"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
အခုခေတ် တချို့ လူငယ် လေးတွေကို အရမ်းလေးစားဂုဏ်ယူမိပါတယ်။
အရမ်းလည်းကြိုးစားကြ လေ့လာကြ သင်ယူကြတာ တွေ့ရတယ်။ ခေတ်ကလည်း အရမ်းအရမ်းကို တိုးတက်နေတဲ့ အချိန်၊
လူကြီးတွေကေ ပြာကြတယ် စာဖတ်ကြ စာဖတ်မှ အသိဉာဏ် ဗဟုသုတကြွယ်ဝမှာ တဲ့ ဟုတ်ပါသည် မှန်ပါသည်။
"ပညာမရှိ သူ၏ဝန်ထမ်း'"တဲ့ ပညာမတက်သူတွေ ကတော့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက် နေကြရတယ်။ တချို့ကြတော့
လည်း ပညာတက်ပေမဲ့ ငွေကြေးအဆင်မပြေတော့ ပင်ပန်းဆင်းရဲကြ ရတယ်။ တချို့ကြတော့ လည်း ပညာတက်ပြီး အသိတရား
လုံးဝမရှိကြဘူး။ လောကကြီးမှာ အကောင်းအဆိုးကတော့ ဒွန်တွဲနေတာပါပဲ။ အခုခေတ်မှာ ပညာလိုချင်လို့ သင်တန်းတွေ တက်ပြီး
ကြိုးစားနေကြသူတွေ ရှိသလို လမ်းဘေးမှာအိပ် လမ်းရိပ်ကိုနင်ပြီး လမ်းပေါ်မှာ ပျော်နေကြသူတွေလည်း အများကြီး ပါပဲ။
တ ချို့လူငယ် လေးတွေ ကတော့ သင်တန်းတွေတောင် ဖွင့်ပြီး ပညာ မျိုးစုံကို ကိုယ်ပိုင်လုပ်ကိုင်နိုင်တဲ့အထိ ကိုယ်တိုင်
တွေးခေါ်နိုင်တဲ့အထိ သင်ပြ ဝေငှ နေကြပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တ ခြားသူတွေကို နားလည်အောင် သင်ပြ ရှင်းပြ ပေးရတာ
လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး ။တခြားသူတွေကို မသင်ခင် ကိုယ်တိုင် နားလည်အောင် ကြိုးစားရပါတယ်။
အဲ ဒီလိုနားလည်အောင် ကြိုးစားရတာဟာ အလကားမရပါဘူး ။အချိန်တွေ ကုန် ငွေတွေကုန် ပြီးမှ
ပင်ပန်းဆင်းရဲစွာ သင်ယူလေ့လာ ခဲ့ရတာပါ။ လွယ်လွယ်လေးနဲ့တော့ ဘယ်အရာမှ အလကားမရ ပါဘူး။
တချို့ကြတော့ တစ်ယောက်ထဲနဲ့ လှုပ်ရှားကြတယ်။ တချို့ကြတော့လည်း သူငယ်ချင်းတွေ မိတ်ဆွေတွေဖွဲ့ပြီး
ကြိုးစာနေကြတယ်။ ကြိုးစားနေကြတဲ့ လူငယ်တွေ အတွက် အရမ်းကို လေးစား ဂုဏ်ယူမိပါတယ် ။အမြဲအားပေးပါတယ် ။
" မဖြစ်နိုင် တာမရှိ မဖြစ်သေးတာပဲရှိ "တယ် ဆိုတဲ့စကားလေးကို လက်ကိုင် ထားပြီးကြိုး စားကြမယ်ဆိုရင်
