"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
တချိန်ချိန်မှာ အောင်မြင်လာမှာပါ။ ဇွဲရှိရှိနဲ့သာ ကြိုးစားပြီးသင်ယူလေ့လာပါ။ ဘာမှမရှာရင် ဘာမှမတွေ့သလို
ဘာမှမလုပ်ရင်လည်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ တချို့လူငယ်လေးတွေဆိုရင် စကားလုံးတွေက အကြီးကြီးပြောကြတယ်
သူတို့ပြောသလောက်သာ လုပ်ကြမယ်ဆိုရင် အဆင်ပြေပြေနဲ့ နေထိုင်နိုင်ကြပြီပေါ့။ ချမ်းသာနေကြပြီ။ ခုတော့ အဲလိုမဟုတ်ဘူး
အပြောကြီးပြီး သဲထဲရေသွန်ဖြစ်နေကြတယ်။ လက်တွေ့အကောင်ထည်မဖော်နိုင်သ၍ေ ပြာ င်းလည်းလာမှာမဟုတ်ပါဘူး။
အတွေးအခေါ်အယူအဆလေးတွေ အများကြီးလေ့လာနိုင်မှ ဘဝအကြောင်း ပတ်ဝန်းကျင်အကြောင်း အလုပ်အကြောင်းလေးတွေ
သိပြီး အကောင်းအဆိုး အမှားအမှန် လုပ်သင့်မလုပ်သင့်ဆိုတာ ခွဲခြားတက်ပြီး အေးချမ်းတဲ့ဘဝတခုတည်ဆောက် နိုင်မယ်လို့
ထင်ပါတယ်။ ကိုယ့်ထက် သိသူတက်သူတွေဆီက ပြောတာလုပ်တာလေးတွေ မှတ်သားပြီး လုပ်နိုင်ရင်ပိုကောင်းပါလိမ်မယ်။
အခုမှ ဘဝအကြောင်း ပတ်ဝန်းကျင်အကြောင်း အလုပ်အကြောင်းလေးတွေသိပြီး နားလည်လာရင် နောက်မကျသေးပါဘူး။
သိပြီးနားလည်လာလို့ ပြုပင်လိုက်မယ်ဆိုရင် မကြာသောအချိန်လေးမှာပြောင်းလည်းမှု့ဆိုတာဖြစ်လာမှာပါ။
ပြော ပြသူရှိလို့သိပေ မဲ့ မလေ့လာမလုပ်ရင်တော့ ဘာမှဖြစ်မလာတဲ့အပြင် ဒီထက်ဆိုးသွားနိုင်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ သူစိတ်သူမနိုင်ဘူးလေ။ စိတ်မနိုင်တော့ ဘယ်အရာမှမအောင်မြင် နိုင်ပါဘူး။ အလုပ်လုပ်မယ်
ဆိုရင်လည်း စိတ်ပါလက်ပါလုပ်ပါ။ စိတ်မပါရင်တော့ ဘာမှမလုပ်တာအကောင်းဆုံးပါပဲ။ စိတ်ကို တည်ငြိမ်အောင်ပြန်လုပ်ပါ။
ခေတ်ကြီးက အရမ်းတိုးတက်နေတာလူတိုင်းသိကြပါတယ်။ ဒါပေမဲ့ခေတ်ကြီးကတိုးတက်လာသလို မကောင်းတာလုပ်ကြတဲ့
သူတွေကလည်းအများကြီးတွေ့ရကြားရတယ်။ အိမ်မှာနေလည်းကြောက်ရ လမ်းသွားလည်းကြောက်ရကျောင်းသွားလည်း
ကြောက်ရဈေးသွားလည်းကြောက်ရ စိုးရိမ်နေကြရတာလေးတွေက လူတော်တော်များများ ခံစားနေကြတာတွေ့ရတယ်။
ဒါကြောင့်စာများများဖတ်ပါ။ အသိပညာဗဟုသုတတိုးပွားအောင် ကြိုးစားပါ။အဝေးကြီးသွားပြီးရှာစရာမလိုပါဘူး။လူတိုင်းမှာ
ဖုန်းလေးတလုံးတော့ ကိုင်နိုင်ကြပါပီ။ ဖုန်းလေးနဲပဲ ဘာမဆိုသင်ယူလို့ရနေတဲ့ ခေတ်ဖြစ်နေပါပြီ။ စိတ်ဝင်တစား လုပ်ဖိုပါပဲ။
စာဖတ်ပါ သင်တန်းတခုခုတက်ဖြစ်အောင်ကြိုးစားပါ။ လူတော်တော်များများ ဖုန်းလေးနဲ့ အချိန်တွေ အမျာကြီးကုန်သွာကြတယ်။
ကုန်နေကြတယ်။ ဒါပေမဲ့ အချိန်တွေ အလကားဖြစ်ကုန်တာ သတိမထားမိကြဘူး ။ဘာဖြစ်လို့လည်းဆိုတော့ အလုပ်မရှိလို့
အားနေရင်ကို ဖုန်းပွတ်ဖို့ ဖုန်းကြည့်ဖို့ပဲ အားထုတ်ကြတယ်။ ထမင်းစားရင်းလည်း ကြည့် ၊ထမင်းစာပြီးလည်း ကြည့်၊
နောက်ဆုံး အိမ်သာတက်ရင်းတောင် ကြည့်ကြသူတွေ အများကြီးပါပဲ။ အဲဒီလိုအချိန်တွေမှာ ကို့်ယ့်အတွက်ပဲဖြစ်ဖြစ်၊
ကို့်ယ့်မိသားစုအတွက်ပဲဖြစ်ဖြစ် တခြားသူအတွက်ပဲဖြစ်ဖြစ် အကျိုးရှိမဲ့အလုပ်တွေ အကြောင်းအရာလေးတွေ လေ့လာနိုင်မယ်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲ။ အခုတော့ အချိန်ကုန် ဘေကုန်နဲ့ ဘာမှဖြစ်မလာ ဘူး။တကယ်တွေးကြည့်ရင် အရမ်း
နှမျောဖို့ကောင်းတယ်။ အဲတော့ ဘာလုပ်သင့်လည်းဆိုတာ စဉ်းစားတက်ဖို့ အချိန်တန်ပါပြီ။ ကိုယ့်ဘဝ ၊ကို့်ယ့်မိသားစုနဲ့အတူ
အေးချမ်းသယာ ပြည့်စုံတဲ့ ဘဝလေးတည်ဆောက်နိုင်ဖို့ ကြိုးစားကြပါ။ အဓိက ကတော့ စာများများဖတ်ပါ များများတွေးပါ။
အချိန်ကို အကျိုးရှိအောင်အသုံးချ နိုင်ကြသူတိုင်းကြီးပွားချမ်းသာနေကြတာပဲမဟုတ်လား။ဒါကြောင့် ရည်းမှန်းချက် ရည်ရွယ်ချက်
တွေရှိဖို့အရမ်းအရေးကြပါတယ်။
ဒီအတိုင်း နေနေလို့ မဖြစ်ဘူးနော်။
ခရီးသွားအတွေးစာစု

No comments:
Post a Comment