"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
ကျနော်ခုနက share လိုက်တဲ့postမျိုး လေးတွေရှာပြီး လေ့လာမယ်ဆိုရင် နည်းပညာတွေလေ့လာဖို့
တော်တော်လေးအထောက်အကူရမယ်ထင်ပါတယ် ဘယ်လိုနေရာက ဘယ်လိုစာပဲဖြစ်နေနေ အကျိုးပြု
မဲ့စာဆိုရင်တော့ ယူရမှာပဲမဟုတ်လား ကျနော်လည်း ဘာသင်တန်းမှမတက်ပဲ လေ့လာနေရတာပါ
တချို့ ဆရာတွေတင်ထားတာက မရှင်းတော့ နားမလည်ဘူးဗျ ဒါပေမဲ့ ဆက်ပြီးရှာဖွေတာပဲ နောက်ဆုံးတော့
ကိုယ်နားလည်နိုင် လောက်တဲ့ video လေးတွေနဲ့ တင်ထားတာတွေ့ တော့ အရမ်းကို ပျော်သွားတယ်
အဲဒီဆရာတွေကို အရမ်းလေးစားမိတယ် ကျနော်လည်း ကိုယ်တိုင်တင်ပြနိုင်အောင်တော့ ကြိုးစားနေဆဲပါ
စုဆောင်းနေဆဲပေါ့ တနေ့တော့ ဖြစ်ရမယ်လို့ လည်း ယုံကြည်ချက်ထားတယ်
ကိုယ်တိုင်လက်တွေ့လေ့လာရင် မအောင်မြင်ဘူးဆိုတာ မရှိဘူးလို့ ကျနော်ထင်တယ် ဒါကြောင့်လဲ
ကိုယ်လုပ်မှကိုယ်ရမှာမို့ လား ထိုင်ကြည့်နေယုံနဲ့ တော့ ဘာမှဖြစ်မလာပါဘူး မိတ်ဆွေတို့ လည်း
ကိုယ်တိုင်လက်တွေ့ လိုက်လုပ်ကြည့်လိုက်ပါ ဥပမာ gmailအကောင့်လေးကို ကိုယ်တိုင် စမ်းသပ်ဖွင့် 
ကြည့်ကြည့်ပါ အ၈င်္လိပ်လိုနားမရင်လည်း အ၈င်္လိပ်-မြန်မာ အဘိဓာန်လေး ကြည့်လိုက် လုပ်လိုက်လုပ်ပေါ့
ကိုယ်နားလည်သလိုလုပ်ပါ မှားသွားလို့ လည်းဘယ်သူကမှ မဆူပါဘူး ကိုယ်တိုင်လုပ်မှကိုယ်တိုင်သိမယ်
ဘယ်လိုလုပ်ရင်ဘယ်လို ဖြစ်မယ် ဘယ်ကိုသွားရင်ဘယ်ရောက်မယ်ဆိုတာတွေ လည်းသိလာမယ်
သိတော့ နောက်တခါလုပ်မယ်ဆီုရင် အမှားနည်းသွားမယ် တဖြည်းဖြည်းနဲ့ နားလည်လာမှာပါ
တခါမရလို့ လည်းစိတ်ဓာတ်မကျနဲ့ ဆက်ပြီးလေ့လာပါ နားမလည်သာရှိရင် အဘိဓာန်ကိုဆောင်
အောင်မှာပါ ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်လေးသာ ဒုံးဒုံးချပါ တချိန်ချိန်မှာ ဖြစ်ကိုဖြစ်ရမယ် တချို့ လူ
တွေကြတော့လည်း ခက်တယ်ဗျ အကပ်စကား အထင်သေးစကားတွေ ပြောချင်ကြတာ ဒါလည်းသူတို့ ကို
လိုက်တုပြီး ငြင်းခုံနေစရာ မလိုပါဘူး မခံချင်စိတ်နဲ့ ငြင်းခုံနေရင်တော့ ရှေ့ရောက်မှာတော့မဟုတ်ဘူးလေ
ဒါကြောင့် အေးအေးဆေးဆေးပဲ ရှေ့ကိုဆက်ပြီး လှမ်းသွားပါ အောင်မြင်မှု့ဆိုတဲ့ ပန်းတိုင်ကြီးကတော့
ထာဝရကြိုဆိုနေလျှက်ပါ မိတ်ဆွေတို့ ၀၀၀၀၀၀၀
komyobloggerခရီးသွားအတွေးစာစု
No comments:
Post a Comment