"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
ဘဝတခုကို တိုးတက်ကြီးပွားဖို့  ပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ ဆိုတာ တကယ်လက်တွေ့
လုပ်နိုင်မှသာ ပန်းတိုင်ဆိုတာရောက်မှာပါ ပါးစပ်ကပဲ ကြီးပွားချင်တယ်တိုးတက်ချင်တယ် ဆိုပြီး
ပြောနေယုံနဲ့တော့မဖြစ်ဘူးဆိုတာလည်း လူတိုင်းသိကြပါတယ် ဘဝတခုတိုးတက်ကြီးပွားဖို့ ဆိုတာ
အချိန်ခဏလေးနဲ့ လုပ်ယူလို့ မရပါဘူး ဇွဲရှိရှိ လုံးလဝရိယရှိရှိနဲ့ ရေရှည်ကြိုးစားနိုင်မှာ အောင်မြင်မှု့
ပန်းတိုင်ဆိုတာ တွေ့ရမှာပါ ကြီးပွားတိုးတက်နေကြတဲ့ ပုဂ္ဂိုလ်တွေ လျှောက်လှမ်းခဲံ့ကြတဲ့ဘဝတွေက
အချိန်တိုလေးအတွင်းမှာအောင်မြင်ခဲ့ကြတာ မဟုတ်ပါဘူး အချိန်တွေများစွာ ဖြတ်သန်းခဲ့ရတာပါ
အဆင်ပြေတာတွေရှိသလို အဆင်မပြေခဲ့တာတွေလည်း ကြုံခဲ့ကြရတာပါ အဆင်မပြေတဲ့အချိန်မှာ
စိတ်ဓာတ်ကျမသွားဖို့ အရေးကြီးဆုံးပါ အချိန်များစွာဆိုတာက နှစ်ချီပြီးဖြတ်သန်းရတာပါ
တချို့လူတွေက အခုလိုအချိန်အကြာကြီးဖြတ်သန်းဖို့ ကို စိတ်မဝင်စားကြသလို စိတ်လည်းမရှည်ကြဘူး
ဥပမာ လှေကားထစ်တွေကို တဆင့်ခြင်းနင်းပြီးတက်တာက ဖြေးဖြေးမှန်မှန်နဲ့ ထိပ်ကိုရောက်ဖို့ 
သေချာပြီးသားပါ ခုန်ပြန်ကျော်လွှားတက်မယ်ဆိုရင် ထိပ်ကိုရောက်ဖိုဆိုတာ မသေချာဘူးမို့ လား
ဘယ်အချိန်အရှိန်လွန်ပြီးချော်ကြမယ်ဆိုတာ မသိရဘူးလေ ဒါလည်းလူတိုင်းသိကြပါတယ်
လူတွေရဲ့အတွေးအခေါ်လေးတွေက အရမ်းအားနည်းနေကြတော့ ဘဝတခုတိုးတက်ပြောင်းလဲ
ဖို့ ဆိုတာ မလွယ်နိုင်ပါဘူး အထင်သေးလို့ ပြောခြင်းမဟုတ်ပါဘူး ကျနော်တို့ နိုင်ငံမှာက
ကြီးပွားတိုးတက်ချင်တာပဲသိတယ် လက်တွေ့ကျတော့ မကြိုးစားချင်ကြသူတွေ လက်တွေ့မလုပ်နိုင်
ကြသူတွေက အရမ်းကိုများနေတာ ပြီးတော့ ကိုယ်ထက်သာရင်မနာလိုစိတ်က ဖြစ်လိုက်သေး
အလုပ်ရုံတခုမှာ ကိုယ်ကအရင်ရောက်ပေမဲ့ ကိုယ့်နောက်မှရောက်တဲ့သူက ဘာကြောင့် လုပ်အားခ
ပိုရတာလည်းဆိုတာ မတွေးပဲနဲ့ လိုက်ယှဉ်ပြီး မကျေမနပ်ဖြစ်နေကြတဲ့သူတွေကအများကြီး
တကယ်တော့ သူကနောက်မှရောက်ပေမဲ့ အလုပ်လုပ်တဲ့ နေရာမှာ တွေးခေါ်မှု့ကြိုးစားမှု့ ဖြတ်ထိုးဥာဏ်
ရှိမှု့တွေက အရင်ရောက်သူထက်သာတယ်လေ စက်ရုံမှာနှစ်ပေါင်းများစွာနေပြီး ဘယ်အလုပ်မှ
ကျွမ်းကျွမ်းကျင်ကျင်မရှိဘူးဆိုရင် ကိုယ့်ကိုကိုယ်တွေးဖို့ တော့လိုတာပေါ့နော
အရင်ရောက်မှ အသက်ကြီးလို့ ဆိုတာမျိုးတွေကလုပ်အားခ ပိုရရမယ်ဆိုတာတော့ မဖြစ်သင့်ဘူးထင်
ပါတယ် တကယ်တာဝန်ယူမှု့ကတော့ ရှိရမယ်လေ ဒါကိုနားလည်နိုင်ရင်တော့ ပြသနာဆိုတာတော့
မဖြစ်နိုင်ပါဘူး ဒါမှအေးချမ်းပျော်ရွှင်စွာနဲ့ အလုပ်လုပ်လို့ ရမှာပေါ့
ပြီးတော့ ကိုယ်ကဘာအလုပ်လုပ်ရမှာလည်း ကိုယ်လုပ်ရမဲ့အလုပ်က ဘယ်လိုပုံစံတွေလုပ်ရတာလည်း
ဆိုတာတော့ သိဖို့ လိုတာပေါ့ ကိုယ်လုပ်ရမဲ့အလုပ်ကဘာမှန်းလည်းမသိ တာဝန်လည်းမယူတက်
ဆိုမှတော့ သူများနဲ့ တော့လိုက်တုလိုမရတော့ဘူးလေ
အရင်ရောက်တာပဲဖြစ်ဖြစ် နောက်မှရောက်တာပဲဖြစ်ဖြစ် အလုပ်ကို စိတ်ပါလက်ပါနဲ့ ကြိုးစား
တဲ့သူကတော့ လုပ်အားခတော့ ပိုရမှာပါပဲ ဒါပေမဲ့ လူလည်လုပ်ပြီး လူကြီးတွေလာမှ လုပ်ပြတာမျိုး
ဆိုတဲ့စိတ်လေးတွေတော့ အတက်နိုင်ဆုံးဆင်ခြင်ကြပါလို့ ပြောပါရစေ
ကိုယ့်ရဲ့စိတ်တွေတည်စွာနဲ့အလုပ်လုပ်နိုင်ဖို့ အတွက် စာတွေ များများဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment