"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
ကျနော် facebook ပေါ်ကို အကြာကြီးကြည့်ဖြစ်သွားတယ် အဲမှာစိတ်မချမ်းသာစရာ
စိတ်ညစ်စရာတွေ မြင်လိုက်ရတော့ စိတ်ထဲတော့မကောင်းဘူးပေါ့ ဘာဖြစ်လို့လည်းဆို့တော့
ရက်ရက်စက်စက်သတ်ဖြတ်ကြတာတွေ ပြီးတော့ တင်တဲ့ post တွေကိုအလိုမကျဖြစ်ကြလို့
comment မှာဆဲကြဆိုကြ ရန်ဖြစ်ကြဆိုတော့ ဘယ်လိုပြောရမှန်းမသိ တချို့ကြတော့လည်း
တင်တဲ့ post က ဘာရယ်မဟုတ် ဘူး ကိုယ့်အကြောင်းလေးတွေပဲပြောကြတယ် ရေးကြတယ်
မန့်တာလေးတွေကလွန်သွားတော့ လည်းရန်ဖြစ်ကြ တချို့ကြတော့လည်း ကိုယ့်ပုံကို မပြဘူး
ကြိုက်တဲ့ပုံလေးတွေနဲ့ ရေးကြပြောကြတယ် တချို့ကြတော့လည်းပေါ်တင်ပဲ သူတို့ ဘာလုပ်တာ
ကအစတင်ကြတယ် "ဒီနေ့တော့ နေမကောင်းလို့ ဆေးသောက်လိုက်ရတယ် "ဆိုတာလေး
တွေကတမျိုး "ဒီနေ့ တော့စိတ်ညစ်နေရတယ်" လို့တမျိုး အလိုတွေ တွေ့ရတော့ လည်း
စိတ်ထဲမှာ မကောင်းဖြစ်မိတယ် မြင်ကွင်းတွေကတော့ အစုံပါပဲ ပြီးတော့ မြန်မာစကားကိုလည်း
ဖျက်လိုက်ကြသေးရဲ့ ဘယ်လိုပြောရမလည် သဘာဝလို့ပဲဆိုရမလားပဲ
ကိုယ့်ကိုကိုယ် ဝေဖန်ဆန်းစစ် မှု့လေးတွေ လုပ်ကြည့်ကြရင် ဥပမာ ငါ ဒီနေ့တင်လိုက်တဲ့
post က ငါ့အတွက်ဘာအကျိုးရှိသွားလည်း ငါ့အတွက်မရှိပေမဲ့ အများအတွက်ကောရှိရဲ့လား
လို့ တွေးရင် ပြသနာ ဆိုတဲ့ကိစ္စတွေ လျော့နည်းသွားနိုင်မယ်လို့ ထင်ပါတယ်
တချို့ ကြတော့လည်း ပျော်ရွှင်ဖို့တခုပဲ လို့ထင်တယ် တင်လိုက်တဲ့ post ကလည်း ကိုယ့်စိတ်ကြိုက်
ဖန်တီးတယ် copy လုပ်တယ် ဘဝရှေ့ရေးမတွေးပဲ ကိုယ့်ဘဝနဲ့ကိုယ်ပျော်နေကြ လုပ်ချင်တာတွေလုပ်နေ
ကြ တဲ့သူတွေကလည်းပေါ ဒါတွေရေးပြပြောနေတာက ဘယ်သူ့ကိုမှအပစ်ပြောခြင်း ရည်ရွယ်ခြင်း
မဟုတ်ပါဘူး ကိုယ့်ဘဝလေး အကြောင်းကို တွေးပြီး ကိုယ်လုပ်နေတဲ့ လုပ်ရပ်က မှားနေလား
မှန်လားဆိုတာ ခွဲခြားတက်စေချင်တဲ့သဘောပါ
ကောင်းတဲ့လူတွေလည်း အများကြီးရှိပါတယ် တကယ်ကိုယ်တိုင်လုပ်တယ် လုပ်သလိုလည်း
