ုkomyo ခရီးသြားအေတြးစာစု

Tuesday, 14 April 2020

ဖုန်းပွတ်တာလေး လျော့ပြီး----

"လူသားတိုင်း ကျန်းမာ ချမ်းသာကြပါစေ"
     ပြုပြင်ပြောင်းလဲချိန်တန်ပါပြီလို့ တချို့လူငယ်လေးတွေကိုပြောချင်ပါတယ်။ကိုယ်တနေ့တနေ့အချိန်တွေကိုဘယ်လိုကုန်ဆုံးစေခဲ့သလဲ။ဘယ်လိုအသုံးချခဲ့သလဲဆိုတာ သေချာလေးတွေးကြဖို့ အချိန်တန်ပါပြီ။
Game ဆော့နေတုန်းပဲလား အလာကားအချိန်ကုန်ခံပြီး facebook ကြည့်နေတာလား ။Game ဆော့ပြီးပြီ
facebook ကြည့်ပြီးပြီ ဆိုရင် ကိုယ့်အတွက် တနေ့တာ ဘာတွေရလိုက်လဲ။ဘယ်လိုအသိ ဘယ်လိုပညာတွေရလိုက်ပြီလဲ။စဉ်းစားမိရဲ့လား။ဆရာကြီး လုပ်ပြီးပြောနေတာ မဟုတ်ပါဘူး။ကိုယ်သိသလောက်လေးကို
ကိုယ့်လောက်မသိတဲ့သူတွေအတွက် မျှဝေတာပေါ။စာရေးသူလည်း အသိပညာဗဟုသုတတွေအများကြီး
မပြည့်စုံသေးပါဘူး။စာရေးသူရဲ့ ပတ်ဝန်းကျင်က လူငယ်လေးတွေကြည့်ပြီး စိတ်မကောင်းလို့ပါ။

အချိန်ပြည့်ဖုန်းပွတ်နေကြတာ အားတာနဲ့ဖုန်းပွတ် ထမင်းစားလည်းဖုန်းပွတ် နောက်ဆုံးအိမ်သာတက်လည်း
ဖုန်းပွတ်နေကြတာ အမြဲတွေ့နေရတယ်။အဲဒီအချိန်တွေသာ အကျိုးရှိအောင် အသုံးချမယ်ဆိုရင်
သူတို့ဘဝတွေ အများကြီးပြောင်းလဲသွာနိုင်မှာပါ။အစစအရာရာပေါ့။လူမှူ့ရေး စီးပွားရေးကအစအများကြီး
တိုးတက်ပြောင်းလဲသွားမှာပါ။ဘာတွေဘယ်လို အသုံးချပြီးလေ့လာ ရမှာလည်းလို့ မေးကြမှာပေါ့။
              ဟုတ်ပါတယ် အရည်အချင်းရှိပြီးရည်ရွယ်ချက်ရှိသူတွေအတွက် ပြောပြစရာမလိုပေမဲ့
ဘာမှမသိသေးသူတွေ အတွက်တော့အများကြီးလိုတာပေါ့။ကိုယ်ကဘာဝါသနာပါတာလည်း သိဖို့လည်း
အရေးကြီးပါတယ်။အဓိက ကတော့ Google ဆိုတာသိဖို့အရင်လေ့လာပေါ့။Google မှာ ကိုယ်သိချင်တာ
အကုန်ရှာလို့ရတယ် ။ပြီးတော့ Youtube ကနေလည်းကိုယ်သိချင်တာ ရှာလို့ရတယ်။နဲနဲပါးပါးတော့
သိနေကြမယ်ထင်ပါတယ်။ ကြိုးစားပြီး လေ့လာကြည့်လိုက်ပါ။ တခုတော့ပြောချင်ပါတယ် တချို့လူတွေ
နားမလည်ကြသေးဘူး။ play store ဖွင့်မရဘူးပြောကြတယ်။ သူက Gmail ဆိုတဲ့အကောင့်တခုရှိမှဖွင့်ရတာ။
Gmail ဆိုတာဘာလည်းသိဖို့လည်းလိုပါတယ်။ဘာမှမသိသူတွေအတွက် လေ့လာစရာတွေကအများကြီးလို့
ယူဆကြမယ်ထင်ပါတယ်။ လေ့လာမယ်ဆိုရင် သိပြီးသားလူတွေအတွက်ကလည်း လိုက်မမှီနိုင်ပါဘူး။
အရမ်းတိုးတက်ပြီး အရမ်းခေတ်မှီနေတဲ့ ခေတ်ကြီးရောက်နေကြတာပါ။ဝရိယနဲ့ကြိုးစားဖို့ပဲ လိုပါတယ်။
ပိုက်ဆံပေးပြီးလေ့လာလို့ရသလို အလကားလေ့လာလို့ရတဲ့ ပညာတွေလည်း အများကြီးရှိပါတယ်။
               အွန်လိုင်းပေါ်ကနေ ပိုက်ဆံဖြုန်းနေကြသူတွေရှိသလို အွန်လိုင်းပေါ်ကနေ ပိုက်ဆံတွေ ဝင်နေကြတဲ့သူတွေလည်း အများကြီး ရှိနေပါပြီ။ လေ့လာကြပါ။ ရှာဖွေကြပါ။ကြိုးစားကြပါ။ဖုန်းလေးတွေကိုင်ပြီး
ပွတ်နေကြတဲ့အချိန် လျော့သင့်ပါပြီ။ဆက်ရေးမည်။

            komyoခရီးသွားအတွေးစာစု

No comments:

Post a Comment