"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
လူတိုင်းမှာ ဘယ်သူမဆို သင်ယူခွင့်တက်မြောက်ခွင့် ရှိကြပါတယ် ငါဘာမှမသိလို့  ဘာမှမလုပ်ပဲ
မလေ့လာဘူးဆိုရင် လူ့ ဘဝကြီးမှာတန်ဖိုး ရှိတဲ့အချိန်တွေ အလကားဖြစ်သွားလိမ့် မယ်အရေအတွက်သာ
များပြီးအ၇ည်အချင်းရှိတဲ့သူ နည်းနေရတာကလည်း လေ့လာမှု့ အားနည်းနေကြလို့ ပဲထင်ပါတယ်
လူတိုင်းပါးစပ်ဖျားမှာတော့ ပြောနေကြတာပါပဲ ကိုယ့်ဘဝကို တိုးတက်အောင်တော့ ဘယ်သူမဆိုလုပ်နေ
ကြရတယ်တဲ့ ဟုတ်ပါတယ် ဒါပေမဲ့ ကျနော်အမြင်ပေါ့လေ ဘာကိုတိုးတက်အောင်လုပ်မှာလည်း
ဘာကိုရည်ရွယ်ပြီး ပြောတာလည်းဆိုတာလည်းဆိုတာ လူတော်တော်များများကိုကြည်ြ့ပီး နားမလည်ဘူး
အလုပ်လေးရအောင်ရှာမယ် ဝင်ငွေလေးရရင်တိုးတက် တယ်လို့ ထင်နေကြတဲ့သူလည်းရှိချင်ရှိမယ်
နေ့ စဉ်နေ့ တိုင်း မိုးလင်းကနေမိုးချုပ် အလုပ်နဲ့ လက်နဲ့ မပျက် လုပ်နေလည်း ကြီးပွားချမ်းသာမှု့ က
ကိုယ့်ဆီရောက်မလာဘူးမို့ လား တကယ်အတွေးအခေါ်တွေ မြင့်မားနေကြမယ်ဆိုရင် အခုလိုအတွေးမျိုး
တွေးမှာမဟုတ်ကြပါဘူး ဒီထက်မက မြင့်တဲ့အလုပ်တွေဆက်ရှာမယ် လေ့လာကြမယ်လို့  ကျနော်ထင်မိ
တာပါ ဒါမှလည်းပိုပြီးတိုးတက်မယ်မဟုတ်လား အဲဒီလိုတိုးတက်ဖို့ ဆိုတာကလည်း ကိုယ်တိုင်ကပဲ
စဉ်းစားတွေးခေါ်မှု့ ရှိမှ ဖြစ်မှာဖို့ လား ဘာမှမစဉ်းစားပဲ မိုးလင်းကမိုးချုပ် ဒီအလုပ်ပဲလုပ်နေရင် တိုးတက်မှု
ရှိလာနိုင်ပါ့မလား ဒါကလည်းအခြေခံလူတန်းစား အလုပ်သမားဘဝသမားတွေကို ပြောတာပါ
အထင်သေးလို့  အဆင့်အတန်းခွဲချင်လို့  ပြောတာမဟုတ်ဘူးနော် ပြီးတော့လူတိုင်းလည်းမဟုတ်ပါဘူး
လူတော်တော်များများကတော့ ဒီတပတ်ကိုယ်သုံးဖို့ အဆင်ပြေရင်တော်ပါပြီလို့ တွေးကြတာရှိတယ်
ကျန်တာကတော့ နောက်မှကြည့်ရှင်းမယ်းဆို သူတွေကလည်းတမျိုး ဒီလိုနဲ့ ပဲ နေ့တွေ လတွေ နှစ်တွေတာ
ပြောင်းလည်းသွားတယ် လူတွေကတော့ ဘာမှမပြောင်းလည်းတဲ့အပြင် ပိုဆိုးသွားတဲ့သူတွေကရှိလိုက်
သေးတယ် အဲတော့ အဲဒါဘာကြောင့်လည်းလို့ ထင်မိလည်း ကျနော်အမြင်ကတော့ ကိုယ့်ကိုကိုယ်
မသုံးသပ်ကြလို့ ပဲလို့ ထင်တယ် ဥပမာ ဒီနေ့ တရာရရင် နောက်နေ့ နှစ်ရာရအောင် ရှာမယ်ဆိုတဲ့စိတ်
မရှိကြဘူးလေ ရသလောက်တော့ လိုချင်တဲ့သူတွေကြီးပါပဲ အဲဒီရတဲ့ငွေကိုလည်း သူ့နေရာနဲ့ သူစီမံပြီး
သုံးသင့်တာသုံးမယ် စုသင့်တာစုမယ်ဆိုရင် တနေ့ မဟုတ်တနေ့ တော့ ပြောင်းလဲလာမယ်ထင်ပါတယ်
အခုဟာက ဒီနေ့ တရာရ ရင်နှစ်ရာဖြုန်းမဲ့သူတွေက များနေတော့ အဆင်မပြကြဘူး မလောက်ငှဘူးလို့ 
ငြီးနေကြတယ် ဘာကြောင့်မလောက်မငှ ဖြစ်ရတာလဲလို့ မေးရင် လူတိုင်းဖြေကြမှာက လုပ်အားခ နည်းလို့ 
လို့ ပြောကြမှာပဲ တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် အသုံးအဖြုန်းက အရမ်းများနေကြလို့ ထင်တာပဲ
ဘာဖြစ်လို့ လည်းဆိုတော့အိမ်မှာ TV ရှိကြမယ် skynet လေးတက်လိုက်တော့ နေ့ တိုင်းငွေက
ထွက်နေပြီမို့ လား ပြီးတော့ အိမ်မှာမလိုအပ်ပဲ မီးတွေအရမ်းအသုံးများရင်လည်း မီတာခတွေက ပိုကုန်မယ်
ဖုန်းလေးကလည်း မိသားစု ငါးယောက်ဆိုရင် ငါးလုံး ဒီဖုန်းရဲ့ တလကုန်ကြငွေတွက်ကြည့်ပေါ့ စေ့စေ့စပ်စပ်
တွေးမယ်ဆိုရင် အများကြီးပါပဲ ထမင်းအပြင် အခြားအစားအသောက်တွေမပါသေးဘူးနော် အပျင်းပြေ
စားတာသောက်တာလေးတွေကလည်း ရှိသေး ဒါကြောင့်တွေးကြပါ ဆင်ခြင်ပြီးသုံးဖြုန်းကြပါလို့ အကြံပြု
ပါတယ် ဒါလေးနဲ့ မထူးပါဘူးကွာဆိုတဲ့ စိတ်လေးတော့ လျော့သင့်နေကြပါပြီ ကိုယ့်ဘဝကိုယ့်မိသားစု
တိုးတက်ကြီးပွားဖို့ ဆိုရင် ဒီအချက်တွေကလည်း အရမ်းအရေးပါတယ်လို့ ထင်ပါတယ် အသုံးနဲ့ အဖြုန်း
ခွဲခြားပြီး သိတက်ကြပါစေလို့  -------မည်သူ့ ကိုမှမရည်ရွယ်ပါဘူးbloggerခရီးသွားအတွေးစာစုရဲ့တွေးပါ“
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment