"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
"လူတိုင်းမရနိုင်တာ ယုံကြည်မှု့ပါပဲ "ဒီယုံကြည်မှု့ကိုထားနိုင်ကြမယ်ဆိုရင် ကမ္ဘာကြီးတောင်
အေးချမ်သွားနိုင်မယ်ထင်ပါတယ် ဒါပေမဲ့လူတိုင်းမပြောပါနဲ့ မိသားစုလေးမှာတောင် ယုံကြည်မှု့က
အမှန်အကန်မထားနိုင်ကြတော့ပါဘူး မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာလည်း မိသားစုတွေ ပြသနာဖြစ်ကြတာ
တွေ့ဖူးကြမှာပါ တကယ်တော့ ဒါယုံကြည်မှု့ မရှိကြလို့ ပါ တယောက်ကိုတယောက် အမြင်တွေစောင်း
အထင်တွေမှား မနာလိုစိတ်တွေပွားလို့ ဖြစ်ကြရတာပါ ပြီးတော့ တည့်နေသူအချင်းချင်းတောင်
ကြားထဲကမနာလို ဝန်တိုစိတ်တွေပွားပြီး တဖတ်လူကို သေးသေးလေးကနေအကြီးကြီးဖြစ်အောင်ပြော
အမျိုးမျိုး ဝေဖန်ပြောနေကြတာ မိတ်ဆွေတို့ လည်း မြင်တွေ့ဖူးကြမှာပါ အဓိကကတော့ ကိုယ့်ထက်သာ
မနာလို ဖြစ်ကြပြီး အမြင်တွေစောင်းယုံကြည်မှု့တွေ ပျောက်ကွယ်ကုန်ကြတာပေါ့ ကိုယ့်ထက်သာ
မနာလိုစိတ်လေးတွေ ပြီးတော့ အမြင်စောင်းတဲ့ အမှူအကျင့်တွေ မရှိကြဘူးဆိုရင် အရမ်းကို
အေးချမ်းပျော်ရွှင်တဲ့ ဘဝတွေ ပိုင်ဆိုင်ကြမှာမလွဲပါဘူး ဒါကလည်းကိုယ်တိုင်ကျင့်နိုင်မှသာ
အဆင်ပြေမှာပါ လူတိုင်းထားနိုင်မှပေါ့ ကိုယ့်ဘယ်လိုလူလည်းဆိုတာတော့ ကိုယ့်ထက်တော့
ဘယ်သူမှ မသိကြပါဘူး နော သိသိကြီးနဲ့ မကောင်းတာကိုလုပ်နေကြတာပါ မကောင်းတာ
ဆိုတာကအများကြီးနော် အမျိုးမျိုးပါပဲ မကောင်းတာလုပ်ပြီး လူကောင်းဟန်ဆောင်ပြတဲ့သူတွေလည်း
အများကြီး ကောင်းတာလုပ်နေပြီး အကောင်းမမြင်ကြသူတွေလည်းအများကြီး အဲတော့
ကိုယ်ကလည်း ဘယ်လိုလူလည်းဆိုတာ ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်ရင်သိပါတယ်
တကယ်တော့ ဘာမှဟုတ်တဲ့ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ကြောင့် လူတွေဒုက္ခ ခံနေကြရတာပါ
ကူညီဖေးမ ရိုင်းပင်းကြမယ်ဆိုရင် ပျော်စရာတွေပေါတဲ့ ဘဝကြီးဖြစ်မှာပါ
တယောက်ယောက်က သူသိထားတက်ထားတာလေးတွေ ရေးပြပြောပြရင် တခြားတယောက်က
ဖျက်လို့ ဖျက်ဆီး ကပ်သီးကပ်သပ်ဝေဖန်ကြတာလည်း ပေါမှပေါ တကယ်တန်းကြတော့
မလုပ်သင့်တဲ့အမှုအရာလို့ ထင်ပါတယ် စိတ်ကောင်းရှိမယ်ဆိုရင် ရေးသူမှားတာလေးပဲဖြစ်ဖြစ်
လိုခဲ့တာလေးပဲဖြစ်ဖြစ် ပိုခဲ့တာလေးပဲဖြစ်ဖြစ် ကောင်းသောဝေဖန်ခြင်းနဲ့ထောက်ပြပြီး
ပြောရင်လည်းမရဘူးလား လူတိုင်းကို မပြောလိုပါဘူး အကောင်းနဲ့အဆိုး အမှားနဲ့ အမှန်
အချစ်နဲ့ အမှုန်း စသဖြင်း အမြဲဒွန့် တွဲနေကြပေမဲ့ အကောင်းဆုံးဖြစ်ဖို့ အတွက် အတက်နိုင်ဆုံး
အကောင်မြင် ဝါဒလေးနဲ့ ဘာဖြစ်လို့ မကြည့်နိုင် မမြင်နိုင်ကြမလည်း အေးချမ်းတဲ့ဘဝ
သာယာတဲ့ဘဝ တွေကို ပိုင်ဆိုင်ဖို့ ဆိုရင်တော့ ကိုယ့်ဘာလုပ်သင့်လည်း ကိုယ်ဘယ်လိုလူအဖြစ်
နေမလည်း ဆိုတာကိုတော့ လူတိုင်းသိကြမှာပါ ::
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment