အဆင်မပြေမှု့တွေက လူတိုင်းလိုလိုကြုံတွေ့နေရတာပါ။ခေတ်ကြီးကလည်းဆုတ်ကပ်ခေတ်ဆိုတော့
မိမိကိုယ်ကို ကောင်းအောင်နေနိုင်မှ တော်ကာကြမယ်ထင်တယ်။လူလောကကြီးထဲမှာက ကိုယ်ကကောင်းနေပေမဲ့ကိုယ့်အပေါ် မကောင်းတာတွေလုပ်နေကြသူကလည်းပေါမှပေါ။ လူတော်တော်များများ အလိမ်အညာတွေခံကြရဖူးမှာပါ။ ပိုက်ဆံလိမ်သွားတာတို့ ဖုန်းရောင်းမယ်ပြောပီးလိမ်သွားတာတို့ စုံလို့ပါပဲ။ပြောပြရရင်တော့အများကြီးပါပဲ
ပိုက်ဆံအများကြီးမရှိလို့ ဖုန်းလေးတလုံးအရစ်ကျ ဝယ်လိုက်မိပါတယ် ငွေလဲလွှဲလိုက်ရော လစ်ပြေးတော့တာပါပဲ။အဲဒါကိုယ်တွေ့ပါ။စာရေးသူကိုယ်တိုင် ခံစားလိုက်ရတာ။ အ တယ်လို့ပဲပြောရမလား ၊လိမ်တဲ့သူကချိုမပါဘူးလေ။
ကိုယ်ကလည်း တလနဲနဲသွင်းပီး ၃လဆပ်ရင်ကိုယ့် စားဝတ်နေရေးပါ အဆင်ပြေတယ်ပေါ့ဆိုတဲ့အတွေးလေးနဲ့လုပ်မိတာပေါ့။ အွန်လိုင်းပေါ်မှာ အလိမ်အညာတွေနဲ့ လုပ်စားနေသူတွေက စာမတက်ပေမတက်တွေ မဟုတ်ဘူး။သတိလေးတော့ရှိကြပါ။ တနေကုန် ပင်ပင်ပန်းပန်းလုပ်ပီးရှာထားတဲ့ပိုက်ဆံလေးတွေကို ပညာတွေတက်ပီး ဒီလိုလိမ်ညာစားနေကြတာ မရှက်တက်ကြတာ စိတ်မကောင်းဖြစ်မိပါတယ်။ဒီအချိန် ဒီဘဝလေးမှာတော့ ပျော်ပျော်ကြီးစားနိုင်ဖြုန်းနိုင်ကြပါစေ။ မိတ်ဆွေတို့လည်း အယုံမလွယ်ကြပါနဲ့။အလိမ်အညာတွေမှ ကင်းဝေးအောင် စာများများဖတ်ပါ။ စာပေဟောပြောပွဲ လေးတွေ နားထောင်ကြပါ။အသိပညာ အတက်ပညာ ဘဝအတွက်သင်ခန်းစာတွေ ပေးနေကြတဲ့ စာရေးဆရာကြီးတွေ ရှိပါတယ်။ အွန်လိုင်းပေါ်မှာ အလကား အချိန်ဖြန်းနေမဲ့အစား အကျိုးရှိတာလေးတွေ တခုခုတော့ ရှာဖွေလေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။
အခုခေတ်မှာ နည်းပညာတွေကအရမ်းတိုးတက်နေတာ ဆိုတော့ လေ့လာစရာတွေကလည်းအများကြီး။သင်ယူမယ်ဆိုရင်လည်း လွယ်လွယ်လေး ပါ.။သင်ယူချင်စိတ်ရှိဖို့ပဲ လိုတယ်။ ပိုက်ဆံပေးရတဲ့သင်တန်းတွေရှိသလို ပိုက်ဆံမပေးရတဲ့သင်တန်းတွေလည်း အများကြီးရှိပါတယ်။ရှာဖွေ လေ့လာပြီး ကိုယ့်ဘဝလေးတိုးတက်ပြောင်းလဲလာဖို့ကြိုးစားလိုက်ကြစမ်းပါ။
No comments:
Post a Comment