"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
" လူဆိုတာ လောဘများလာရင် အရှက်မဲ့လာတယ်
ဒေါသ များလာရင် အသိမဲ့လာတယ်
မောဟများလာရင် အမှန်တရားနဲ့ဝေးကွာသွားကြတာပါပဲ
အသိကိုသတိနဲ့ကပ်နိုင်တဲ့သူဟာ
ပညာရှိပါပဲ "လို့ ဆရာတော်ကြီးတပါး မိန့်ကြားထားတာရှိတယ် ကိုယ်တိုင်စဉ်းစားသုံးသပ်ကြည့်
ကြပေါ့ဗျာ ဒါတွေကလည်းလေ့လာမှသိမှာကိုးဗျ
"ယုံကြည်မှု့ကိုတည်ဆောက်ဖို့ နှစ်အများကြီးလိုတယ်
ဖျက်ဆီးဖို့က စက္ကန့်ပိုင်းပဲလိုတယ် ပြုပြင်ဖို့က
ထာဝရလိုတယ်"တဲ့ စာတိုလေးတပုဒ်ဖတ်ဖူးခဲ့တယ် တကယ်တော့လူတိုင်းကတော့ သိနေကြပါတယ်
ဖော်ထုတ်ဖို့ ကြ မရှိကြဘူး သူများပြောပြပြီးမှ သူများရေးထားပြီးမှ " ဟာမှန်လိုက်တာ ဟုတ်တယ်ဟလို့"
ပြောကြသူတွေက အများကြီးပါပဲ တကယ်တော့ သိပြီးသားတွေပါပဲ စဉ်းစားဖို့အတွေးအခေါ်ကို မရှိကြ
သလိုဖြစ်နေတာပါ ဘာပဲလုပ်လုပ် စဉ်စားတွေးခေါ်တက်တဲ့အကျင့်လေးတွေ ကိုယ်ဆီရှိကြမယ်ဆိုရင်
ကျနော်တို့နိုင်ငံကြီး လည်းနောက်ကျကျန်ခံမှာ မဟုတ်ပါဘူး အခုတော့ မသိသူ နားမလည်သူတွေကများ
သိသူ နာလည်းသူတွေက ရှားနေတော့ တိုးတက်ဖွင့်ဖြိုးဖို့ဆိုတာ အဝေးကြီးနေအုံးမှာပါ နေရာတိုင်းမှာ
မီးတွေလည်းရ လမ်းတွေလည်းပေါက်တယ်ဆိုပေမဲ့ အကျိုးရှိအောင် အသုံးချတက်တဲ့သူက ရှားပါတယ်
အကျိုးရှိအောင် အသုံးချစေချင်လို့ အစစအရာရာ ပြည့်စုံအောင် လုပ်ပေးတာတွေ တချို့နေရာတွေမှာ
ရှိပေမဲ့ ဘယ်လိုအသုံးပြုရမယ်ဆိုတာ နားမလည်ကြတော့ တချို့လူတွေက အပိုအလုပ်တွေလို့တောင်
ထင်မှားနေကြတာလည်း ရှိကြတာပါပဲ ကိုယ်ရဲ့အားနည်းချက်လိုအပ်ချက်တွေကို ပြန်စမ်းစစ်မကြည့်ပဲ
ပြောချင်တာပြော ဆိုချင်တာဆို လုပ်ချင်တာတွေ လုပ်နေကြတာ တွေ့ဖူးကြုံ ဖူးကြမှာပါ ဒါကလည်း
တကယ်တော့ စဉ်းစားတွေးခေါ်မှု့မရင်ကြတ်ကြသေးလိုပါ စဉ်းစားတွေခေါ်မှု့ရင်ကြတ်ကြသူတွေ
လျှောက်နေကြတဲလမ်းတွေမှာ အခက်အခဲဆိုတာ နည်းပါတယ် အောင်မြင်မှု့တွေ့နဲ့ကြုံ တွေ့နေ
ကြတာပါ ပဲ အရေးအကြီးဆုံးက စဉ်းစားတွေးခေါ်ဖို့ ပါပဲ လူတိုင်းမှာစဉ်းစားတွေးခေါ်မှု့တွေ
ကိုယ်ဆီကိုယ်ဆီ ရှိကြမယ်ဆိုရင် စာဖတ်သူတို့ စဉ်းစာကြည့်ပေါ့ဗျာ
ခရီးသွားအတွေးစာစုက မည်သူကိုမှ ရည်ရွယ်ပြီးရေးခြင်း မဟုတ်ပါဘူး
အတွေးကမ္ဘာထဲက အတွေးစားလေးတွေ စုစည်းတင်ပြခြင်းပါ
ထာဝရ အသိဥာဏ်များ တိုးတက်ကြပါစေ
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment