင်ပင်ပန်းပန်းလုပ်ပီးရှာထားတဲ့ပိုက်ဆံလေးတွေကို ပညာတွေတက်ပီး ဒီလိုလိမ်ညာစားနေကြတာ မရှက်တက်ကြတာ စိတ်မကောင်းဖြစ်မိပါတယ်။ဒီအချိန် ဒီဘဝလေးမှာတော့ ပျော်ပျော်ကြီးစားနိုင်ဖြုန်းနိုင်ကြပါစေ။ မိတ်ဆွေတို့လည်း အယုံမလွယ်ကြပါနဲ့။အလိမ်အညာတွေမှ ကင်းဝေးအောင် စာများများဖတ်ပါ။ စာပေဟောပြောပွဲ လေးတွေ နားထောင်ကြပါ။အသိပညာ အတက်ပညာ ဘဝအတွက်သင်ခန်းစာတွေ ပေးနေကြတဲ့ စာရေးဆရာကြီးတွေ ရှိပါတယ်။ အွန်လိုင်းပေါ်မှာ အလကား အချိန်ဖြန်းနေမဲ့အစား အကျိုးရှိတာလေးတွေ တခုခုတော့ ရှာဖွေလေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။
       အခုခေတ်မှာ နည်းပညာတွေကအရမ်းတိုးတက်နေတာ ဆိုတော့ လေ့လာစရာတွေကလည်းအများကြီး။သင်ယူမယ်ဆိုရင်လည်း လွယ်လွယ်လေး ပါ.။သင်ယူချင်စိတ်ရှိဖို့ပဲ လိုတယ်။ ပိုက်ဆံပေးရတဲ့သင်တန်းတွေရှိသလို ပိုက်ဆံမပေးရတဲ့သင်တန်းတွေလည်း အများကြီးရှိပါတယ်။ရှာဖွေ လေ့လာပြီး ကိုယ့်ဘဝလေးတိုးတက်ပြောင်းလဲလာဖို့ကြိုးစားလိုက်ကြစမ်းပါ။

            
   

Thursday, 10 December 2020

အိမ်မှာနေတုန်းလေး

                'ကျန်းမာ ချမ်းသာကြပါစေ. ရေားဂါဆိုးကြီးမှလည်း အမြန်ဆုံးလွှတ်မြောက်နိုင်ကြပါစေ။'

စာမရေးဖြစ်တာကြာသွားတော့ မေ့နေကြပီလားမသိ။တောင်းပန်ပါတယ် ၊ပုံမှန်ရေးနိုင်ဖို.ကြိုးစားနေပါတယ်။
စာရေးဆရာကြီး မဟုတ်ပေမဲ. ခရီးသွားအတွေးစာစုလေးဖတ်ပြီး အသိတခုတော့ရသွား ရင် ပျော်မိမှာပါ။
လုပ်ချင်တာတွေက များနေတော့ စာရေးတဲ့ဘက် မလှည့်ဖြစ်တာ နားလည်ပေးပါ။အတက်နိုင်ဆုံးကြိုးစားနေပါတယ်။နေ့တိုင်းဖတ်လို့ရအောင်ပေါ့။ရောဂါတွေက နေရာတိုင်းလိုလို အခြေအနေကဆိုးဆိုးလာနေတော့
အထူးဂရုစိုက်ကြပါ။အတက်နိုင်ဆုံး ကိုယ့်အိမ်မှာပဲ နေပေးကြပါ။ မိမိကိုယ်ကစပြီးကာကွယ်မှ အများအတွက်လည်းကာကွယ်ပြီးသားဖြစ်တာပေါ့။မပေါ့ဆကြပါနဲ့  covid-19 ကအခုဆိုရင် ကူးစက်တာ ပိုမြန်တယ်တဲ့။
အပြင်ထွက်ရင်လည်း MASK လေးတက်ကြပါ။ အားတင်းထားကြပါ။ သတိလေးတွေလည်းရှိကြပါ။ဘုရားတရားလည်းမမေ့ကြပါနဲ့။

