"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
ကျနော် စဉ်းစားမိတာလေး ရေးအုံးမယ်ဗျာ ဘာရယ်တော့မဟုတ်ပါဘူး အတွေးထဲကအတွေး
လေးတွေပါပဲ ကျနော်ကလည်း တခြားသူတွေကိုစဉ်းစားတွေးခေါ်တက်စေချင်တယ်
နည်းပညာတွေများများတက်ထားစေချင်တယ် ဒါမှ လည်းကိုယ်ဆုံးဖြတ်ချက်ချလိုက်တဲ့အရာဟာ
အမှန်ကန်ဆုံးမဖြစ်တောင်အမှားတော့နည်းသွားမှာပေါ့နော အဓိက ကကိုယ်လုပ်တဲ့အရာတခုကို
မလုပ်ခင် စဉ်းစားတွေးခေါ်တက်ဖို့ပါပဲ လုပ်ချင်တာပဲ သိတဲ့လူလည်းရှိတယ်လေ မှားတာမှန်တာ
မသိတော့ဘူး လုပ်ပြီးမှမှားမှန်းသိကြတာများပါတယ် ဒါကြောင့်ဘယ်အရာမဆို မလုပ်ခင်စဉ်းစား
တဲ့အကျင့်လေး ရှိစေချင်လို့ပါ အခုဖုန်းကိုင်ကြတဲ့လူတွေကြည့်လေ ကိုင်ချင်တာပဲသိကြတာများတယ်
ဖုန်းနဲ့ဘာတွေအသုံးပြုနိုင်တယ် ဆိုတာကြ လေ့လာတဲ့သူနည်းတယ်လေ ဖုန်းနဲ့စကားပြောမယ်
game ဆော့မယ်သီချင်းနားထောင်မယ် ဒီလောက်ပဲ သိနေကြသေးသူတွေအများကြီးရှိနေသေးတယ်
တကယ်လေ့လာမယ်ဆိုရင် ကိုယ့်ဘဝအတွက် အများကြီးအထောက်အကူရပါတယ်
စာများများဖတ် ကိုယ့်ထက်သိနားလည်းသူတွေဆီမှာ မေးသင့်တာမေး ရှက်စရာမလိုပါဘူး
စာဖတ်ဆိုပေမဲ့ ဘယ်လိုစာကိုဖတ်ရင် ဘာသိရမယ်ဆိုတာလေးတော့ သဘောပေါက်ဖို့လိုတာပေါ့နော
စာတွေတော့ဖတ်နေတာပဲ အသိပညာဗဟုသုတအတက်ပညာဗဟုသုတကမရဘူးဆိုတဲ့သူက
ကိုယ်ဖတ်တဲ့စာက အတက်ပညာအသိပညာပေးတဲ့စာတွေ ဟုတ်ရဲ့လားဒါလည်း ပြန်ကြည့်ဖို့တော့
လိုတာပေါ့ သတင်းစာဖတ်ရင်တော့ သတင်းပဲသိရမယ်လေ ဝတ္ထုဖတ်ရင်တော့ ပုံပြင်လိုပဲ သိရမှာပေါ့
ဒါကြောင့် ဘာလုပ်သင့်တယ်ဆိုတာလေးတော့ စဉ်းစားစေချင်ပါတယ် အချိန်ကအရမ်းတန်ဖိုးရှိတယ်
ဆိုတာ လူတိုင်းသိကြပေမဲ့ တန်ဖိုးထားပြီး အချိန်ကိုအကြိုးရှိရှိ အသုံးချသူကနည်းပါတယ်
ဒါကြောင့်လည်း တိုးတက်မှု့တွေနှေးနေကြတာနေမှာပေါ့ တကယ်တာအချိန်ကိုတန်ဖိုးရှိအောင်
အသုံးချမယ်ဆိုရင် တိုးတက်ပြောင်းလည်းမှု့ဆို ခဏလေးအတွင်း မြင်တွေ့ရမှာ သေချာပါတယ်
များသောအားဖြင့်လူတွေက ကိုယ့်အလုပ်နဲ့ကိုယ်မအားကြတဲ့သူတွေပါပဲ ဒါပေမဲ့ မအားလို့မလုပ်နိုင်တာ
မလေ့လာနိုင်ကြတာလို့တော့မဖြစ်စေချင်ပါဘူး အားတဲ့အချိန်လေးတော့ရှိကြမှာပါ ယူတက်ရင်
ရပါတယ် သိချင်စိတ်တက်ချင်စိတ်လေး ရှိဖို့ပဲလိုပါတယ်
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment