မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
blogger ခရီးသွားချစ်မိတ်ဆွေများ အတွေးအခေါ်ဗဟုသုတ အသိပညာဗဟုသုတများ အလွယ်တကူ
ရှာဖွေနိုင်ကြပါစေ သူများရေးတဲ့စာတွေဖတ်မှတ်နေယုံ နဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး
ကိုယ်တိုင်ကလည်း လက်တွေ့ လုပ်နိုင်မှသာ အောင်မြင်မှူ့ တခုဆိုတာရမှာပါ ဖတ်ပြီးလေ့လာနေယုံနဲ့တော့
ပြောင်းလဲမှူ့  ဆိုတာဖြစ်မလာနိုင်ပါဘူး တကယ်လက်တွေ့ လိုက်လုပ်နိုင်မှသာ တိုးတက်မှု့ လည်းမြန်ဆန်
လာနိုင်မယ် ဘာမှမသိလည်းအား အားငယ်စရာမလိုပါဘူး သင်တန်းမတက်ရလည်း အားငယ်စရာ
မလိုပါဘူး ကိုယ်တိုင်ကလည်း လက်တွေ့ လုပ်ကြည့်ချင်တဲ့စိတ် စူးစမ်းချင်တဲ့စိတ်လေးတွေ ရှိနေဖို့ပါပဲ
ကိုယ့်ရဲ့ဖုန်းလေးထဲမှာ ကိုယ်သင်ချင်တဲ့အကြောင်းလေးတွေ youtube မှာရှာဖွေကူးထား ပြီး
laptop လေးတလုံး အကောင်းကြီးမဟုတ်တောင် တပတ်ရစ်လေးဖြစ်ဖြစ် ရှာဝယ်ပေါ့ဗျာ DODOKOKO
ဆိုင်မှာ တသိန်းကျော်ကျော်လေးကစပြီး ဝယ်လို့ရပါတယ် အဲဒါမှ လက်တွေ့ လေ့လာလို့ပိုပြီး အဆင်ပြေ
မယ်ထင်ပါတယ် ကိုယ်ကတော်တော်လေးကျွမ်းကျင်သွားပြီ ဆိုရင် ဒီထက်ကောင်းတဲ့ laptop တလုံး
ပြောင်းကိုင်ချင်ကိုင်ပေါ့ဗျာ ပိုက်ဆံတက်နိုင်ရင်တော့ ကောင်းတာပေါ့
ကျနော်လည်း computer ဆိုတာဘာမှနားမလည်ခဲ့ပါဘူး ကိုယ်နဲ့ ကအဝေးကြီးလို့ထင်ခဲ့တယ်
computer အကြောင်းလည်းလေ့လာဖို့ဆိုတာ ကလည်းကိုယ်က ဘာမှမသိနားမလည်းဘူးလေ နောက်မှ
စာတွေဖတ် ဖုန်းလေးထဲကနေ ရှာတက်ဖွေတက်လာတယ် နဲနဲသိလာတော့ computer ဆိုတာကို
အရမ်းလေ့လာချင်မိတယ် သင်တန်းတက်ဖို့ကလည်း အချိန်မပေးနိုင် ငွေကလည်းပိုရှန်မှူ့ ကသိပ်မရှိ
ဒါလည်းကျနော် အားမလျော့ခဲ့ဘူး ဖုန်းလေးနဲ့ပဲ ဆက်လေ့လာနေဆဲ လေ့လာရင်းလေ့လာရင်းနဲ့ စိတ်ထဲက
computerကို ဇွတ်အတင်းကိုင်ချင်လာတော့ မဖြစ်ဖြစ်အောင်ငွေရှာပြီး သွားဝယ်တော့တာပဲ
computer ကိုကိုင်ဖို့က သင်တန်းလည်းမတက် ဘာမှကိုမသိသေးပါဘူး ကိုယ့်ကိုယ်ကိုလည်း
ပြုံးမိတယ် ဘာမှန်းမှမသိသေးတာကိုးဗျ ဘယ်ကစပြီးဖွင့် ရမယ်တောင်မသိတဲ့ဘဝ ကိုင်ချင်လို့ တာ ဝယ်
လိုက်တာ ဒါပေမဲ့ ကျနော်မှာ သင်ပြပေးမဲ့ ဖုန်းလေးတလုံး ရှိတော့ အားရှိတာပေါ့ ဖုန်းလေးထဲမှာ
computer basic အသုံးပြုနည်းရှာဖွေပြီး လေ့လာခဲ့တာပါ အခုလို youtube ပေါ်မှာ ဘာမှမသိသေးသူ
တွေအတွက် အသုံပြုနိုင်အောင် တင်ထားပေးကြတဲ့ ဆရာသမားများကို အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ် ကျနော် သင်တန်းမတက်ပဲနဲ့ computer အကြောင်းကို အတန်အသင့် နားလည်ခဲ့ပါတယ် ဆရာတွေကလည်း တယောက်ထဲမဟုတ်ပါဘူး အများကြီးရှိပါတယ်
ကိုယ်နဲ့သင့်တော်မဲ့ ကိုယ်နားလည်နိုင်မဲ့အကြောင်းအရာတွေ တင်ထားတာလေးတွေပဲ အရင်လေ့လာ
တော့ ပိုအသိမြန်တာပေါ့
ဒီအကြောင်းတွေေ၇းရတာကလည်း ကျနော်လို ဘာမှမသိသေးသူတွေ အတွက်အထောက်အကူ
တခုတော့ ရမယ်ထင်လို့ပါ ဘာမှမသိ ဘာမှမတက်ပေမဲ့ လေ့လာမယ် လက်တွေ့လုပ်ကြည်နိုင်မယ်ဆိုရင်
ပြောင်းလဲမှုတခု တိုးတက်မှုတခုတော့ ရရှိလာမှာပါ အားငယ်မနေပါနဲ့ ကြိုးစားကြည့်လိုက်ပါ
ဘဝကြီးတိုးတက်ပြောင်းလဲဖို့အတွက် အပြောမဟုတ်ပဲ လက်တွေ့  လေ့လာကြိုး စားလိုက်စမ်းပါ
အောင်မြင်မှု့ ပန်းတိုင်ကြီးက ကိုယ်နဲ့အနီးလေး မှာပါပဲ မိတ်ဆွေတို့
komyoblogger ခရီးသွားအတွေးစာစု
No comments:
Post a Comment