"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
ကျနော်တွေ့ကြုံထိတွေ့နေတဲ့ပတ်ဝန်းကျင်လေးက လူတွေအကြောင်းတွေးမိတာလေးပါ
သဘာဝပဲလား သနားစရာပဲလားဆိုတာ သူတို့ရဲ့နေထိုင်လုပ်ကိုင်နေမှု့တွေကဝေခွဲမရပေမဲ့
တကယ်လက်တွေ့မေးမြန်းကြည့်တော့ ဘာမှမသိနားမလည်ကြသေးတာတွေ အများကြီးတွေ့ရတယ်
ကျနော်က သိလို့တက်လို့ နားလည်လို့ဆရာကြီးလုပ်ချင်လို့ ဝေဖန်ပြောနေတာ မဟုတ်ပါဘူး
လူတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတာပါ သူတို့တွေကိုအပြစ်မြင်လို့လည်းမဖြစ် ဘာဖြစ်လို့လည်း
ဆိုတော့ ဘာကိုလေ့လာရမှန်းမသိ ကိုယ့်ကိုကိုယ် ဘာလိုချင်မှန်းမသိ ကိုယ်လုပ်နေတာဘာတွေလည်း
ဘာအတွက်လည်းဆိုတာတောင်မသိ မစဉ်းစားမိကြ နားမလည်ပဲ သူများလုပ်တာကိုင်တွေကိုမြင်ပြီး
လိုက်လုပ် သူများအထင်ကြီးမှ ကျေနပ်ပီတိဖြစ်ချင်ကြသူတွေ စုံလို့ပါပဲ တကယ်တွေ့နေရလို့ပါ
ကိုယ်တိုင်လေ့လာဖို့ဆိုတော့လည်း နည်းလမ်းတွေကမသိ ဒါပေမဲ့သိအောင်လည်း မလေ့လာကြ
အဲတော့အသိဥာဏ်တိုးတက်မှု့ ဗဟုသုတတွေ ဘယ်လိုလာပြီးပြည့်စုံတော့မလည်း ဒါကြောင့်
ကိုယ်လုပ်နေတဲ့အရာ ကိုယ်လေ့လာနေတဲ့အကြောင်း လေးတွေကိုတော့ဘာအတွက်လည်းဆိုတာ
သိဖို့တော့လိုမယ်ထင်ပါတယ် ကျနော်အရင်ကရေးခဲ့ဖူးပါတယ် ဖုန်းလေးတလုံး ကဘဝကြီးတခုကို
အများကြီးပြောင်းလည်းသွား နိုင်ပါတယ် လို့ အမြင့်ဆုံးအထိရောက်အောင် ပို့ဆောင်နိုင်သလို အနိမ့်ဆုံး
အထိလည်း ရောက်သွားနိုင်တာ ဒီဖုန်းလေးတလုံးပါပဲ ဒါကြောင့်အင်တာနက်ဆိုတဲ့ ကမ္ဘာ့ရွာကြီးမှာ
ကောင်းတာတွေလည်းရှိသလို ဆိုတာတွေလည်း အများကြီးပါပဲ ဂရုစိုက်ပြီး ကိုယ်လက်လမ်းမှီတဲ့
အကြောင်းလေးတွေကစပြီး အကောင်းဆုံးလေးတွေကို ရှာဖွေလေ့လာကြပါလို့ ဖုန်းလေးတလုံးကိုင်
ကြသူတိုင်း အင်တာနက်ဆိုတာကိုတော့ သိသိမသိသိ ဖွင့်ကြမှာပါပဲ ဘာအတွက်လည်း facebook
VIDEO စသဖြင့်ကြည့်ကြမယ် chat ကြမယ် တင်ကြမယ် မြင်ကြတယ် အမြင်မကြည်လင်တော့
ဆဲကြမယ်ဆိုကြမယ် အမျိုးမျိုးအသုံးပြုနေကြတာပါပဲ အဲဒီလိုအချိန်ကုန်ဘေကုန် နေမဲ့အတူ အကျိုးရှိမဲ့
အကြောင်းအရာလေးတခုခု ရှာဖွေပြီးဖတ်လိုက်မယ်ဆိုရင် ကိုယ့်အတွက်တဒေါင့်တနေရာကနေ
တော့အကြိုးပြုမှာပါ စာတိုပေတိုလေးတွေ ရှာဖွေပြီးဖတ်လိုက်တာက အချိန်ကုန်ဘေကုန်ရကျိုးနပ်မယ်
ထင်ပါတယ် စာများများဖတ် များများတွေးပြီး နည်းနည်းပြောတာက ကိုယ့်ရဲ့ဘဝလေးသာယာအေးချမ်း
သွားနိုင်ပါတယ် ဖုန်းလေးတလုံးက ကိုယ့်ရဲ့မျက်စိလိုပါပဲ ဒါကြောင့်ဖုန်းလေးတွေကိုင်ပြီးနေကြတဲ့
သာမှန်ဘာမှမသိသေးတဲ့ မိတ်ဆွေလေးများအတွက် အတွေးအခေါ် ဗဟုသုတတိုးပွားကြပါစေ
မည်သူ့ကိုမှရည်ရွယ်ရေးချင်းမဟုတ်ပါ ခရီးသွားအတွေးစာစု အတွေးလေးတွေပါပဲ
တိုက်ဆိုင်မှု့ရှိကြရင် နားလည်းပေးကြပါ
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment