"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
နည်းပညာဆိုတာ လေ့လာနေယုံနဲ့ နားလည်ဖို့မလွယ်ဘူးဆိုတာ ချစ်မိတ်ဆွေတို့သိနိုင်ပါတယ် တကယ်
လက်တွေ့ လိုက်လုပ်နိုင်မှသာ ဒီနည်းပညာတွေက တက်မြှောက်နိုင်မယ်လို့ ထင်ပါတယ် အဆက်မပျက်
လေ့လာနိုင်မှလည်း တိုးတက်မှု့ ကမြင့်မားလာနိုင်မယ် ပြီးတော့ စိတ်ကိုလည်းအေးဆေးတည်ငြိမ်
အောင် ထားပြီးလေ့လာမယ်ဆိုရင် တနေ့နေ့တော့ အောင်မြင်လာနိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်
တယ် ကျနော်တခြား bloggerတွေ ဆိုဒ်တွေကို ကြည့်ကြည့်တယ် ဆရာကြီးတွေ မဟုတ်တဲ့ ဆိုဒ်လေး
တွေပါ အဲမှာဘာတွေ့ ရလည်းဆိုတော့ သူတို့ ရဲ့  blog ဆိုဒ်တွေက အဖြစ်ကလေးလုပ်ထားသလို တချို့ ဆိုဒ် တွေမှာဆိုရင် တပိုင်းတစနဲ့ ပြစ်ထားကြတာလား မသိဘူး ဆက်ပြီးမလုပ်တာလား ဒါမှမဟုတ်
တခြားနာမည်နဲ့ ပဲ ပြောင်းသွားကြတာလားတော့မသိပါဘူး စိတ်ကုန်ပြီးပဲ ဆက်မလုပ်ကြတာပဲလားလို့ 
ကျနော်တွေးမိတာပါ
ကျနော် ဆရာတယောက်ပြောဘူးတာတော့ ကြားဖူးတယ် ကိုယ်သင်ပေးထားတဲ့ တပည့်တွေက
ဒီ blog ကိုကြည့်ကောင်းအောင် မှန်အောင်ကို ဖြောင့်ဖြောင့်တန်းတန်း မရေးနိုင်ကြသေးဘူးတဲ့
ဒီနည်းပညာကို တကယ်စိတ်ဝင်တစားလိုက်စား မယ်ဆိုရင် တအားကြီး မခက်ဘူးလို့ ထင်တာပဲ
ဟို ဒီလို ပြောလိုက်လို့ လည်း တမျိုးတော့မထင်ကြပါနဲ့ ဘယ်အရာမဆို မသိရင်တော့ ခက်တာတွေ
ကြီးပါပဲ ကျနော်ဆိုလိုတဲ့ သဘောက ကိုယ့်ကိုအစစအရာရာ သင်ပေးနေတဲ့သူ ရှိတာတောင် ဘာဖြစ်လို့ 
တက်အောင်မသင်ချင်ကြတာလည်း မသိ ကျနော့်အမြင်ပေါ့လေ လူတော်တော်များများ အစဆုံးလုပ်မဲ့
အလုပ်ကလေးဆိုရင် အားတက်တရောကို လုပ်ကြတာတွေ့ ရတယ် ကြာလာတော့လည်း သိသလို
တက်သလို လုပ်ချင်တာလိုလို မလုပ်ချင်တာလိုလိုနဲ့ ဟိုဟာလေးပြောင်းပြီး လုပ်ကြည့်ချင်သလို ဒီဟာလေးလုပ်ကြည့်ချင်သလိုနဲ့ သူတို့ စိတ်တွေမငြိမ်ကြတော့ဘူး အဲဒီလို စိတ်တွေဝင်နေမှတော့
ဘယ်လောက်ပဲ သင်သင်တက်ဖို့ တော့မလွယ်ပါဘူး အထင်သေးလို့ ပြောတာတော့မဟုတ်ပါဘူး
ကိုယ့်စိတ်လေး တည်ငြိမ်အောင်ထားပြီး ကိုယ်သင်ချင်တဲ့အရာတခုကို တစိုက်မတ်မတ် လေ့လာစေချင်
ပါတယ် ကျနော်ဆိုရင် တကယ်ပါ သင်တန်းလည်းမရှိ သင်ဆရာလည်းမရှိနဲ့ ဒီနည်းပညာတွေကို
