"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
မိတ်ဆွေတို့ရေ အတွေးထဲကအတွေးလေးတွေကိုတော့ တွေးရင်းရေးရင်းဖတ်ရင်းနဲ့တော့
အချိန်မကုန်ပါစေနဲ့နော် လက်တွေ့အကောင်အထည်ဖော်ဖို့ကအရေးကြီးတယ် ဒါကြောင့် ကိုယ်
သိချင်တက်ချင် တဲ့အကြောင်းကစပြီးအခုပဲ စပြီးလေ့လာကြည့်ပါ လုပ်ကြည်ပါ နောက်ကြတယ်ဆိုတာ
မရှိပါဘူး ကိုယ်တိုင်လုပ်ကြည့်တော့ကိုယ်တိုင်သိတာပေါ့နော www.google.com မှာကိုယ်လိုချင်တာ
ရှာပါ မြန်မာလိုရှာလည်းရပါတယ် ကိုယ်နားလည်သလို ကိုယ်သိသလိုတာလုပ်ကြည်ပါ
ကိုယ်တိုင်လုပ်ကြည့်တာက သူများပြောတာထက်ပိုသိရတာပေါ့ သင်တန်းတက်မှ လေ့လာလို့ ရတာ
မဟုတ်ပါဘူး ကိုယ့်ရဲ့ဖုန်းလေးက ကိုယ်သိချင်တာတွေ ရှာပေးနိုင်ပါတယ် ဘာပဲရှာရှာ ရှိပါတယ်
အနီးစပ်ဆုံးဖြစ်အောင်တော့ ရှာပေးပါတယ် နည်းပညာမျိုးစုံ အသိပညာမျိုးစုံ အတက်ပညာမျိုးစုံ
အကုန်ရှိပါတယ် ရှာရင်းဖွေရင်းနဲ့လည်း အချိန်မကုန်ပါစေနဲ့
လူတိုင်းကကိုယ့်အလုပ်နဲ့ကိုယ်လုပ်နေကြရပေမဲ့ မအားလို့ မလေ့လာရဘူးဆိုတာတော့
မဖြစ်စေချင်လို့ပါ အလုပ်အားတဲ့အချိန် အလုပ်ပြန်တဲ့အချိန်လေးမှာ gameဆော့တာ facebook
သုံးတာလေးလျော့ပြီး လေ့လာလိုရပါတယ် ကိုယ့်ဘဝ တက်လမ်းအတွက်အချိန်လေးတော့
မျှသုံးရင် တနေ့မဟုတ်တနေ့တော့ တိုးတက်အောင်မြင်လာမှာပါ ကိုယ်တိုင်အားစိုက်ပါ
ယုံကြည့်မှု့အပြည့်ထား ဘာပဲဖြစ်ဖြစ်တခုခုကိုစောက်ချပြီးလေ့လာပါ လေ့လာစရာတွေက
အများကြီးရှိပါတယ် ကိုယ်နဲ့ လက်လှမ်းမှီတာလေးကို အရင်စပြီးလေ့လာစေချင်ပါတယ်
သိသူတက်သူနားလည်သူတွေ များလေ တိုင်ပြည်ကြီးလည်း ဖွင့်ဖြိုးတိုးတက်တာမြန်မယ်
ကိုယ့်လည်း အလုပ်တခုလုပ်ရင်စမ်းတဝါးဝါး မဖြစ်တော့ဘူးပေါ့ဗျာ
Game ဆော့တာ facebook သုံးတာလေးတွေက ပျော်ရွှင်မှု့ရပေမဲ့
လုံးဝမသုံးဖို့ပြောတာမဟုတ်ပါဘူး facebook ဆိုတာကလည်း အသိပညာတွေ အတက်ပညာတွေ
နည်းပညာတွေ အများကြီးရှိပါတယ် ယူတက်ရင်တော့ရတာပေါ့ လူတော်တော်များများက
facebook ကို နားမလည်ပဲနဲ့သုံးတယ် ပြီးတော့ အချောအလှလေးတွေကိုမှ ရွေးပြီး
fri လုပ်ကြတာ အတုလားအစစ်လားမသိ အတုကြီးလည်းသိရောနောက်တယောက်ထပ်ရှာပြန်ရော
facebook ကတကမ္ဘာလုံး သုံးနေကြတာပါ အမှန်အကန်ရှိသလို အလိမ်အညာတွေလည်း
ပေါများတယ် ကြုံဖူးကြသူတွေ ရှိကြပါတယ်သိကြပါတယ် မိတ်ဆွေကောင်းသူငယ်ချင်းကောင်း
ဆိုတာကလည်း ချောမှလှမှရယ်မဟုတ်ပါဘူး အချောအလှတွေက ပိုပြီးကြောက်ရသေးတယ်
ဘာဖြစ်လို့လည်းဆိုတော့ ဟိုသီချင်းထဲကလိုပေါ့ဗျာ အလှပဗန်းပြပြီးတကယ် ငါ့ဘဝပျက်အောင်
ပြု စားရက်တယ် ဆိုလားကြားဖူးကြမှာပါ စိမ်းသရဖူ စိမ်းပေါ့ဗျာ
အဓိကကတော့ တင်ထားရေးထားတဲ့post တွေက မိတ်ဆွေကောင်းသူငယ်ချင်းဆိုတာ
သိရပါတယ် ရုပ်အလှလေးကြည့်ပြီး ဝေဖန်လို့တော့မရဘူး မို့လား တင်ထားရေးထားတဲ့
postတွေက သူတို့ရဲ့ အတွင်းစိတ်ကို အနည်းနဲ့အများတော့ ဖော်ပြနေကြတာပါပဲ
ကိုယ်ကစဉ်းစားတွေးတောပြီးမှတာ လက်ခံ မိတ်ဖွဲ့အကောင်းဆုံးပါပဲ
ဒါတွေကလည်း bloggerခရီးသွားအတွေးစာစုရဲ့အတွေးလေးတွေပါ ဘယ်သူကိုမှ
ရည်ရွယ်ပြောချင်းမဟုတ်ပါဘူး နားလည်ပေးကြပါလို့ ::::
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment