ုkomyo ခရီးသွားအတွေးစာစု

Thursday, 1 September 2016

ြိုကိုစားပြီး လုပ်ကြည့်ပါ ----

"မင်္ဂလာပါ " bloggerခရီးသွားအ​တွေးစာစု ကိုနားလည်​​ပေပြီး အား​ပေးတဲ့အတွက်​ ​ကျေးဇူးကမ္ဘာပါ:::::
         
              လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီရှိကြမယ်ထင်ပါတယ် ရည်မှန်းချက်က ကြီးသည်ဖြစ်စေ

ငယ်သည်ဖြစ်စေ ရည်မှန်းချက်ရည်ရွယ်ချက်ဆိုတာ ထားကိုထားရမှာပေါ့ တချို့ကြတော့လည်း

ဖြစ်သလိုနေတက်ကြတယ် သူတို့စိတ်ထဲ ပါးစပ်ထဲကတော့ ပြောနေကြတာပါဘဲလက်တွေ့ဖြစ်အောင်

လုပ်တဲ့သူက ရှားပါတယ် ဘဝတခု တည်ဆောက်ဖို့ဆိုတာ မလွယ်ကူပါဘူး အဘက်ဘက်က ပြည့်စုံမှ


ဘဝတခုကခိုင်မြဲမယ် ပျော်ရွှင်မယ်မဟုတ်လား အလိုပြည့်စုံဖို့ဆိုတာကလည်း လေ့လာမှု့ကြိုးစားအားထုတ်

မှု့တော့လိုတာပေါ့  အလုပ်ကလေးလည်းရဝင်ငွေလည်းရဆိုပြီးပျော်နေလို့တော့ ဘယ်ဖြစ်မလည်း

ဒီထက်မက ဝင်ငွေတိုးဖို့ စဉ်းစားရမယ်  ဒီအလုပ်လုပ်နေမှတော့ ဘယ်လိုလုပ်တိုးအောင်ရှာမလည်းလို

ဆိုသူတွေရှိချင်ရှိလိမ်မယ်  လွယ်ပါတယ်ဗျာ ချွေတာစုဆောင်း သူဌေးလောင်းလို့တောင်ဆိုထားကြတာပဲ

အဓိကကတော့ ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေ မျှတရမယ်လေ မျှတယုံနဲ့ မပြီးသေးဘူး ၁၀ ပုံတပုံတော့

စုနိုင်ရအုံးမယ် ဒါက ရှေ့ရေးအတွက် မထိမကိုင်ရစုနိုင်ရမယ်  စကားတခုကြားဖူးကြမှာပါ  စုပြီးမှ ပိုတာကို

စားပါ စားပြီမှ ပိုတာကိုမစုပါနဲ့တဲ့ ဒါကိုမလုပ်နိုင်ကြတာများပါတယ် ဒါကြောင့်လည်း အဆင်မပြေမှု့တွေ

ဖြစ်လို့ မလောက်မငှဘူးပြောနေကြတာပေါ့  စုကြည့်လိုက်ပါ လက်တွေ့လုပ်ကြည့်လိုက်ပါ  အိမ်မှာဈေး

ရောင်းတယ်ဆိုရင်လည်း တနေကို  တထောင်တထောင်စုကြည့်ပါ လုံးဝပြန်မသုံးပါနဲ့နေ့တိုင်းစုဖြစ်အောင်

တာစုပါ လတွေနှစ်တွေပြောင်းလာတာနဲ့ ကိုယ်စုထားထဲ့ အိုးကြီးကလည်းပြောင်းလည်းလာမှာပါ

အချိန်တိုလေးအတွင်း နဲ့တော့ လုပ်လို့မဖြစ်ဘူးနော်  တကယ်တွက်ကြည့်မယ်ဆိုရင် ငွေတထောင်ဟာ

တန်ဖိုးမရှိသလိုပါပဲ ငွေတထောင်ကို ယောကျာင်္းလေးသုံးတာနဲ့ မိန်းကလေးသုံးတာတောင်မတူပါဘူး

မိန်းကလေးတွေက တထောင်ဖိုးဆိုရင် အမယ်စုံအောင် ဝယ်စားတက်တယ် ယောကျာ်လေးတွေကတော့

ကွမ်းစား ဆေးသောက်တာတောင်မလောက်ဘူးဗျ တန်ဖိုးထားတာခြင်းလည်း မတူဘူးလေ

ဘယ်အရာမဆို ကိုယ်ကတန်းဖိုးထားနိုင်ရင်အကောင်းဆုံးပါပဲ  ကိုယ်ကငွေကို တန်ဖိုးထားရင်

ငွေကလည်း ကိုယ့်အပေါ်ကို ပြန်ပြီးတန်ဖိုးထားပါတယ်  ဥပမာ ပစ္စည်းတခုကိုကြိုက်လို့ဝယ်လိုက်တယ်

ကိုယ်ကကြိုက်လို့ဝယ်ခဲ့ပြီး အိမ်မှာထားချင်သလိုထားရင် ကြာရှည်အသုံးခံပါ့မလား တယုတယနဲ့

ထားပြီးကိုင်ကြည့်ပါ့လား အကြာကြီးခံပြီးပျင်းသွားအောင်ကို ဖြစ်သွားလိမ်မယ် ဒါတွေကလည်း

လူတိုင်းသိပြီးသားတွေပါ ဒါပေမဲ့ အကောင်အထည်မဖော်နိုင်ကြဘူး

            စာအုပ်တအုပ် တော်တော်ကောင်းတယ်  ချစ်မိတ်ဆွေတို့ ဖတ်ဘူးချင်ဖတ်ဖူးပါလိမ်မယ်

စာအုပ်နာမည်က "ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် "တဲ့ရှာပီး ဖတ်ကြည့်ပါ အရမ်းကိုကောင်းတယ်

အဲဒီစာအုပ်လေးဖတ်ပြီးရင် တခုခုကို ပြောင်းလည်းသွာမှာပါ ကျနော်ဖတ်ခဲ့တာတော့ ကြာခဲ့ပီ

ကျနော်ဘဝလည်း တိုးတက်ပြောင်းလည်းမှု့တွေရှိခဲ့ပါတယ် ဒါလည်း လက်တွေ့ လုပ်နိုင်မှဖြစ်မှာနော်

ကြိုးစားကြည့်ကြပါ အောင်မြင်ကြပါစေ;;;;

    komyobloggerခရီးသွားအတွေးစာစု
                  

No comments:

Post a Comment