ုkomyo ခရီးသွားအတွေးစာစု

Monday, 2 January 2017

NEW YEAR အစမှာပဲလား ;;;;;;;

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ

            2016 မှ  2017 သို့ ​ရောက်​ခဲ့ပြန်​ပြီ​ပေါ့ ရက်​​တွေလ​တွေနှစ်​​တွေအလီလီ ​ပြောင်းလဲခဲ့​ပေမဲ့

လူတိုင်းရဲ့စိတ်​​တွေက​တော့ ​ပြောင်းလဲကြသူ​တွေက နည်းမယ်​ထင်​ပါတယ်​ အခုလို NEW YEAR

ရောက်​မဲ့အချိန်​​လေး ကို​စောင့်​ကြိုပြီး HAPPY NEW YEAR လို့​အော်​ဟစ်​ကြိုဆိုကြသူရှိသလို

မနက်​မိုးလင်း ဘုရားသွားကြ သူ​တွေလည်းရှိပါတယ်​ အိမ်​ထဲမှာ​နေပြီး ဘာမှန်းမသိသူ​တွေလည်း

အများကြီးရှိပါတယ်​  ​ကောင်းတာလုပ်​တဲ့သူက​ကောင်းကျိုးခံစားရမှာမလွဲသလို မ​ကောင်းတာလုပ်​တဲ့

သူ​တွေကလည်းမ​ကောင်​တဲ့ရလဒ်​​တွေပဲ ရ​နေမှာပါပဲ တကယ်​​တော့ နှစ်​​ဟောင်းပဲဖြစ်​ဖြစ်​ နှစ်​သစ်​ပဲ

ဖြစ်​ဖြစ်​ အမြဲတမ်း​ကောင်းတာ​တွေလုပ်​ပြီး ​ကောင်း​သောအကျင့်​​တွေ ကျင့်​ဖို့မလိုဘူးလား နှစ်​သစ်


ရောက်​မှ HAPPY NEW YEAR ပါလို့​အော်​​နေယုံနဲ့​တော့ ဘာမှဖြစ်​လာမယ်​မထင်​ပါဘူး ကိုယ်​တိုင်

ကိုယ့်​ရဲ့စိတ်​ကိုပြု ပြင်​နိုင်​မှသာ လူတိုင်းနဲ့အဆင်​​ပြေပြီး ​အေး၂​ချမ်း၂​နေနိုင်​ရမယ်​လို့ထင်​ပါတယ်

နှစ်​သစ်​အစ​လေးမှာပဲ HAPPY NEW YEAR လို့​အော်​​နေ​ပေမဲ့ ​နောက်​​လေးငါးရက်​​လောက်​ ​နေ​တော့

မေ့သွားကြသူ မ​ကောင်းတဲ့အကျင့်​ကို ကျင့်​တဲ့သူ​တွေ ရှိလာကြတာပါပဲ နှစ်​သစ်​လေး ​မှာ ​​ပဲ​ကောင်း

တာလုပ်​မှာလား နှစ်​သစ်​မှာပဲ​ပျော်​မှာလား  HAPPY ALL TIME လို့လည်းမဖြစ်​ချင်​ဘူးလား

လူတိုင်းရဲ့စိတ်​က​တော့ တ​ယောက်​တမျိုးစီ အယူအဆတမျိုးစီပါပဲ  ဘယ်​သူ့ဘယ်​သူကိုမှ

အပစ်​မမြင်​ပဲ ​ကောင်း​သောအကျင့်​​လေး​တွေကျင့်​ပြီး  အမြဲတမ်း နားလည်​​ပေးကြမယ်​ဆိုရင်

မ​ကောင်းဘူးလား ​ကောင်း​သောအလုပ်​နဲ့​ကောင်း​သောအကျင့်​ဆိုတာ နှစ်​သစ်​မှာမှမဟုတ်​ပါဘူး

အမြဲထာဝရ လုပ်​သွားနိုင်​ရင်​​တော့ ပို​ကောင်းမယ်​ထင်​ပါတယ်​ new year ဆိုတာ​တော့ နှစ်​တိုင်းမှာ

ရှိ​နေမှာပါပဲ ဘယ်​အချိန်​ဘယ်​ကာလပဲဖြစ်​ဖြစ်​ ထာဝရပြည့်​စုံ ​ပျော်​ရွှင်​​နေရရင်​မ​ကောင်းဘူးလား

new year အလွန်​အကျွံ ​ပျော်​ပြီး ပြသနာဖြစ်​ကြသူ​တွေလည်း အများကြီးရှိမှာပါ ကျ​နော်​သတင်းတပုဒ်

နား​ထောင်​လိုက်​ရတယ်​  ဘာလည်းဆို​တော့ HAPPY NEW YEAR ​နေ့မှာပဲ ဒဏ်​ရာရသူ နဲ့​သေကြသူ

တွေ ရှိ​နေတယ်​တဲ့  ရန်​ကုန်​​ဆေးရုံမှာပဲ မနှစ်​ကထက်​​သေသူများတယ်​ဆိုလားပဲ  ပြီး​တော့

ကားလမ်း​ပေါ်မှာ HAPPY NEW YEAR လို့ စာ​ရေး​နေတဲ့သူကို ကားတိုက်​ခံရတယ်​တဲ့

အဲ​တော့ ဘာဖြစ်​လို့ အဲ​လောက်​ထိဖြစ်​ကြရတာလည်း ဆိုတာ မစဉ်းစားတက်​​ဘူး ဘာအတွက်​လည်း

ဘာ​ကြောင့်​လည်း HAPPY NEW YEAR လို့ အသံဝင်​​အောင်​ ​အော်​ကြတာ ပြီး​တော့ဘာဖြစ်​လာလည်း

ကျ​နော်​တို့ မြန်​မာနှစ်​သစ်​မှာ နဲ့ ENGLISH နှစ်​သစ်​ ဘာကွာလည်း ဘယ်​ဟာကိုပိုပြီးကြိုဆိုကြမလည်း

မြန်​မာလူမျိုးဖြစ်​တဲ့အတွက်​ မြန်​မာ ​နေ့ လ ရက်​ နှစ်​​တွေကိုလည်း ​မေ့ထားလို့ မသင့်​​တော်​ဘူးထင်​ပါတယ်

အင်္ဂလိပ်​ နှစ်​ လ ရက်​ ကိုလည်း​မေ့ဖို့မဆိုလိုပါဘူး ကျ​နော်​တို့ လူကြီးလူငယ်​​တွေက  အလုပ်​လုပ်​လို့ရက်​မှတ်

ကြရင်​ အင်္ဂလိပ်​လိုပဲ မှတ်​သားကြတာမို့လား မြန်​မာလိုမှတ်​တဲ့သူ နည်းသလို မြန်​မာ နှစ်​လ ရက်​ကို

ဘာမှမသိကြ​သူလည်း ရှိ​နေပါ​သေးတယ်

ဒါ​ကြောင့်​ မြန်​မာမှန်​ရင်​ မြန်မာအ​ကြောင်းနဲ့ မြန်​မာရဲ့သမိုင်းကို​တော့ ဃဂနဏ သိဖို့လိုတယ်​ထင်​ပါတယ်

နှစ်​သစ်​မှစပြီး အချိန်​တိုင်း ထာဝရ​ပျော်​ရွှင်​မှု့​တွေ ပိုင်​ဆိုင်​နိုင်​ကြပါ​စေ

komyoခရီးသွားအ​တွေးစာစု

               

No comments:

Post a Comment