Wednesday, 15 April 2020

ကိုယ်တိုင်ကြိုးစားကြည့်----

စာဖတ်သူအားလုံး ကျန်းမာကြပါစေ
    ကလေး လူကြီးအားလုံး ဖုန်းလေးတွေပွတ်နေကြတာ လူတိုင်းအသိပါပဲ။ဘဝတိုးတက်ဖို့ ဆိုပြီးဖုန်းကြည့်နေကြသူက အများကြီးရှိမယ်မထင်ပါဘူး။ လူတော်တော်များများကတော့ အချိန်အားတာနဲ့ အလုပ်အားတာနဲ့ပျင်းနေလို့ ဆိုပြီး ဖုန်းပွတ်နေကြတာပါပဲ။ဘေကုန် အချိန်ကုန်ရကျိုးနပ်အောင် ဘယ်လိုအသုံးချမယ်ဆိုတာတွေးတဲ့သူကနဲနဲပဲရှိမှာပါ။အချိန်ဆိုတာ ခဏလေးကုန်သွားတာပါ။အချိန်ကို တန်ဖိုးထားပြီး ကြိုးစားလေ့လာနေကြသူတွေဟာ ကြီးပွားတိုးတက် ချမ်းသာနေကြတာပါ။ ဒါကြောင့် အသိပညာဗဟုသုတ ပြည့်စုံအောင် လူ့ဘဝနေရတဲ့ခဏလေးမှာ အချိန်ကိုအကျိုးရှိရှိ အသုံးချဖို့ အချိန်တန်ပါပြီ။ နည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ လေ့လာဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဘယ်အရာမှ မလေ့လာပဲနဲ့မသိပါဘူး။
သူများပြောတာနားထောင်ယုံနဲလည်း မတက်ပါဘူး။ ကိုယ်တိုင်လိုချင်စိတ် တက်ချင်စိတ် သင်ယူချင်စိတ်ရှိမှသာ အလွယ်တကူသင်ယူနိုင်မှာပါ။ အားငယ်စိတ်တွေဖြောက်ပြီး ကြိုးစားကြည့်လိုက်ပါ တနေ့နေ့မှာပြောင်းလဲလာပါလိမ့်မယ်။ ကိုယ်လုပ်ချင်တာ ကိုယ်ဝါသနာပါတာကိုပဲ ကြိုးစားပြီးလေ့လာကြည့်လိုက်ပါ
မကြာခင်မှာ ထူးခြားလာပါလိမ့်မယ်။
           အချိန်ရှိခိုက် လေးမှာ မကြိုးစားမိခဲ့တာတွေက အသက်အရွယ်ရလာတဲ့အချိန်မှာ နောင်တတွေရနေတက်ကြတယ်။ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ်ပိုင်လုပ်နိုင်တာ အနဲဆုံးတခုတော့ တက်ထားသင့်ပါတယ်။
အွန်လိုင်းပေါ်မှာ သင်တန်းမျိုးစုံရှိနေပါတယ်။သင်တန်းမတက်ပဲ ကိုယ်တိုင်လေ့လာသင်ယူလို့လည်းရပါတယ်။ပညာဒါန ဆိုပြီး သင်ပေးတာတွေလည်း အများကြီးရှိပါတယ်။ကွန်ပြူတာလေးနဲ့ အသုံးပြုနိုင်ရင်တော့ပိုပြီးကောင်းတာပေါ့.။ဒါပေမဲ့ လူတိုင်းက ကွန်ပြူတာကို မကိုင်တက်ကြဘူး ဆိုတာသိပါတယ်။ကြိုးစားပြီးလေ့လာကြမယ်ဆိုရင်ခဏလေးပါပဲ။ အများကြီး မလုပ်တက်တောင် နဲနဲပါးပါးတော့သိလာမှာပါ။မသိမတက်လို့ဆိုပြီး ထိုင်ကြည့်နေလို့တော့ဘာမှဖြစ်လာမှာ မဟုတ်ဘူး။အခုခေတ်လူငယ် ကလေးတွေကအစ တွေးခေါ်စဉ်းစားတက်ကြပါတယ်။လုပ်ကြည့်လိုက် ကြိုးစားကြည့်လိုက်ပါ။နဲနဲပြောပြီး များများစဉ်းစားလိုက်ပါ။
စာရေးသူကလည်း ပညာတွေစုံလို့ သိလို့တက်လို့ ပြောနေတာမဟုတ်ပါဘူး။ကိုယ်ထက်မသိသေးတဲ့လူငယ်လေးတွေအတွက်ပါ။စာရေးသူကိုယ်တိုင်လည်း အခုအချိန်ထိ လေ့လာသင်ယူ ကြိုးစာနေဆဲပါ။
လိုအပ်ချက်တွေကို ဆရာသမားများမှ ကူညီပေးကြပါလို့ တောင်ဆိုပါတယ်။
   
     komyoခရီးသွားအတွေးစာစု  


Tuesday, 14 April 2020

ဖုန်းပွတ်တာလေး လျော့ပြီး----

"လူသားတိုင်း ကျန်းမာ ချမ်းသာကြပါစေ"
     ပြုပြင်ပြောင်းလဲချိန်တန်ပါပြီလို့ တချို့လူငယ်လေးတွေကိုပြောချင်ပါတယ်။ကိုယ်တနေ့တနေ့အချိန်တွေကိုဘယ်လိုကုန်ဆုံးစေခဲ့သလဲ။ဘယ်လိုအသုံးချခဲ့သလဲဆိုတာ သေချာလေးတွေးကြဖို့ အချိန်တန်ပါပြီ။
Game ဆော့နေတုန်းပဲလား အလာကားအချိန်ကုန်ခံပြီး facebook ကြည့်နေတာလား ။Game ဆော့ပြီးပြီ
facebook ကြည့်ပြီးပြီ ဆိုရင် ကိုယ့်အတွက် တနေ့တာ ဘာတွေရလိုက်လဲ။ဘယ်လိုအသိ ဘယ်လိုပညာတွေရလိုက်ပြီလဲ။စဉ်းစားမိရဲ့လား။ဆရာကြီး လုပ်ပြီးပြောနေတာ မဟုတ်ပါဘူး။ကိုယ်သိသလောက်လေးကို
ကိုယ့်လောက်မသိတဲ့သူတွေအတွက် မျှဝေတာပေါ။စာရေးသူလည်း အသိပညာဗဟုသုတတွေအများကြီး
မပြည့်စုံသေးပါဘူး။စာရေးသူရဲ့ ပတ်ဝန်းကျင်က လူငယ်လေးတွေကြည့်ပြီး စိတ်မကောင်းလို့ပါ။