ပြောတယ် တခြားသူတွေကိုလည်း သိစေချင်ကြတယ် နည်းလမ်းတွေ ဝေငှကြတယ်
တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အသိပညာဗဟုသုတ အတက်ပညာဗဟုသုတ နည်းပညာဗဟုသုတ
တွေ အလားကားလိုလို ရနေတာပဲ တခုလေးဖြစ်ဖြစ် တက်အောင်သင်ထားမယ်ဆိုရင်
အသက်ကြီးလာတဲ့အခါ ကိုယ်သင်ထား တက်ထားတဲ့ ပညာလေးနဲ့ အေး၂ချမ်း၂ လုပ်စားလို့ မရဘူးလား
ခက်တော့ခက်တယ်ဗျ နိုင်ငံကလည်းတိုးတက်မှု့နည်းတာလား လူတွေကပဲ မသင်ယူမတက်မြောက်ကြ
တာလား မသိ ကြည့်လေဗျာ ပညာတက်တော်တော်မျာများ နဲ့ နည်းပညာဆရာကြီးတွေ နိုင်ငံခြားမှာပဲ
သူတို့ကို အပြစ်ပြောတာ မဟုတ်ဘူးနော် ဒီကလူတွေ မကြိုးစားကြတာကို ပြတာပါ တက်ဖို့ကျွမ်းကျင်ဖို့
မဟုတ်ပါဘူး ကိုယ်လုပ်လိုက်တဲ့ အလုပ်က ကိုယ့်အတွက်အကျိုးရှိရင်ရှိ ကိုယ့်အတွက်အကျိုးမရှိပေမဲ့
သူများအတွက်တော့ အကျိုးရှိတယ်လို့ တွေးတက်ရင်ကို လူတိုင်းတိုးတက်ဖွင့်ဖြိုးလာနိုင်မယ်ထင်ပါတယ်
"ငါဘာလည်း" ငါဘယ်နေရာမှာလည်း" ငါဘာလုပ်ရမှားလည်း" ဆိုတဲ့စကား သုံးခုဖြေတက်ရင်
ပညာရှိလို့ယူဆလို့ရတယ် တဲ့ ဆရာတော်ကြီးတပါး ဟောခဲ့တာပါ တကယ်လည်းလေးနက်တဲ့
မေးခွန်းပါ အမြင်ကတော့ ပေါ့ပေါ့တန်တန် လို့ထင်ကြမှာပဲ ကိုယ်တိုင်ဖြေကြည့်ပါ ဆိုလိုရင်းကတော့
ကိုယ်ဘာလည်းဆိုတာသိရင် နေရာတော့သိရမယ် နေရာသိရင်လည်း ဘာလုပ်ရတယ်ဆိုတာတော့
သိရမှာပေါ့ တကယ်လေးနက်တဲ့စကားပါ အခုဟာက ငါဘာမှန်းသိတယ် နေရာသိတယ် ဒါပေမဲ့
အရင်လုပ်သင့်တာမလုပ်ပဲ လုပ်ချင်တာကိုပဲ လုပ်နေကြတာဆိုတော့ ဖွင့်ဖြိုးတိုးတက်မှု့ဆိုတာ
ဖြစ်လာဖို့ အဝေးကြီး နေအုံးမှာပါ ဒါတွေကလည်း bloggerခရီးသွားအတွေးစာစု အတွေးတွေပါပဲ
ဘယ်သူကိုမှ အပစ်ပြောချင်း ရည်ရွယ်ပြီးရေးခြင်း မဟုတ်ပါဘူးနော်:::
အတွေးအခေါ်ဗဟုသုတ နည်းပညာဗဟုသုတများ အလွယ်တကူရှာဖွေနိုင်ကြပါစေ
komyobloggerခရီးသွားအတွေးစာစု
No comments:
Post a Comment