"မင်္ဂလာပါ" ချစ်သောစာဖတ်ပရိတ်သတ်များ နှစ်သစ်မှာမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
နိုင်ကြပါစေ။ နှစ်တွေလည်း အလီလီပြောင်းခဲ့တာ အခုဆို ၁၃၈၁ ခုထဲတောင်ရောက်လာပြီ။ နှစ်သစ်ကူးတိုင်း လူတိုင်းကတော့
ပျော်နေကြတာ ဝမ်းသာစရာပါပဲ ဒါပေမဲ့ နှစ်သစ်မှာ ဘာလုပ်သင့်လည်း ဘယ်လိုပြောင်းလည်းအောင် လုပ်ဆောင်ကြမလည်း
ဆိုတဲ့ အကြောင်းအရာလေးတွေ တွေးတောကြသူ နည်းပါးလိမ့်မယ်ထင်ပါတယ်။ နှစ်သစ်နှစ်ကူးအစမှာ တော့လူတိုင်းလူတိုင်းရဲ့
စိတ်တွေကတော့ အရမ်းကိုမြူးထူး နေကြတာ ပီတိဖြစ်စရာပါ။ နှစ်တွေပြောင်းတိုင်း လူတွေရဲ့ စိတ်ဓာတ်လေးတွေလည်း ပြုပင်
ပြောင်းလည်းနိုင်ကြ မယ်ဆိုရင် အရမ်းကောင်းမှာပဲ။ နှစ်သစ်မှာ ပြောင်းလည်းပြီးနေထိုင်သွားကြတဲ့ လူတွေရှိကြသလို
ပိုပြီးဆိုးမိုက်လာကြတဲ့ သူတွေလည်းရှိကြပါတယ်။ အဲဒီအထဲမှာ ကိုယ်တိုင်မပါဝင်မိဖို့ နဲ့ကိုယ်တိုင်မလုပ်ဆောင်ဖို့က
အရေးအကြီးဆုံးပါ။ လူမိုက်၊ လူလိမ်မာ ဆိုတာကတော့ အမြဲဒွန်တွဲနေတာပါ။ အချစ် နဲ့ အမုန်းလိုပါပဲ။
အသိပညာ ဗဟုသုတကြွယ်ဝအောင် လေ့လာနိုင်ကြမယ်ဆိုရင် စဉ်းစားတွေးခေါ်တက်ပြီး အမှားနဲ့အမှန်
ဆိုတာခွဲခြားတက်လာကြမှာပါ။ အသိပညာဗဟုသုတ မကြွယ်ဝသ၍ အမှားနဲ့အမှန်ခွဲခြားတက်ဖို့ ဆိုတာလွယ်မယ်မထင်ပါဘူး။
ဒါကြောင့်အသိပညာဗဟုသုတ ကြွယ်ဝဖို့အတွက် စာများများဖတ်ကြဖို့တိုက်ထွန်းချင်ပါတယ်။ စာဖတ်ပျင်းနေလို့တော့ မဖြစ်ပါဘူး။
တနေ့နဲနဲ ဖြစ်ဖြစ်ဖတ်နိုင်အောင် ကြိုးစားကြည့်ပါ။ ပြီးတော့ စာဖတ်ချိန်လေးပုံမှန်ဖတ်ဖြစ်အောင်လေ့ကျင့်ယူပါ။ အဲဒီလို
အကျင့်လေးရလာရင် တဖြေးဖြေးတိုးတက်ပြောင်းလဲလာမှာအသေအချာပါ။ စာဖတ်တိုင်းလည်း စဉ်းစားဖို့လိုမယ်ထင်တယ်။
ဘာလည်းဆိုတော့ ကိုယ်ဖတ်မဲ့စာအုတ်က ဘာအကြောင်းအရာတွေလည်း ကိုယ်တိုင်ကလည်း ဘာအကြောင်းအရာကို
သိချင်တာလည်း စသဖြင့်ကိုယ်ဝါသနာပါတာလေးတွေ ကိုယ်စိတ်ဓာတ်တွေ ခွန်အားပေးတဲ့စာ လေးတွေရှာဖွေပြီးဖတ်စေချင်ပါတယ်
