"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
Bloggerခရီးသွားမိတ်ဆွေတို့ ဘဝကြီးကိုအခက်အခဲမရှိ ဖြတ်သန်းနိုင်ကြပါစေ
ကျနော်တို့တွေ လူရယ်လို့ဖြစ်လာကတည်းက ဘာပညာမှ မတက်ခဲ့ကြပါဘူး အခုလို နည်းပညာတွေလည်း
သူ့အလိုလိုတက်ခဲ့ကြတာမဟုတ်ပါဘူး အရွယ်ရောက်လာမှ သင်ယူကြရလေ့လာကြရတာပါ ကိုယ်လုပ်မှ
ဖြစ်မှာနော် ကိုယ်တိုင်ကမလုပ်ပဲ မလေ့လာပဲနဲ့တော့ သူများသိတာတက်တာတွေကြည့်ပြီး ငါလည်းသိချင်
တက်ချင်လိုက်တာဆိုပြီး ပြောနေယုံနဲ့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး
ကိုယ်သိချင်တက်ချင်တာတွေကို အခုချက်ချင်းထလုပ်မှသာ ပိုပြီးအာရုံရလာမယ် ဆက်ပီးလေ့လာချင်
စိတ်ဖြစ်လာမှာပေါ့ ကျနော်ငယ်ငယ်ကကြားဖူးတဲ့ စကားရှိတယ် ဒီကောင်ပညာသင်နေလည်း တက်မဲ့
ကောင်မဟုတ်ပါဘူးကွာ တဲ့ဟုတ်ပါတယ် တကယ်ပညာလိုချင် ပညာတက်ချင်စိတ်မရှိတဲ့သူတွေ အတွက်
ပြောတာပါ တချို့လူတွေက ဘာပညာပဲသင်သင် တကယ်လိုချင်စိတ်ဖြစ်ချင်စိတ်တွေ မှမရှိဘဲ သူတို့ဘဝ
လေးတွေက စလိုက်နောက်လိုက် ရှုပ်လိုက်ပွေလိုက်နဲ့ အဲလိုလေးတွေနေရတာကို ဟုတ်လှပြီထင်နေကြတာ
အချိန်တွေလည်းလွန် အိမ်ထောင်တွေလည်းပြု ကြ နောက်ဆုံးဘာဖြစ်လာလည်း ဆင်းရဲရင်းဆင်းရဲ
နေကြရတယ် သံယောဇဉ်တွေ ကအများကြီးဖြစ်လာကြတော့ပိုဆိုးကုန်ကြတာပေါ့ သူတို့လေးတွေနဲ့အတူ
နေခဲ့ကြတဲ့ တချို့လူတွေကတော့ ပညာကိုစိတ်ဝင်တစားနဲ့ သင်ယူခဲ့ကြတော့ okမှစိုပြေနေကြတာပေါ့
ပညာတက်တိုင်းပညာတက်မှချမ်းသာတာတော့မဟုတ်ပါဘူး ပင်ပန်းဆင်းရဲ့စွာမ လုပ်ရတာတော့
သေချာတာပေါ့ အခုခေတ်ကြည့်ကြည့်ပေါ့ ပညာတက်တဲ့သူတွေ ဘယ်လိုတွေနေပြီးအလုပ်လုပ်နေကြတယ်
ပညာမတက်တဲ့သူတွေ ကော ဘယ်လိုတွေနေပြီး အလုပ်လုပ်နေကြရတယ်ဆိုတာ လူတိုင်မြင်တွေ့နိုင်ကြ
ပါတယ် အထင်သေးလို့နှိမ်ပီးပြောတာတော့မဟုတ်ပါဘူး ကျနော်လည်းပညာတက်ကြီး မဟုတ်ပါဘူး
ဘဝကြီးက ပေးနေတဲ့ သင်ခန်းစာတွေ ရှာဖွေလေ့လာ ဆည်းပူးနေဆဲ လူတယောက်ပါပဲ ပြီးတော့ချမ်းသာ
နေတဲ့လူလည်း မဟုတ်ပါဘူး ကိုယ်ရဲ့ အတွေးအမြင်လေးတွေကို ဘာမသိညာမသိသေးသူတွေလည်း
တွေးခေါ် တက်စေဖို့ရည်ရွယ်ချက်နဲ့ပါ နည်းနည်းသိလည်း ပင်းပန်းဆင်းရဲမှု့တွေ နည်းနည်းတော့လျော့
မယ်ထင်ပါတယ် ဒါကြောင့် ကိုယ်ဘာပဲသင်သင် ဘာပဲလုပ်လုပ် စိတ်ဝင်တစား ရှိဖို့ စေတနာပါဖို့ အဓိကပါပဲ
တချို့လူတွေပြောကြတယ် ငါကံကိုမကောင်းပါဘူးကွာတဲ့ တကယ်တော့ ကံဆိုတာက အလုပ်ပါပဲ
စေတနာကောင်းရင်ကံကောင်းမှာပဲ ကျနော်ကတော့ယုံကြည်တယ် ကိုယ်လုပ်တဲ့အလုပ်က စေတနာမပါရင်
တော့ ကံက သူအလိုလို ဆုတ်နေမှာပါပဲ အသေးအမွှားလေးကအစစေတနာထားပါ တချိန်ချိန်မှာကိုယ်ထား
ခဲ့တဲ့ စေတနာရဲ့အကျိုးကျေးဇူးက မလွှဲမတွေ ရောက်လာမှာပါ
လူတိုင်းပါးစပ်ကတော့ ပြောနေကြတယ် သိနေကြတာပါ တကယ်လက်တွေ့လုပ်နေကြသူ
တွေကနည်းပါသေးတယ် ဒါကြောင့် တချို့ကပြောတာပေါ့ စေတနာကလူတိုင်းနဲ့မတန်ဘူးတဲ့
ဟုတ်ပါတယ် သေချာစဉ်းစားကြည့်ပါ လူတိုင်းကစေတနာ နဲ့မတန်ဘူးလို့ပြောကြတာဟာ မသိတဲ့သူတွေက
နည်းပါတယ် လူရင်းမိတ်ဆွေရင်း ဆွေမျိုးရင်းတွေပဲ ဖြစ်ကြတာ များတယ်ထင်တာပဲ မွေးချင်း၂စိတ်ဝမ်းကွဲ
မိတ်ဆွေချင်း၂စိတ်ဝမ်းကွဲနေကြတာ အမြဲတွေ့နေရတယ် မိတ်ဆွေတို့ပတ်ဝန်းကျင်မှာလည်း
တွေ့ဘူးကြမှာပါ ဒါကြောင့် လူဘဝကြီးနေရတဲ့ ခဏလေးမှာ အတက်နိုင်ဆုံး ကိုယ်ကိုယ်တိုင်ကပဲ ယုံကြည်
မှု့ရှိအောင် အတွေးအခေါ်တွေ စဉ်းစားတက်အောင် စာအုပ်စာပေတွေ လေ့လာပြီး ကိုယ်သိတာလေးတွေ
လည်းဝေငှပေးနိုင်ကြမယ်ဆိုရင် မိတ်ဆွေတို့ စဉ်းစားတက်ကြမှာပါ!!!!!!"!
komyoခရီးသွားအတွေးစာစု

No comments:
Post a Comment