"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
bloggerမိတ်ဆွေတို့ရေ နည်းပညာတွေတိုးတက်နေတဲ့ခေတ် ကြီးထဲမှာဘာတွေ လေ့လာနေကြပီလည်း
ဘယ်လိုပညာတွေ သင်ယူနေကြပီလည်း ဖုန်းလေးတလုံးကိုင်ပီး အချိန်ဖြုန်းနေမယ့်အစား တခုခုတော့
လေ့လာဖို့ အခွင့်အရေးတွေရနေပါပြီနော် ယူတက်မှရမှာနော် ပိုက်ဆံလေးနည်းနည်း ကုန်ပြီး ကိုယ်သင်ယူ
ချင်တဲ့ပညာတွေက အင်တာနက် ဆိုတဲ့ကမ္ဘာကြီးထဲမှာ အပြည့်အစုံပါပဲ လူတော်တော်များများကတော့
ဖုန်းလေးတလုံးကိုင်ပြီး COC တို့ game မျိုးစုံဆော့ပြီး အချိန်ဖြုန်းနေကြလေရဲ့
Youtube မှာ video ဖိုင်တွေနဲ့သင်ပေးထားတဲ့ နည်းပညာတွေ မျိုးစုံပေါ့ဗျာ ဆရာကြီးတွေ တင်ပေးထား
တာတွေရှိပါတယ် ကိုယ်လေ့လာချင်တဲ့ အကြောင်းလေတွေကို ဖုန်းလေးထဲမှာ ကူးယူပြီး အားတဲ့အချိန်လေး
မှာ ကြည့်နေရင်တောင် အချိန်ကုန်ရကျိုးနပ်တာပေါ့ဗျာ COCတို့ gameတို့ဆော့နေမဲ့အစား ကိုယ်ကူးယူထား
တဲ့video လေးကိုခဏဏခဏကြည့်ဖြစ်တော့ ပိုပြီးသိတာပေါ့ laptop တို့ computerတို့မဝယ်နိုင်
သေးလည်း ဖုန်းလေးနဲ့ လေ့လာလို့ရပါတယ် နောက်ဆိုရင် computer ကိုဝယ်ပြီးလေ့လာချင်စိတ်တွေ
တဖွားဖွားဖြစ်သွားလိမ့်မယ် စကားမစပ်ဗျာ စာရေးနေတုန်း ငလျင်ကလှုပ်သွားတယ် အစတော့မသိဘူး
ဘေးကိုလှည့်ကြည့်မှ ငလျင်လှုပ်နေမှန်းသိတာဗျ မိတ်ဆွေတို့ကော သိလိုက်ကြလား
ကဲပြန်ဆက်ရေးမယ်ဗျာ ကျနော်က ကိုယ်ကိုယ်တိုင်ကလည်း ဘာမှမသိသေးပါဘူး
လေ့လာနေရင်း နဲ့ တခြားသူတွေလည်း သိစေချင်တက်စေချင်တဲ့ဆန္ဒလေးက ရင်ထဲက တကယ်ရှိတာပါ
လူတိုင်းသိလေ လူတိုင်းမှာအသိပညာတွေတိုးပွားလေ လူတိုင်းမှာအေးချမ်းလေပဲလို့ ယူဆမိလို့ပါ
ကိုယ်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာလည်း မသိနားမလည်သူတွေ အများကြီးရှိနေမှာပါ ကိုယ်လက်လှမ်းမှီ
သလောက် ဝေငှပေးမယ်ဆိုရင် ကုသိုလ်လည်းရ ကိုယ်လည်းစိတ်ကြည်နူးပီတိဖြစ်ရတာပေါ့
စာပေဟောပြောပွဲ လေးတွေလည်း ကိုယ်မတက်နိုင်တောင် mp3ဖိုင်တို့ videoဖိုင်တို့ ရှိပါတယ် နားထောင်
ကြည့်ပါ အချိန်ကုန်ရကျိုးနပ်ပါတယ်ဗျာ
ကိုယ်ကတော့အရမ်းဖြစ်ချင်စိတ် သိချင်စိတ်တွေများပြီး ဟိုလိုလို ဒီလိုလို မဖြစ်ဖို့ အရေးကြီးဆုံးပါ
ကိုယ်သင်ယူချင်တာတခုကို စောက်ချသာလေ့လာပါ သင်တန်းတွေတက်မှ နားလည်းတာမဟုတ်ပါဘူး
ကိုယ်ကလည်းအားစိုက်ပြီး ဘယ်လိုလုပ်သင့်တယ် ဆိုတာကိုတော့ စဉ်းစားရမှာပေါ့ ဥပမာ စာအုပ်လေး
ဝယ်ဖတ်မယ်ပေါ့ ကိုယ်နားမလည်တာကို သိချင်ရင်ချက်ချင်းကြည့်လို့ရတာပေါ့ ပိုက်ဆံတော့ နဲနဲကုန်မှာပေါ့
ဖုန်းလေးနဲ့ အင်တာနက်ဖွင့်ပြီး ဟိုကြည့်ဒီကြည့် ကြည့်နေမဲ့အစား ဒါက အကျိုးရှိပါတယ်ဗျာ တကယ်လေ့လာ
တကယ်လုပ်ကြည့်ကြပါ တခြားမိတ်ဆွေတွေလည်းပြောပြပေါ့ဗျာ
တနေ့နေ့တော့ ပြောင်းလဲလာမှာ သေချာပါတယ် ဒါကလည်း komyoဘလော့ဂျာခရီးသွားအတွေးစာစုရဲ့အတွေးလေးတွေပါ မှန်တယ်ထင်တာ မှတ်သားပြီး မမှန်ဘူးထင်ရင်ကျော်သွားပေးကြပါ
လူတိုင်းလူတိုင်း အသိပညာအတွေးအခေါ်ဗဟုသုတများ တိုးပွားနိုင်ကြပါစေ
komyoခရီးသွားအတွေးစာစု

No comments:
Post a Comment