အချိန် ခဏ လေးအတွင်းမှာ ပြောင်းလည်းတိုးတက်မှု့တွေ ကြုံ တွေ့လာမှာပါ ။ လူတိုင်းကို "စာဖတ်ပါ" လို့ လိုက်ပြောနေ
လည်း စာမဖတ်ချင်သူကတော့ လုံးဝဖတ်မှာ မဟုတ်ပါဘူး ။ စာဖတ် ဝါသနာပါသူ အတွက်ကတော့ ဘာမှကို တိုက်တွန်းနေ
စရာမလိုပါဘူး ။ သူဖတ်ချင်တဲ့ စာအုပ်တွေ့ရင် ဈေးကြီးလည်း ဝယ်ဖတ်ကြ တယ်။ မတွေ့ တွေ့အောင်လည်း ရှာဖတ်ကြတယ်။
စာပေကို တန်ဖိုးထား ၊စာပေကို လေးစား၊ စာပေကို မြတ်နိုးသူတိုင်းဟာ အထီးကျန် သီးခံပြီးနေရသလိုထင်ရပေမဲ့
ရင်ကြတ်တဲ့ အတွေးအခေါ် ၊ ပြောင်မြောက်တဲ့ အယူအဆ၊ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ တဘဝစာ အပြည့် အေးချမ်းစွာ
လှုပ်ရှားကြိုစား နေကြတာ ပါ ။အဓိက ကတော့ စိတ်ထားဖြူ စင်ပြီး ရိုးသားကြိုးစား ကိုယ်ချင်းစာတက်တဲ့သူဖြစ်ဖို့
အရေးကြီးပါတယ်။ လူတစ်ယောက် လူဆိုး၊လူမိုက် ဖြစ်ဖို့ဆိုတာ အချိန်တိုလေးအတွင်းမှာ စွယ်စုံ လုပ်ယူလို့ရပေမဲ့
လူတစ်ယောက် လိမ်မာ ယဉ်ကျေး လာအောင် လုပ်ယူဖို့ဆိုတာ အချိန်တိုလေးအတွင်းမှာ လုံးဝ မရနိင်ပါဘူး ။ ဒါကြောင့်
မိုက်တာက လွယ်ပါတယ်။ လိမ္မာတာက ခက်တယ်လို့ ပြောနေကြတာ စာဖတ်သူတို့ ကြားဖူးကြမှာပါ။
စာရေးသူ ငယ်ငယ်တုန်းက ဘဝနဲ့ အခုခေတ် လူငယ်လေးတွေ ဘဝက တခြားစီပါ။ အနှစ်ခြောက်ဆယ်လောက်
နောက်ကျ ခဲ့ရတယ်လို့ လူကြီးတွေပြောတာကြားဖူးတယ်။အခုခေတ်လို လွတ်လပ်စွာ လုပ်ကိုင်ခွင့်တာရခဲ့ကြရင် ပညာတက်တွေ
လူချမ်းသာတွေအများကြီးရှိ ပြီး နိုင်ငံ ကြီးလည်း ဒီထက်မက တိုးတက်နေလောက် ပြီ။ ဟို အရင်ခေတ်က ဖုန်းတလုံး
သိန်းသုံးလေးဆယ် ပေးကိုင် ကြရတယ် ။အခုခေတ် ကြ ငါးရာ ၊ တထောင်ပဲ ပေးရတယ်။ စဉ်းစားကြည့် ကြပါ။
ဘာ ေ ၾကာင့္လဲ ။ ပညာတက် အောင် ၊ကျောင်းကို အဆုံးထိ တက်ခွင့်မရကြ။ ဘာဖြစ်လို့ လဲဆိုတော့ မိသားစု စားဝတ်နေရေး
အတွက် ရုံး ကန်နေ ကြရတယ် ။ ရေးတက် ဖတ်တက်ရင် ပြီး ပီဆို ပြီးကျောင်း ထုတ်ကြတယ်။ အလုပ်လုပ်ခိုင်း ကြတယ်။
နောက်မှဆက်ရေးဦးမယ်။
ခရီးသွားအတွေးစာစု
၊

No comments:
Post a Comment