Monday, 13 April 2020

ကိုယ်ကစပြီး ဂရုစိုက်ဖို့

'အားလုံးကျန်းမာကြပါစေ'
   စာမရေးဖြစ်တာလည်းတော်တော်ကြာသွားပြီ.။ရေးချင်ပေမဲ့ အလုပ်တဖတ်နဲ့ဆိုတော့ မရေးဖြစ်ဘူး.။
အရမ်းကြောက်ဖို့ကောင်းတဲ့ရောဂါဆိုးကြီးကနေ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်.။
ရောဂါသိပြီးဆေးမရှိတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး နေထိုင်ကြမှ ဒီရောဂါဆိုးကြီးကနေ ရုန်းထွတ်နိုင်ကြမှာပါ.။ တချို့လူတွေကဂရုမစိုက်ကြတာတွေ ပေါ့ဆဆ နေကြတာတွေ အများကြီးတွေ့နေရတယ်။
အပျော်အပါးနဲ့ အသွားအလာတွေကို အတက်နိုင်ဆုံး ဆင်ခြင်နေထိုင်ကြပါ။ တချို့ဆို ပျင်းလို့အိမ်လည်နေကြတာတွေ ဟိုသွားဒီသွားလုပ်နေကြတာတွေလည်း အများကြီးပါပဲ။ တချို့ဆိုရင် ဒီရောဂါအကြောင်း ဘာမှမသိကြသူတွေအများကြီးရှိပါသေးတယ်။ ကိုယ်နဲ့နီးစပ်ရာ ပြောပေးကြရင်း ကာကွယ်ပေးကြပါ။ ကိုယ်ပတ်ဝန်းကျင်ကလူ ဒါမှမဟုတ် ကိုယ်မိတ်ဆွေ တယောက်ယောက် ရောဂါဖြစ်သွားခဲရင် တတန်းကြီးမလွတ်တော့ပါဘူး။ မိသားစု ရပ်ကွက် ကနေ မြို့တွေအထိ ပျံနှံ့နိုင်လို့ အရမ်းအရမ်းကို ဂရုစိုက်ကြပါ။အခုသတင်းတွေအရ တနေ့တနေ့ ရောဂါပိုးတွေ့ရှိသူဟာ တိုးလာနေတာ တွေ့ရပါတယ်။သူများနိုင်ငံတွေမှာတောင်
အလူအလဲ ခံနေကြရတာ တွေ့ကြ မြင်ကြ ကြားကြမှာပါ။ မပေါ့ဆကြပါနဲ့။ ကိုယ့်ကိုကိုယ်ကာကွယ်ရင် အများကိုလည်းကာကွယ်ရာရောက်ပါတယ်။ တဆင့်ခြင်း ကိုယ်သိသလောက် ပြောပေးကြပါ။ ကိုယ့်နိုင်ငံကချမ်းသာတဲ့နိုင်ငံမဟုတ်ပေမဲ့ တဦးနဲ့တဦးစည်းလုံးညီညွတ်စွာ ကာကွယ်ကြမယ်ဆိုရင် အောင်မြင်နိုင်မှာပါ။
အခုလိုရောဂါကြီးကို ကုသပေးနေကြတဲ့ ဆရာဝန် သူနာပြုများအစစအရာရာ ကူညီနေကြတဲ့ပရဟိတအဖွဲ့များ အားလုံးအများကြီးကျေးဇူးတင်ပါတယ်။ ဂရုစိုက်ပြီး ကူညီပေးကြပါ။လူသားတိုင်း ရောဂါဘေကြီးမှ
အမြန်ဆုံးလွတ်မြှောက်နိုင်ကြပါစေ။
လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ

   ခရီးသွားတွေးစာစု

Tuesday, 17 September 2019

မဖြစ်နိုင်တာမရှိ--*****--မဖြစ်သေးတာပဲရှိ

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ

     အခုခေတ် တချို့ လူငယ် လေးတွေကို အရမ်းလေးစားဂုဏ်ယူမိပါတယ်။

အရမ်းလည်းကြိုးစားကြ လေ့လာကြ သင်ယူကြတာ တွေ့ရတယ်။ ခေတ်ကလည်း အရမ်းအရမ်းကို တိုးတက်နေတဲ့ အချိန်၊

   လူကြီးတွေကေ ပြာကြတယ်  စာဖတ်ကြ စာဖတ်မှ အသိဉာဏ် ဗဟုသုတကြွယ်ဝမှာ တဲ့ ဟုတ်ပါသည် မှန်ပါသည်။

"ပညာမရှိ သူ၏ဝန်ထမ်း'"တဲ့ ပညာမတက်သူတွေ ကတော့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက် နေကြရတယ်။ တချို့ကြတော့

လည်း ပညာတက်ပေမဲ့ ငွေကြေးအဆင်မပြေတော့ ပင်ပန်းဆင်းရဲကြ ရတယ်။ တချို့ကြတော့ လည်း ပညာတက်ပြီး အသိတရား

လုံးဝမရှိကြဘူး။ လောကကြီးမှာ အကောင်းအဆိုးကတော့ ဒွန်တွဲနေတာပါပဲ။ အခုခေတ်မှာ ပညာလိုချင်လို့ သင်တန်းတွေ တက်ပြီး