"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
ကျနော် FB ထဲကpostတခုမှာ မန့်ထားကြမေးထားကြတာတွေတွေ့ရတော့
အော်ဘာမှကိုမသိသေးတဲ့သူတွေ အများကြီးရှိနေကြပါသေးလားလို့ စိတ်ထဲမကောင်းဖြစ်မိပါတယ်
ဟုတ်တော့လည်းဟုတ်မှာပါ Facebook အကောင့်တခုလေးတောင်သူများဆီကဝယ်ပြီး
သုံးနေကြသူတွေက အများကြီးပါ ကိုယ်တိုင်ဖွင့်ပြီးသုံးဖို့ စိတ်မကူးကြဘူး အခုဖုန်းတွေနဲ့ဆို
လွယ်လွယ်လေးပါ သူဖြည့်ခိုင်းတာတွေ ဖြည့်ပီးရင်ရတာပဲ အရင်တုန်းကဆို အကောင့်တခုအရင်လုပ်
ရတယ် အကောင့်ရှိတိုင်းလည်းမရဘူး အခုဖုန်းတွေနဲ့ဆိုရင် 10မိနစ်ပါပဲ တကယ်လွယ်ပါတယ်
အကောင့်ဘယ်လိုဖွင့်ရတယ်ဆိုတာလည်း နည်းပညာဆရာကြီးတွေက ဝေငှထားပါတယ် မလေ့လာလို့
မသိတာပါ နဲနဲဖြစ်ဖြစ်လေ့လာကြည့်ပါ အရမ်းလွယ်ပါတယ် ပြီးတော့ မြန်မာလိုတွေလည်းလုပ်လို့ရနေတာပဲ
ဘာဖြစ်လို့လုပ်မကြည့်ချင်ကြတာလည်းမသိဘူး ကိုယ့်တိုင်အားလေးစိုက်ထုတ်ကြည့်ကြစမ်းပါ စူးစမ်းကြပါ
လက်တွေ့လုပ်မှ ခက်တယ်လွယ်တယ်ဆိုတာ သိမှာပေါ့ ကိုယ်တိုင်လုပ်မကြည့်သေးပဲနဲ့ တော့ ဘယ်အရာ
မဆို ခက်နေမှာပါပဲ တခုခုတော့ကြိုးစားကြည့်ပါ အောင်မြင်မှာပါ
တချို့လူတွေမေးထားတာရှိတယ် blog ကဘာလည်းတဲ့webကဘာလဲတဲ့ ဒါတွေကလေ့လာနိုင်ရင်
သိပါတယ် ကိုယ်မလေ့လာပဲနဲ့ မေးနေယုံနဲ့ တော့ အတိအကျ ဘယ်သိပါ့မလဲ ဒါကြောင့် ကိုယ့်အားလေး
စိုက်ပီး လေ့လာကြည့်ဖို့တိုက်တွန်းပါတယ်ဒီအတိုင်းဖြေပေးပေမဲ့ နားလည်ဖို့မလွယ်ပါဘူး ဘာဖြစ်လို့
လည်းဆိုတော့လေ့လာမှု့ အရမ်းကိုအားနည်းနေကြသေးလို့ပါ ကိုယ်ကိုင်နေတဲ့ဖုန်းရဲ့ အမျိုးအစား
ဖုန်းထဲမှာပါတဲ့ အကြောင်းလေးတွေကအစ ဂဃနဏ မသိသေးသူတွေ အများးကြီး ပိုက်ဆံလေး
တက်နိုင်လို့သာဖုန်းအလတ်တန်းစား အကောင်းစားလေးတွေဝယ်ကိုင်ကြတာ ဒါကလည်းသူများတွေက
ဒီလောက်တန်မှကောင်းတာ ဟိုလောက်တန်မှကောင်းတာလို့ပြောသူရှိလိုသာဝယ်လိုက်ကြရတာပါ
ဘာကောင်းတယ်ဆိုတာလည်း သိကြသူကနည်းပါတယ် ဒါကြောင့် ကိုယ်တိုင်လေ့လာကြပါလို့
လုပ်ကြည့်လေ့လာကြည့်မှ သိရမှာဆိုတာ စဉ်းစားစေချင်ပါတယ်
komyobloggerခရီးသွားအတွေးစာစု
No comments:
Post a Comment