"အားလုံးမင်္ဂလာပါ"
bloggerရီးသွားအတွေးစာစုကို အားပေးကြတဲ့ ဘလော့ခရီးသွားများအားလုံး
ကျန်းမာ ချမ်းသာကြပါစေ::ထာဝရအခက်အခဲမရှိ ဘလော့ခရီးကိုေ အာင်မြင်စွာ
လျှောက်လှမ်းနိုင်ကြပါစေ:::::
လူတိုင်းမှာ ဖုန်းတလုံးထဲရှိပေမဲ့ ဆင်းကဒ်ကတော့ အမျိုးမျိုးသုံးနေကြမယ်ထင်ပါတယ် ကျနော်လည်း
အမျိုးမျိုးကိုင်နေတာဆိုတော့ ဒါကလည်း မသိနားမလည်းလို့ပဲလို့ ကိုယ့်ကိုကိုယ်ထင်မိပါတယ်ဘာကြောင့်လဲ
ဆိုတော့ အသစ်အသစ်ပေါ်တိုင်း လူတိုင်းစိတ်ဝင်စားကြတာကို အဲမှာ မှားတာပဲလို့ထင်တယ် ဘာဖြစ်လို့
လည်းဆိုတော့ ကိုယ်သုံးနေတဲ့ဟာကို အကောင်မမြင် အသစ်ပေါ်တာလေးမှအဟုတ်ထင် ဆိုတော့
ဟိုဟာလေးကပိုကောင်းမယ် ဒီဟာလေးက ပိုပီးကောင်းမယ်လို့ထင်ပီး
ကိုယ်သုံးနေကျ ဟာလေးကို ပစ်ထား ပိုက်ဆံကုန်ခံပီးအသစ်ဝယ် 1500 လောက်ဆိုတော့ တန်ဖိုးမရှိဘူးလို့
ထင်ပီး တခုပျက်လည်းဂရုမစိုက် နှစ်ပျက်လည်းဂရုမစိုက် နေကြတာ တကယ်စဉ်းစားကြည့်စေချင်ပါတယ်
1500 ဆိုတာလဲ အလကားရတာမှမဟုတ်ပဲ သာမန်လူတွေရဲ့တနေ့ဝင်ငွေနဲ့ တနေ့အသုံးစရိတ်ကို
အလေးထားပီးတွက်ကြည့်ကြစေချင်ပါတယ် ကျနော်ကြားဖူးတာလေးပါ "လူတော်တော်များများ မှာ -ချမ်းသာ
တဲ့ဒဏ် မခံနိုင်ကြဘူးတဲ့ "ဟုတ်မယ်ထင်ပါတယ် ဟုတ်လည်းဟုတ်ပါတယ် သာမန်လူတွေဟာ လက်ထဲမှာ
သိန်းဂဏန်း အထိပိုလာပီဆိုရင် Beerဆိုင်လေး KTV လေးတို့ ဘာညာဘာညာနေရာတို့ ဖြုန်းတီးပစ်ကြတယ်
သုံးဖြုန်းပစ်နေတဲ့အချိန် မှာတော့ ပျော်နေကြတာပါပဲ တကယ်အခက်ခဲဖြစ်လာချိန်မှာဆို လက်ထဲမှာ ငွေက
မရှိ ဘယ်သွားရှာလို့ရှာရမှန်းမသိ တချို့လူတွေဘဝပျက်တာ ဒီကစမယ်ထင်ပါတယ် သိပ်အရှည်ကြီးမပြော
ချင်တော့ပါဘူး နောက်လည်းရေးအုံးမှာကိုး ဟဲဟဲ--ပြောချင်တာက ဒီလိုပါ ကိုယ်သုံးနေတဲ့ပစ္စည်းတခုကို
ကျွမ်းကျင်ပိုင်နိုင်အောင်လည်းမလေ့လာ ကိုယ်သုံးနေတဲ့ပစ္စည်းတောင် နားမလည်သေးပဲ နောက်တမျိုးပြောင်း
ဖို့စဉ်းစားကြတာကို ကျနော်နားမလည်ဘူးဗျ ကိုယ်ကဒီပစ္စည်းမကောင်းလို့မကိုင်ပေမဲ့ သူများတွေက ဘာလို့
ကိုင်တာလည်း ဒါကြောင့် အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတာပါ ကိုယ်တိုင်ကလည်း သေချာသုံးသပ်ပီး
မှ ကောင်းတယ်မကောင်းဘူးဆိုတာ ခွဲခြားစေချင်ပါတယ် ကိုယ်ကမကောင်းဘူး အော်နေပေမဲ့ သုံးတဲ့သူကြ
သုံးနေကြတာပါပဲ စဉ်းတော့စဉ်းစားစရာပဲဗျ ::::::::::အဲဒါဘယ်လိုမြင်ကြမလည်းဗျာ- မကောင်းဘူးဆိုတဲ့အရာ
ကို ဆုံးဖြတ်တာ ဘာကြောင့်လည်း ဘလိုလည်း သူများတွေသုံးနေပီး ကိုယ်ကြ ဘာလို့အဆင်မပြေတာလဲ
ကိုယ်သုံးနေတဲ့အရာတခုကို ကိုယ်တိုင်ကရောနားလည်ပီလား အစအဆုံးပြန်သုံးသပ်ကြည့်ပီးပီလား
တကယ်မကောင်းဘူးလိုယူဆရင် အများကိုလည်းမကောင်းတာကို အသုံးမပြုဖို့ ဝေငှကုသိုလ် ယူရမှာပေါ့
အများအပေါ်ကို စေတနာမေတ္တာထားမယ်ဆိုရင်ပေါ့ဗျာ ::မကောင်းပါဘူးဗြို့လို့ တယောက်ထဲအော်နေလဲ
ဘာထူးလာမှာလဲ ကိုယ်မသုံးချင်ရင်ခေါက်ထားလိုက် အသစ်သုံးပေါ့ ငွေကုန် ဘေကုန် သိက္ခာကျခံပီး
အော်နေစရာမလိုပါဘူး ::::::::တိတ်တိတ်ကလေးသာ ဆန္ဒပြနေလိုက်ပါ :::အရမ်းအေးချမ်းတယ်
ဘလော့ခရီးသွားအားလုံးပျော်ရွှင်ကြပါစေ::::
မည်သူ့မည်သူ့ကိုမျှမရည်ရွယ်ပါ bloggerခရီးသွားအတွေးစာစု ပါ
bloggerခရီးသွားအတွေးစာစု
No comments:
Post a Comment