အချိန်ကို အကျိုးရှိအောင်အသုံးချတက်မယ်ကြမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာ လူညံ့ လူမိုက်ဆိုတာတွေ
ရှားပါးလိမ်မယ်ထင်ပါတယ် တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်ဆိုတာမှန်ပါတယ် လုပ်ချင်ပေမဲ့ နားမလည်
နားလည်သူကလည်း ဆက်ပီးတိုးတက်အောင် မကြိုးစား အဲဒါမျိုးတွေကသဘာဝကြီး လိုဖြစ်နေတာလားမသိ
ဒါကြောင့် လုပ်ချင်ပေမဲ့ နားမလည်လို့လည်း ဘာမှအားငယ်စရာမလို သလို နားလည်ပီးသူကလည်း
ဆက်ပီးလေ့လာ မသိနားမလည်သူလေးတွေကိုကို အမှန်အကန် နည်းလမ်းပြပေးကြမယ် ဆိုရင်
လောကကြီး ဘယ်လောက်စိုပြေလိုက်မလဲ ဒါမဲ့ နည်းလမ်းပြပေး နေကြတဲ့ ဆရာသမားတွေလည်း
အများကြီးရှိနေပါတယ် ဒါလည်းလေ့လာမှ သိမှာကိုး ပိုက်ဆံကုန်ပီး သင်တန်းတက်မှ ဆရာတွေ့တာမှ
မဟုတ်ပဲ သင်းတန်းမတက်လည်း ယူတက် လေ့လာတက်မယ်ဆိုရင် မြင်ဆရာ ကြားဆရာတွေ အများကြီး
ကိုယ်အနီးအနားလေး မှာပါပဲ လူတွေ့ကမေ့နေကြလိုပါ အခုခေတ်ဆို ပိုပေါတာပေါ့ ဒါကြောင့်
"အလှအတွက် မှန်ကြည့်သလို ဘဝအတွက် စာလည်းကြည့်အုံး "တဲ့ ဒီစကားလေးကိုတော့ တော်တော်
များများသိကြပေမဲ့ အလေးအနက်မထားကြသူတွေ များမယ်ထင်ပါတယ် ကြားဖူးကြတော့ ပါးစပ်ကလေးက
အလွယ်လေးပြောဆိုကြတာပါပဲ တကယ်တန်းကြ အလှအတွက်မှန်ကြည့်သူသာ များတယ် ဘဝအတွက်
စာကြည့်သူကရှားတယ် ဟိုတချိန်တုန်းက ကိုယ်တိုင်လည်းပြောခဲ့ဘူးပါတယ် အလှအတွက်မှန်ကြည့်သလို
ဘဝအတွက်စာကြည့်ရအုံးမယ်ဆိုတဲ့စကား ဒါမဲ့ လက်တွေ့ကြ ဖြစ်မလာခဲ့ဘူး အဲဘာကြောင့်လည်း
အဲစကားရဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက် မတွေးကြလို့ပဲထင်ပါတယ် တကယ်ကိုတန်ဖိုးရှိတဲ့ စကား
လေးတွေပါပဲ နောက်ပီး အင်္ဂလိပ် လိုတွေနဲ့ ရေးထားတာပါဆိုပီး လက်လျော့သွားသူတွေလည်း အများကြီး
နေမှာနော် ဘာမှအားမငယ်ပါနဲ့ အနီးကပ်သင်ပေးနေတဲ့ ဘာသာပြန်စာအုပ်ကြီးတွေ ရှိနေတာပဲ
ကိုယ်တိုင်ကလည်းစူးစမ်းလေ့လာ စိတ်ပါဖို့တော့ လိုတာပေါ့နော ငါသိချင်တာ ငါတက်ချင်တာဆိုပီး
ပါးစပ်က ရွတ်နေရုံနဲ့မပီးဘူးမို့လား ဘာပဲဖြစ်ဖြစ် လေ့လာကြပါဗျာ အချိန်တိုအတွင်းမှာ တိုးတက်ပြောင်းလဲ
မှုတွေ ရှိလာမှာပါ ဇွဲရှိဖို့တော့ လိုမယ်နော !
လူတိုင်းမှာတော့ ကိုယ်စီကိုယ်စီ အတွေးလေးတွေတော့ ရှိကြမှာပါနော
bloggerခရီးသွားအတွေးစာစုက သိလိုတက်လို့ ဆရာကြီးလုပ်ပီး ရေးတာမဟုတ်ပါဘူး
ကိုယ်လိုမှ မသိသေးသူတွေအတွက်ရည်ရွယ်တာပါ
မည်သူ့ကိုမဆို တိုးတက်စေချင်တဲ့စိတ်နဲ့ ရင်ဖွင်တာပါ
တိုက်ဆိုင်မှု့ရှိရင်နားလည်ပေးကြပါလို့::::::::
bloggerခရီးသွားအတွေးစာစု
No comments:
Post a Comment