ုkomyo ခရီးသွားအတွေးစာစု
Thursday, 25 August 2016
ဘယ်​လို​နေမှာလည်း::::
"မင်္ဂလာပါ " bloggerခရီးသွားအ​တွေးစာစု ကိုနားလည်​​ပေပြီး အား​ပေးတဲ့အတွက်​ ​ကျေးဇူးကမ္ဘာပါ:::::
      blogger ချစ်​မိတ်​​ဆွေတို့​ရေ ည​နေက ကျ​နော်​စာ​ရေး​နေတုန်းလှုပ်​သွားတဲ့ငလျင်​ က ၆.၈ ဆိုရင်
တော်​​တော်​​လေးပြင်းထန်​တာ​ပေါ့  ဟိုတခါကလည်း၆.၈လှုပ်​သွားဘူးတယ်​ ​နော်​  ဂရုစိုက်​ပြီး သတိ​လေးနဲ့
နေကြပါ ဟိုတခါလှုပ်​သွားတဲ့ငလျင်​ကလည်း ဆက်​တိုက်​လှုပ်​သွားတာ ဘုရား​တွေ ​တော်​​တော်​များများ
ပျက်​ဆီးကုန်​တာ အခုလည်း ပုဂံက နာမည်​ကြီးဘုရား​တွေ ပျက်​ဆီးတဲ့အထဲပါကုန်​ဘီ  ရခိုင်​ဘက်​က
မြောက်​ဦးမှာလည်း ဘုရား​တွေပြိုကျတယ်​တဲ့ ကြားရမြင်​​တွေ့ရတာ​တွေက အရမ်းကို စိတ်​မ​ကောင်းစရာ
တွေပဲများ​နေတာပါလား  ဒါ​တောင်​ ချက်​ချင်းသိရတဲ့သတင်းဆို​တော့  ပျက်​ဆီးဆုံးရှုံးမှု​တွေက အတိအကျ
မသိရ​သေးဘူး  ​​ရေ​တွေကြီးလို့ ဒုက္ခ​တွေ့​နေရတာတမျိုး ငလျင်​ဒဏ်​​ကြောင့်​ပျက်​ဆီးရှုံးရတာတမျိုးနဲ့ 
သဘာဝ​ဘေး​အန္တရာယ်​ ​တွေက နိပ်​စက်​ မ​ကောင်းတဲ့လူဆိုး​တွေကလည်း နှိပ်​စက်​ နဲ့ ဒုက္ခမျိုးစုံ ​တွေ့ကြုံ
                  ဘုရား​ဟောခဲ့တာ​တွေက တဖြည်းဖြည်းနဲ့ ​ရောက်​​နေပါပြီ အပြည့်​အစုံသိချင်​ရင်​​တော့ 
နောက်​ပွင့်​​တော်​မှုမဲ့ အရိ​မေတ္တရဘုရား ဗုဒ္ဓဝင်​အ​ကြောင်း ​ဟောထားတဲ့ တရား​တော်​ကို နား​ထောင်​ကြည့်​ပါ
ဆုပ်​ကပ်​​ခေတ်​ဖြစ်​​နေ​တော့လည်း အဆန်းကြီး​တော့ မဟုတ်​ပါဘူး  ​နောက်​​နောင်​ဆိုရင်​ ဆုပ်​ကပ်​ဆို​တော့
လည်း ဒီထက်​ပိုဆိုးဖို့ပဲရှိတယ်​တဲ့  ဒါ​ကြောင့်​ ခဏ​နေရတဲ့လူ့ဘဝကြီးမှာ ဘုရားတရားကို​တော့ ဘယ်​​တော့မှ
မ​မေ့ကြပါနဲ့ အမြဲတန်းသတိ​လေးနဲ့ ဆင်​ခြင်​ပြီး ​နေကြဖို့ အ​ရေးကြီးပါတယ်​  တခြားနိုင်​ငံ​တွေနဲ့ယှဉ်​ရင်
ကျ​နော်​တို့နိုင်​ငံက အရမ်းအဆိုးအဝါးကြီး ဖြစ်​တာမ​တွေ့ရပါဘူး  တခြားနိုင်​ငံ​တွေမှာဆို  ပျက်​ဆီးဆုံးရှုံးမှု​တွေ
          တခြားနိုင်​ငံ ဖြစ်​တာ​တွေနဲ့ ယှဉ်​ရင်​​ပြောတာပါ    ပျက်​ဆီးဆုံးရှုးမှု အ​သေအ​​ပျောက်​​တွေက သူများနိုင်​ငံ
လောက်​မဖြစ်​ပါဘူး   ပျက်​ဆီးဆုံးရှုံးမှု​တွေ  နဲနဲများများ  ပျက်​ဆီးတာကပျက်​ဆီးတာပါပဲ စိတ်​ထဲမှာ​တော့
မ​ကောင်းပါဘူး စိတ်​​တွေတည်​ငြိမ်​ ​အေးချမ်းဖို့အတွက်​ ​အခုဘဝကတည်းက ​ကောင်း​သောစိတ်​ကို
မွေးပြီး ​ကောင်း​သောစကား​တွေ ​ပြောကြမှ  ​နောင်​ဘဝမှာ ​ကောင်းစွာ​နေထိုင်​နိုင်​မယ်​လို့ ထင်​ပါတယ်
ဟိုထပ်​ပီး အသိ​ပေးချင်​တာက  အရိ​မေတ္တယဘုရား ဗုဒ္ဓဝင်​အ​ကြောင်း ​ဟောထားတဲ့ အ​ခွေ​လေး​တွေကို
ဝယ်​ပြီး နား​ထောင်​ကြည့်​ကြပါလို့ ​ komyoblogger ခရီးသွား​တွေးစာစုက​နေ  အကြံပြုပါတယ်
အားလုံးကျန်းမာချမ်းသာ ​အေးချမ်းစွာ ​နေနိုင်​ကြပါ​စေ!!"
     komyobloggerခရီးသွားအ​တွေးစာစု
No comments:
Post a Comment