ကောင်းတဲ့စာတွေရှိသလို မကောင်းတဲ့စာတွေကလည်း အများကြီးရှိလို့ပြောရတာပါ။ ကိုယ့်အတွက် အများအတွက် အကျိုးရှိမဲ့
စာပေလေးတွေနဲ့ပဲ နှစ်သစ်မှာ စိတ်သစ်လူသစ် စာအုပ်အသစ်လေးတွေနဲ့ အသိပညာ ဗဟုသုတမျိုးစုံကို ရှာဖွေကြပါလို့
တိုက်တွန်းချင်ပါတယ်။ စာရေးသူက စာရေးဆရာတစ်ယောက် မဟုတ်တဲ့အတွက် အရေးအသားတွေက အစီအစဉ်မကျ
ဖတ်ရတာစိတ်ပျက်သွားရင် တောင်းပန်ပါတယ်။
ကျွန်တော့်ရဲ့စာလေးတွေကို့ အချိန်ပေးပြီး ဖတ်ပေးတဲ့ စာဖတ်သူအားလုံး အများကြီးကျေးဇူးတင်ပါတယ်။
ကျွန်တော်က စာရေးရတာ ဝါသနာပါ တာထက် ကိုယ်သိသလောက်လေး မသိသေးတဲ့လူတွေကို သိစေချင်တဲ့စိတ်က
အလိုလိုဖြစ်ပေါ်နေတော့ ကိုယ်တက်သလောက် မှတ်သလောက် ဒီ blog လေးကိုရေးဖြစ်ခဲ့တာပါ။
ကဲ နှစ်သစ်အကြောင်းလေးပြန်စဦးမယ်၊ စာဖတ်တဲ့အကျင့်ရပြီဆိုရင် စာမဖတ်ခင်က အချိန်ဖြုန်းခဲ့တာလေးတွေကို
နှမျှောမိမယ်ထင်ပါတယ်။ စာဖတ်တဲ့အလုပ်က ကြီးသည် ငယ်သည် မရှိပါဘူး။ ကြိုက်တဲ့အချိန်ဖတ် ကြိုက်တဲ့အချိန်လေ့လာပါ။
တကယ်စာဖတ်လာပြီဆိုရင် ဖုန်းသုံးတာတွေလည်းလျော့လာမယ်၊ အဓိပ္ပာယ်မရှိလုပ်နေတာလေးတွေလည်းလျော့သွားနိုင်ပါတယ်။
စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးက ကိုယ်ဘဝတစ်ခုကို မယုံနိုင်အောင် ပြောင်းလည်းပေးတက်ပါတယ်။ ဒါကြောင့် မကောင်းတဲ့
စာပေတွေကလွဲလို့ ဘာစာပဲဖြစ်ဖြစ် ဖတ်ပါ။ စာဖတ်အားများလာရင် နောက်ပိုင်း ဘယ်လိုစာတွေဖတ်သင့်သလဲ ဆိုတာ
ခွဲခြားတက်လာပါလိမ့်မယ်။ အခုခေတ်ကြီးက အရမ်းကိုတိုးတက်ပြောင်းလဲနေပါပြီ။ ဘာပဲလုပ်ချင်လုပ်ချင် ဖုန်းလေးတလုံးနဲ့
အကုန်လုပ်လို့ရနေပါပြီ။ ဒါပေမဲ့ တချို့လူများကတော့ နားမလည်ကြသေးတာတွေ့ရပါတယ်။ ကြိုးစားလေ့လာ ကြည့်ပါ
အရမ်းကိုအဆင်ပြေပါတယ်။ အချိန်ကုန်သက်သာတယ်။ ဖုန်းတလုံးကို ကျွမ်းကျင်အောင် သုံးတက်ဖို့လေ့လာကြပါ။
အလကားအချိန်ကုန် ဘေကုန်တဲ့ အလုပ်လေးတွေလျော့ပြီး လေ့လာကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
နှစ်သစ်မှာ ပျော်ရွှ င်ချမ်းမြေ့ကြပါစေ
ခရီးသွားအတွေးစာစု