ုkomyo ခရီးသြားအေတြးစာစု

Thursday, 10 December 2020

အိမ်မှာနေတုန်းလေး

                'ကျန်းမာ ချမ်းသာကြပါစေ. ရေားဂါဆိုးကြီးမှလည်း အမြန်ဆုံးလွှတ်မြောက်နိုင်ကြပါစေ။'

စာမရေးဖြစ်တာကြာသွားတော့ မေ့နေကြပီလားမသိ။တောင်းပန်ပါတယ် ၊ပုံမှန်ရေးနိုင်ဖို.ကြိုးစားနေပါတယ်။
စာရေးဆရာကြီး မဟုတ်ပေမဲ. ခရီးသွားအတွေးစာစုလေးဖတ်ပြီး အသိတခုတော့ရသွား ရင် ပျော်မိမှာပါ။
လုပ်ချင်တာတွေက များနေတော့ စာရေးတဲ့ဘက် မလှည့်ဖြစ်တာ နားလည်ပေးပါ။အတက်နိုင်ဆုံးကြိုးစားနေပါတယ်။နေ့တိုင်းဖတ်လို့ရအောင်ပေါ့။ရောဂါတွေက နေရာတိုင်းလိုလို အခြေအနေကဆိုးဆိုးလာနေတော့
အထူးဂရုစိုက်ကြပါ။အတက်နိုင်ဆုံး ကိုယ့်အိမ်မှာပဲ နေပေးကြပါ။ မိမိကိုယ်ကစပြီးကာကွယ်မှ အများအတွက်လည်းကာကွယ်ပြီးသားဖြစ်တာပေါ့။မပေါ့ဆကြပါနဲ့  covid-19 ကအခုဆိုရင် ကူးစက်တာ ပိုမြန်တယ်တဲ့။
အပြင်ထွက်ရင်လည်း MASK လေးတက်ကြပါ။ အားတင်းထားကြပါ။ သတိလေးတွေလည်းရှိကြပါ။ဘုရားတရားလည်းမမေ့ကြပါနဲ့။
         အိမ်မှာနေကြတုန်းလေး အကျိုးရှိတာလေးတွေ လေ့လာဖို့ အချိန်အခါကောင်းပါပဲ။ငွေကြေးမတက်နိုင်သူတွေကလည်းအားငယ်စရာမလိုပါဘူး။အခမဲ့ ပညာဒါနတွေလည်း အများကြီးရှိပါတယ်။ ပိုက်ဆံနဲနဲနဲ့ တက်လို့ရတဲ့သင်တန်းတွေလည်း အများကြီးရှိပါတယ်။ကိုယ်ဝါသနာပါတာလေးတွေ ကိုရှာဖွေပြီး လေ့လာစေချင်ပါတယ်။online ကနေပိုက်ဆံတွေအများကြီးရနေသူတွေ အများကြီးရှိနေပါပြီ။လွယ်လွယ်နဲ့တော့ မရပါ။နဲနဲလေးသိလို့လည်းမရပါ။လေ့လာပါ။ရှာဖွေပါ၊စုဆောင်းပါ။လေ့ကျင့်ပါ။စာများများဖတ်ဖို့လိုပါတယ်။ တချို့လူတွေကပျင်းတာနဲ့ဖုန်းဖွင့်  ဟိုကြည့်ဒီကြည့် နဲ့ အချိန်တွေ ဘေတွေကုန်သွားတာပဲ ရှိတယ်။ဘာမှ အကျိုးမရှိလိုက်ဘူး။ ဒါပေမဲ့ သိတဲ့သူနားလည်သူတွေအတွက်ကတော့ အသိပညာဗဟုသုတရတဲ့အပြင် အပိုဝင်ငွေပါရနေကြတယ်။ဘယ်လိုတွေရတာလည်း ဘာလုပ်ရတာလည်း ဘယ်သူကပေးတာလည်း ဘယ်လိုပေးတာလည်း စသဖြင့်မေးကြတာတွေကို ဖြေဖို့ဆိုတာ ကိုယ်တိုင်လေ့လာမှ ပိုပြီးသိရမှာ။တချို့က မယုံကြဘူး။ကိုယ်တိုင်အရင်လေ့လာကြည့်လိုက်ပါ။ Google မှာရှာရှာ youtube မှာကြည့်ကြည့် ငွေရှာနည်းမျိုးစုံ လေ့လာလို့ရပါတယ်။အိမ်မှာနေတုန်းလေး အကျိုးရှိရှိ အချိန်တွေကို အသုံးချလိုက်ပါ။စာများများဖတ်ဖိုတော့လိုမယ်။ စာဖတ်မပျင်ပါနဲ့၊လူလိမ်လူညာတွေရန်မှ ရှောင်နိုင်အောင်လို့ပါ။ online ပေါ်မှာက လူအမျိုးမျိုး ရှိကြပါတယ်။ ကောင်းသူတွေရှိသလို မကောင်းသူတွေကလည်း ပေါမှပေါ။ သူများအပေါ် လိမ်ညာစားနေကြတာတွေကလည်းသေးသေးလေးတွေရောအကြီးကြီးတွေရော ရှိတယ်။ သတိလေးတော့ရှိကြပါ။ပြောတာလေးတွေ ကြော်ငြာတာလေးတွေကို အားကျပီးအယုံမိသွားရင်တော့ အလိမ်ခံရဖို့ များနေပီဆိုတာသိလိုက်တော့။ ကိုယ့်ဘက်က ဘာမှ မလွန်ပါစေနဲ့။ စဉ်းစားပါ။သေချာတွေးပီး နားလည်သူကိုမေးပါ။ ဒါလေးတွေပြောရတာက အခုမှ အင်တာနက်ကိုနာလည်သူ လေ့လာသူအတွက်ပါ။  ကိုယ်လုပ်ချင်တဲ့အရာကို သေချာလေ့လာပြီးမှ စပြီးလုပ်ပါ။
  komyoခရီးသွားအတွေးစာစု         

No comments:

Post a Comment