"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
လူတွေအကြောင်း တွေးရင်းရေးရင်းနဲ့ စိတ်ထဲမကောင်းဖြစ်မိပါတယ် ဘာဖြစ်လို့ လည်းဆိုတော့
အဓိကတရားခံကတော့ အတွေးအခေါ် မရင့်ကျတ်ကြလို့ ပါပဲ ဒီလိုအဖြစ်အပျက်တွေကလည်း နယ်ဘက်
တွေမှာပဲ ဖြစ်တာများပါတယ် ဒါကလည်းကိုယ့်ရဲ့အသိတွေဆီကသိရလို့ သာနယ်ကလို့ ပြောရတာပါ
တခြားမြို့တခြားနယ်တွေမှာလည်း အလိုအဖြစ်အပျက်တွေ ရှိချင်ရှိမှာပါ ယုံအောင်ပြောကြတော့လည်း
အတွေးအခေါ်ရင့်ကျတ်မှု့မရှိကြတော့ ယုံမိကြတာပေါ့ အဖြစ်အပျက်ကဒီလိုပါ ဖုန်းနဲ့လိမ်လည်လုပ်စား
နေကြတာလေ "လူကြီးမင်းရဲ့MPT 1500 တန်ဖုန်းကဒ်ကံစမ်းမဲပေါက်လို့ ပါ သိန်း၃၀၀တဲ့ "ဘာမှနားမလည်
အတွေးအခေါ်ကမရင့်ကြတ်တော့ သူတို့ ကလည်း သိန်း၃၀၀ဆိုတော့ပျော်သွားကြမှာပေါ့နော ဒါနဲ့
"လူကြီးမင်းခင်များ သိန်း၃၀၀ထုတ်ဖို့ အတွက် လူကြီးမင်းတို့ ထံမှ ၈သိန်းကို နီးစပ်ရာဘဏ်ကနေ
ရန်ကုန်ဘဏ်ကိုလွှဲပေးပါ ပုဂ္ဂလိကဘဏ်ကနေတော့ မလွှဲပါနဲ့တဲ့"အလိုပြောတော့ အလိမ်ခံရတဲ့
သူတွေကလည်းယုံလွယ်ပြီး ငွေလွှဲသွားကြတာပေါ့ ဘဏ်မရောက် ခင်မှာပဲ သူတို့ မိတ်ဆွေရဲ့ပြန်ပြောမှု့
ကြောင့်လိမ်ညာပြောမှန်း သိပြီးငွေမလွဲပဲပြန်ခဲ့ကြလို့  အလိမ်ခံရမှု့ကနေသီသီလေးလွတ်သွားတာပေါ့
နောက်ထပ်သိရတာက လူကြီးမင်းဖုန်းကဒ်ကံစမ်းမဲပေါက်လို့  မှန်ထောင်TVတဲ့ လာထုတ်နိုင်မလားမေး
တော့ အလိမ်ခံရသူက အလုပ်ကမအားတော့ မလာနိုင်ပါဘူးလို့ ပြောလိုက်တော့ ဒါဆိုလဲရပါတယ်
လိပ်စာတာပြောပါ အရောက်ပို့ ပေးလိုက်ပါ့မယ် တန်ဆာခကဘယ်လိုလုပ်မလည်းတဲ့ "အလိမ်ခံရသူက
လည်းရပါတယ်ဘယ်လိုလုပ်ပေးရမလည်းပြောဆိုတော့ လိမ်ညာတဲ့သူတွေကလည်း "ဒါဆိုလည်း
mpt နဲ့ oreedoo ဖုန်းကို ငွေ သုံးသောင်းဖိုးစီထည့်လိုက်တဲ့ ဒါနဲ့ အလိမ်ခံရသူကလည်း ဖုန်းငွေဖြည့်ကဒ်
တွေကို တဆိုင်ဝင်တဆိုင်ထွက် လိုက်ဝယ်နေတော့တာပဲ ပြီးတော့ ထည့်ပေးလိုက်တယ်တဲ့ဗျာ
ငွေဖြည့်ပြီး သူလည်းကံစမ်းမဲကြီးကို မျှော်နေမိတာပေါ့ တရက်မလာတရက်မလာနဲ့ဆိုတော့ နောက်ဆုံး
လိမ်သွားမှန်းသိလိုက်ရတော့တာပေါ့ သူတို့ တွေလိုပဲ အလိမ်မခံရအောင် ဂရုစိုက်ပြီးနေကြပါလို့ 
အလကားရတဲ့ ကံစမ်းမဲဆိုတာတွေကို မမက်မောကြပါနဲ့ဗျာ ကိုယ်လုပ်မှကိုယ်ရတာက အသေချာဆုံးပါ
လူတိုင်းက ကိုယ့်စိတ်လိုမဟုတ်ကြဘူးဆိုတာကိုတော့ နားလည်းထားစေချင်ပါတယ်
လိမ်တဲ့သူတွေကတော့ နည်းမျိုးစုံနဲ့ ပြောင်းပြီးလိမ်နေကြအုံးမှာပါပဲ သတင်းစာတွေထဲ စာစောင်
တွေထဲကနေ အတည်အလင်းမကြေညာပဲနဲ့တော့ ကံစမ်းမဲဆိုကို မယုံမိကြဖို့လေ့လာပြီးစဉ်းစားဆုံးဖြတ်
ကြပါလို့  အလိမ်အညာဘေးမှ ကင်ဝေးကြပါစေ
komyoblogger ခရီးသွားအတွေးစာစု

No comments:
Post a Comment