ုkomyo ခရီးသွားအတွေးစာစု

Saturday, 21 January 2017

စာများများဖတ်​နိုင်​မှ------

"မင်္ဂလာပါ " နှစ်​သစ်​မှာ စိတ်​သစ်​လူသစ်​နဲ့ ထာဝရ ​ပျော်​ရွှင်​​သော ​နေ့​လေး​တွေ ပိုင်​ဆိုင်​ နိုင်​ကြပါ​စေ

              ကိုယ်​လုပ်​ချင်​တာ ​တွေကို အမှန်​ကန်​ဆုံးနဲ့အလွယ်​တကူ မြန်​မြန်​ဆန်​ဆန်​ လုပ်​နိုင်​ဖို့

အတွက်​ဆိုရင်​ စာများများဖတ်​နိုင်​မှ အဆင်​​ပြေမယ်​ထင်​ပါတယ်​ website ​တော်​​တော်​များများကို

ကြည့်​မိပါတယ်​ တပိုင်းတစ​တွေနဲ့ ဖြစ်​သလိုပစ်​ထားကြတာ​တွေ့ရတယ်​ ဒါ​ပေမဲ့ တချို့ ဆို ရင်

post ​လေး​တွေက စိတ်​ဝင်​စားစရာပါပဲ ဘာဖြစ်​လို့ဆက်​မ​ရေးတင်​ကြတာလည်းလို့ ​တွေးမိပါတယ်

ပျင်းသွားကြတာလား နည်းပညာမလိုက်​နိုင်​ကြလို့လား ဒါမှမဟုတ်​ စမ်းကြည့်​ရုံပဲလား


တခြားတခုနဲ့ ​အောင်​မြင်​လို့ ထားခဲ့ကြတာလား တခု​တော့ တခု​ပေါ့ဗျာ တကယ်​​တော့

အောင်​မြင်​လို့ ထားခဲ့တာဆိုရင်​ ​တော့ အ​ကြောင်းမဟုတ်​ပါဘူး ကိုယ်​လုပ်​ချင်​တဲ့

အရာကို​တော့ ဇွဲရှိရှိနဲ့ အားစိုက်​​တွေး​တောကြံဆပြီး ကိုယ်​သိကိုယ်​တက်​သ​လောက်​​တော့

အောင်​မြင်​မှုမရ​တောင်​ အ​ကောင်းဆုံး​တော့ ဖြစ်​​အောင်​ကြိုးစားမယ်​ဆိုတဲ့စိတ်​​မွေးရင်​ ကိုပဲ

အောင်​မြင်​တဲ့လမ်း​ပေါ်ကို ​ရောက်​​နေပြီလို့ ထင်​ပါတယ်​ အခုလို​ရေး​ပြောတာကလည်း

ဘဝတူ bolgger သမား​​လေး​တွေ အခက်​အခဲမရှိ ဖြတ်​သန်း​စေချင်​တဲ့ ဆန္ဒနဲ့ပါ ဆရာလုပ်​တယ်​​တော့

မထင်​ပါနဲ့ ကျ​နော်​လည်း ​အောင်​မြင်​မှု့တခုကို လိုချင်​လွန်းလို့ အခက်​အခဲ​တွေကြားကကြိုးစား ​နေရသူ

တ​ယောက်​ပါ ဆရာကလည်းမရှိ စာ​ပေ​လေး​တွေပဲ ကြည့်​ပြီး ​ရှာ​ဖွေ​လေ့လာ​နေ ရတာပါ  ဒါ​ကြောင့်

စာအ​ရေးအသား​တွေက အစီအစဉ်​မကျ  ဗလဗွဖြစ်​ပြီး အား​ပေးသူ​တွေကို အ​နှောက်​အယှက်​ဖြစ်​ခဲ့ရင်

ခွင့်​လွှတ်​​ပေးပါလို့ ​တောင်းဆိုချင်​ပါတယ်​ ခရီးသွားအ​တွေးစာစုရဲ့ အ​ရေးအသား​လေး​တွေက

ဆရာကြီးအထာ​တွေနဲ့ ​ရေး​နေတာမဟုတ်​ပါဘူး  ဘာမှမသိ အ​တွေးအ​ခေါ်နဲနဲ နဲ့ထင်​ရာလုပ်​​နေသူ

လေး​တွေကို အ​ကောင်းဆုံး​လေး​​တွေးပြီး ရည်​မှန်းချက်​ပန်း​တိုင်​ကို အမြန်​​ရောက်​​စေချင်​တဲ့ဆန္ဒနဲ့ပါ

လူတိုင်းမှာ အ​တွေးထဲကအ​တွေး​လေး​တွေ  တိုးပွာနိုင်​မှသာ ​ခေတ်​မှီတိုးတက်​တဲ့ နိုင်​ငံကြီးတခု

ဖြစ်​လာနိုင်​မှာပါ စဉ်းစားတက်​တဲ့ အ​တွေးအ​ခေါ်အယူအဆရှိရင်​ ဘဝတခုမှာ အရာရာအဆင်​​ပြေ

နိုင်​မယ်​ထင်​ပါတယ်​ စာ​ပေ​လောကမှာ စာ​ရေးဆရာ​တွေကလည်း အများကြီးရှိပါတယ်

ရသမျိုးစုံ အ​တွေး​အ​ခေါ်မျူိးးစုံနဲ့ စာ​ကောင်း​ပေ​ကောင်း​တွေ အများကြီးရှိပါတယ်

ပိုက်​ဆံ​ပေးမှဖတ်​လို့ရတဲ့စာအုပ်​​တွေရှိသလို အလကား ဖတ်​လို့ရတဲ့စာအုပ်​​တွေလည်း

အများကြီးရှိပါတယ်​ အဓိက​ပြောချင်​တာက​တော့ ဘာပဲလုပ်​လုပ်​ စာအုပ်​​လေး​တော့

ဖတ်​ချိန်​ရှိမယ်​ထင်​ပါတယ်​ တ​နေ့ကို 15မိနှစ်​ နာရီဝက်​​လောက်​ ​လေးပဲဖတ်​ဖတ်

အကျိုးရှိနိုင်​ပါတယ်​ ​ကောင်းတဲ့စာ​ပေဖတ်​မှလည်း ​ကောင်​တဲ့အကျင့်​ကိုရမှာပါ ဒီလို​ပြောရတာကလည်း

မ​ကောင်းတဲ့စာ ဗဟုသုတမရှိ အကျိုးမရှိတဲ့စာ​တွေကလည်း အများကြီးရှိ​နေလို့ပါ

ကိုယ်​တိုင်​မသိနားမလည်​ရင်​​တောင်​ နီးစပ်​ရာ ဆရာသမားမိတ်​​ဆွေ​တွေ ထံ​မေးမြန်းပြီး

လေ့လာ​စေချင်​ပါတယ်​ ဗဟုသုတကြွယ်​ဝတဲ့စာ​တွေ အ​တွေးအ​ခေါ်စဉ်းစားတက်​တဲ့စာ​တွေ

များများဖတ်​ပါလို့ အကြံပြုရင်း :::::::::


ခရီးသွားအ​တွေးစာစု




No comments:

Post a Comment