"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
'အချိန်သည် လူကိုမစောင့် 'တဲ့ တဖြည်းဖြည်းနဲ့အချိန်တွေက ကုန်လာသလို လူတွေရဲ့အသက်တွေကလည်း
တနှစ်ပြီးတနှစ်ကြီးလာကြပြီ။ေ ပြာ င်းလည်းသင့်တာတွေပြောင်းလည်းကြသလို မပြောင်းလည်းကြတာလည်းအများကြီးပါ။
အဓိက ကတော့လူတွေရဲ့ စိတ်ထားလေးတွေ အကြောင်းပါပဲ၊ ကျွန်တော်သိသလောက် အတွေ့အကြုံလေး ဝေမျှတာပါ။
တိုက်ဆိုင်မှု့ရှိရင် နားလည်ပေးပါ လို့ပြောပရစေ။ ပညာရှင်ကြီးမဟုတ်သလို စာရေးဆရာကြီးလည်း မဟုတ်ပါဘူး။
စာပေလောကကို လေ့လာနေဆဲ အချိန်မှာ တွေ့ခဲ့ကြုံခဲ့ရတာလေးတွေက စိတ်ထဲမှာ မကောင်းလို့ ခံစားမိတာလေးတွေ
ရေးဖြစ်တာပါ။ ကျွန်တော်ကြုံတွေ့ရတဲ့အထဲမှာ လူတော်တော်များများ အသိပညာ ဗဟုသုတ အရမ်းကိုအားနည်းကြတာ
တွေရတယ်။ အထင်သေးလို့ပြောခြင်းမဟုတ်ပါဘူး။ တကယ်ကို မသိနားမလည်ကြတာပါ။ သိဖို့လည်းအားမထုတ်ကြတာ
တွေ့ရသလို ဘယ်ကစပြီးဘာကိုဘယ်လို့ လေ့လာရမယ်ဆိုတာလည်း မသိကြဘူး ဖြစ်နေကြတာတွေလည်းရှိတယ်။
ဒါကြောင့်စာဖတ်ခြင်းကို ပျင်းနေလို့မဖြစ်ပါဘူး။ အမြဲတန်းလေ့လာသင်ယူနေမှသာ ပြော င်းလည်းမှု့ဆိုတာဖြစ်လာမှာပါ။
လူတိုင်းကတော့ ငါသိတယ် ငါတက်တယ်လို့ ယူဆထားကြတာတာပါပဲ။ ကလေးတွေကအစပေါ့။
ငါသိတယ် ငါတက်တယ်ဆိုပေမဲ့ အမှားအမှန်ခွဲခြားတက်တဲ့ အသိလေးတွေက မပြည့်စုံကြသေးဘူး လို့မြင်မိတယ်။
ဒါကကျွန်တော်လက်လမ်းမှီသလောက် ထိတွေ့ဆက်ဆံရတဲ့ နယ်ပယ်အတွင်းမှာ ပြော တာပါ။ ဒီထက်မကလည်း
ရှိချင်ရှိမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ စာအုပ်တွေရှာဖတ်တဲ့သူကလည်း နဲသွားပြီ။ facebook လေးသုံးကြလို့သာ
စာနဲ့မဝေးကြတာပါ။ ဒါကလည်း ဟိုကြည့်ဒီကြည့် ဟိုလိုဝေဖန် ဒီလိုဝေဖန်နဲ့သာ စာရေးဖြစ် စာဖတ်ဖြစ်တာပါ။
ဗဟုသုတပြည့်စုံတဲ့ စာအရှည်ကြီးတွေ၊ အသိပညာဗဟုသုတအကြောင်းတွေ လူငယ်တွေအတွက် အားတက်စေမဲ့စာတွေ
ရေးတင်သူကရှားပါတယ်။ ဟုတ်တော့လည်းဟုတ်ပါတယ် ဖုန်းတွေနဲ့ရင်းနီးကြတာက မကြာသေးသလို သိလည်းမသိကြ
နားလည်းမလည်ကြ အရမ်းကို နောက်ကျနေခဲ့ကြရတာပါ။ ဟိုအရင် ဖုန်း ဈေးတွေကမြင့်တော့ မကိုင်နိုင်ကြသလိုဖုန်းကိုင်ဖို့ကို
စိတ်မဝင်စားကြဘူး ဈေးကကြီးနေတာကိုး။ ခေတ်ကြီးက တိုးတက်လာတော့ ဖုန်းတွေကလည်းဈေးပေါဆိုတော့
လူတိုင်းလိုလို ဖုန်းလေးတွေကိုင်နိုင်ကြတယ် ဒါပေမဲ့ နားလည်သူရှိသလို နားမလည်သူတွေကလည်း အများကြီးတွေ့ရတယ်။
ဘယ်အရာမဆို ရှာဖွေမှတွေ့မယ် လေ့လာမှသိမယ်မဟုတ်လား။ လူတော်တော်များများကတော့ လေ့လာမှု့အရမ်းကို
အားနည်းနေကြတယ်။ တကယ်ရှာဖွေလေ့လာမယ်ဆိုရင် ဖုန်းလေးတလုံးနဲ့ ဘဝတခုကို ပြော င်းလည်းနိုင်ပါတယ်။
ကိုယ်ဝါသနာပါတာ ကိုယ်သိချင်တာမှန်သမျှ Google မှာရှာလိုက်ပါ အားလုံးလိုလိုရှိပါတယ်။ အရမ်းကိုကောင်းပါတယ်။
ကိုယ်ရဲ့ရည်ရွယ်ချက် ဦးတည်ချက် သာ မှန်ပါစေ အချိန်ခဏလေးအတွင်းမှာ အများကြီးအကျိုးရှိလာမှာပါ။
အခုခေတ်ကြီးကလည်း ဖုန်းမရှိရင် ဘဝကြီးကအလကားဖြစ်နေသလို အထီးကျန်နေသလိုပါပဲ။ လူတိုင်း နေရာတိုင်း
အချိန်တိုင်းလိုလို ဖုန်းကိုပဲ ပွတ်နေကြတာတွေ့ရတယ်။ သိသူနားလည်သူတွေအတွက်ကတော့ အရမ်းကိုအဆင်ပြေကြတယ်။
ဖုန်းလေးနဲ့စီးပွားရှာကြတယ်။ တချို့ကြတော့လည်း ဖုန်ကိုင်ပြီး gameဆော့ အချိန်ဖြုန်း ကိုယ့်အတွက်အကျိုးမရှိနဲ့ အချိန်ကုန်
လူပန်း ငွေကုန်ဖြစ်နေကြသူလည်းအများကြီးပါ။ များများတွေပြီး များများစဉ်းစားဖို အချိန်တန်ပါပြီ။ ကိုယ့်ဘဝကိုတိုးတက်
အောင်မြင်ဖို့ ရည်ရွယ်ချက် ရည်းမှန်းချက်လေးတွေထားကြပါ။ အလကားဖြစ်သွားတဲ့အချိန်တွေက အရမ်းနှမျောဖို့ကောင်းပါတယ်။
အရွယ်လေးလည်းရှိ အချိန်လေးလည်းရှိတုန်း ကြိုးစားပြီးတိုးပွားအောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အွန်လိုင်းပေါ်မှာပဲ
ကိုယ်သင်ယူချင်တာတွေလည်း အများကြီးရှိနေပါပြီ။ ကြိုးစားပြီး သင်ယူဖို့ပဲလိုပါတယ်။ အသက်အရွယ်မရွေး အချိန်မရွေး
သင်ယူလို့ရနိုင်တဲ့နေရာတွေ အများကြီးရှိနေပါပြီ။ ကျွန်တော်လည်းရှာဖွေ လေ့လာသင်ယူနေဆဲပါပဲ။
ကိုယ့်ရဲ့တနေ့တာအချိန်အပြီးမှာ ဒီနေ့ငါ့အတွက် အကျိုးရှိတာဘာတွေလုပ်ခဲ့လည်း ဆိုတာစဉ်းစားတဲ့အကျင့်လေးလုပ်ပြီး
မှတ်တမ်းပြုထားရင် မကောင်းဘူးလား။ သူများရဲ့အလုပ်ကိုလုပ်နေပေမဲ့ အားတဲ့ နားတဲ့အချိန်လေးတွေမှာ
ဖုန်းလေးနဲ့ လိုချင်တာတွေရှာဖွေတာပဲဖြစ်ဖြစ် တခုခုကို သင်ယူတာပဲဖြစ်ဖြစ်လုပ် နိုင်ရင် ကိုယ့်အတွက် အများကြီးတိုးတက်
ပြောင်းလည်းလာနိုင်မှာပါ။ ရှာဖွေစ သင်ယူစအချိန်မှာတော့ အနည်းငယ် အခက်အခဲတော့ ရှိနိုင်တာပေါ့။ ဒါပေမဲ့ ရတဲ့အချိန်လေးကို
ကြိုးစားပြီးလုပ်ကြည့်ပါ။ တချိန်ချိန်မှာ အောင်မြင်လာမှာပါ။ ဇွဲရှိဖို့တော့ လိုတာပေါ့။
နောက်မှဆက်ရေးဦးမယ်။ စာဖတ်သူစာပေချစ်သူများကျန်းမာကြပါစေ။
ခရီးသွားအတွေးစာစု

No comments:
Post a Comment