လေ့လာနေခဲ့ရတာပါ သိသင့်သလောက်သိ တက်သင့်သလောက်တော့ တက်တော့ ကျနော်ပျော်မိတယ်
ကျနော်ဖုန်းစကိုင်ချိန်တုန်းက ဆရာပေါက်ဆီကို email နဲ့မေးခဲ့ဘူးပါတယ် ဘာလည်းဆိုတော့
ဆရာ အင်တာနက်ကို အခုမှစသုံးမှာမို့  ဘာတွေဘယ်လိုလေ့လာရတယ်ဆိုတာ အချိန်ရရင်
ပြောပြပေးပါအုံးဆရာလို့  မေးခဲ့ဘူးတယ် ဆရာတွေကလည်း တကယ်တော့ သိပ်ပြီးမအားကြပါဘူး
ဆရာကလည်း မအားတဲ့ကြားက email နဲ့ ပြန်ပို့ ပါတယ် အားလည်းနာမိပါတယ် ဒါနဲ့ ကျနော်လည်း
ဆရာတွေရေးထားတာတွေကို ရှာဖွေဖတ်မတ်ပြီး လေ့လာနေခဲ့တာ ဒီနေ့ ထိပါပဲ facebook ဆိုလည်း
ဝယ်မသုံးခဲ့ဘူး ပိုက်ဆံနမျောလို့ တော့ မဟုတ်ပါဘူး ကျနော်ကိုင်တိုင်လုပ်နိုင်အောင်ကြိုးစားကြည့်ခဲ့တာ
အရင်တုန်းက FB အကောင့်ရဖို့ ဆိုတာ မလွယ်ဘူးဗျ တော်တော်လေး ကြိုးစားလိုက်ရတာ ဘာဖြစ်လို့ လည်းဆိုတော့ မြန်မာနိုင်ငံကဖုန်းနဲ့ လုပ်မရဘူးဗျ VPN ဆိုတာတွေနဲ့ လုပ်ရတာမလွယ်ဘူး
ကျနော်စိတ်ပျက်ပြီး ဆရာတယောက်ဆီ အီးမေးပို့ ပြီးလုပ်ခိုင်းဘူးတယ် အီးမေးကလည်း တခါမှမသုံး
ရသေးတဲ့ အီးမေးမှရတာ ဒါလည်းကိုယ်တိုင် အီးမေးဖွင့်တာပဲ အီးမေးတွေကို အများကြီးဖြစ်သွားတယ်
FB ဖွင့်လိုက် ပျက်သွားလိုက်နဲ့ ရကိုရအောင်ဖွင့်မယ်ဆိုပြီး ကြိုးစားလိုက်တာ အောင်မြင်သွားတယ်
အဲအချိန်က အရမ်းကိုပျော်ခဲ့တယ် FB ဖွင့်လို့ ၇တဲ့လမ်းကြောင်းသိလိုက်ရတာကိုးဗျ
အီးမေးပေးပြီးဖွင့်ခိုင်းတာက ဆရာကမအားတော့ မရဘူးကျနော်ကအရမ်းသုံးကြည့်ချင်တော့ ဒါကြောင့် ကိုယ်တိုင်လုပ်နိုင် ရမယ်ဆိုတဲ့ စိတ်နဲ့ကြိုး စားခဲ့တာပါ ကြိုး စားရတာ ကျေနပ်သွားတယ်
နည်းပညာတွေကို အလွယ်တကူ လေ့လာလို့ ရအောင် ဖန်တီးပေးထားတဲ့ ဆရာသမားများကို
ကျေးဇူးတင်ပါတယ် အရမ်းလည်း လေးစားမိပါတယ် ကျနော်လည်း ဆရာကြီးတွေ လိုဖြစ်အောင်
အရမ်းကြိုးစားချင်မိပါတယ် ဒါကြောင့် နည်းပညာလေးတွေကို လေ့လာခွင့် အတုယူခွင့်ပြုကြပါလို့ 
တောင်းဆိုချင်ပါတယ်
အတွေးမှား အရေးမှားလေးများ ဖြစ်ခဲ့ရင် နားလည်ပေးပါလို့ komyoblogger ခရီးသွားအတွေးစာစု
မှတောင်းဆိုပါတယ်
သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံး ကျန်းမာချမ်းသာပြီး ထာဝရအောင်မြင်သော ဆရာကြီးများ
ဖြစ်ကြပါစေလို့ ဆုတောင်းပါတယ်
komyobloggerခရီးသွားအတွေးစာစု
ိ
No comments:
Post a Comment