ုkomyo ခရီးသွားအတွေးစာစု

Monday, 12 September 2016

ဘာမှမလုပ်ခင် အရင်နားလည်အောင်-----------

"မင်္ဂလာပါ " bloggerခရီးသွားအ​တွေးစာစု ကိုနားလည်​​ပေပြီး အား​ပေးတဲ့အတွက်​ ​ကျေးဇူးကမ္ဘာပါ:::::

                  ဖုန်းတွေ စပေါ်ချိန်တုန်းကဆိုရင် ကလေးလူကြီး ဝယ်လိုက်ကြတာ သုံးလိုက်ကြတာ

ပြောလိုက်ကြတာ မျက်စိတွေကို နောက်နေရတယ် အခုများကြတော့လည်း ဖုန်းပြောရမှာကို 

နဲနဲလန့်နေကြသလို တွေ့ရတယ် ဘာဖြစ်လို့ လည်းဆိုတော့ ဖုန်းဘေခဏခဏ ဖြည့်ရတဲ့ဒဏ်ကို


လူတော်တော်များများမခံစားနိုင်ကြတော့ဘူးလေ အကြောင်းရှိလို့ ဖုန်းဆက်ချင်ရင်တောင် ငါ့ဖုန်း

ဘေမရှိလို့ ပြန်ခေါ်လိုက်တဲ့ ဒီလိုပြောတဲ့သူတွေကလည်း တဖြည်းဖြည်းနဲ့ များလာသလိုပါပဲ

တချို့လူတွေဆိုရင် ဖုန်းဘေကုန်လို့  800ချေးသုံးထားပြီး ပြန်မထည့်ပဲ ပစ်ထားကြတာတွေ

တွေ့ရတယ်  ကြာတော့လည်း ဘယ်ခံနိုင်ပါ့မလည်းဗျာ ကိုယ့်ဝင်ငွေလေးတော့ ပြန်ကြည့်ရအုံးမယ်လေ

သူများကိုင်တော့လည်းကိုင်ချင်တာပေါ့ ဖုန်းကဒ်ကလည်းဈေးသက်သာတော့ အဆင်ပြေပြီပေါ့လို့ 

တွေးပြီးပျော်ပြီးဝယ်ကြတယ်လေ အိမ်တွင်းသခိုးလို့ ဆိုရလောက်အောင် အလကားကုန်နေတဲ့

TV ဖုန်း တို့ကို အသက်နိုင်ဆုံး အလကားဖြုန်းတီးသလိုမဖြစ်အောင် စနစ်တကျ အသုံးချစေချင်ပါတယ်

အကျိုးရှိအောင်သုံးရင်တော့ ဘေကုန်ရကြိုးနပ်တာပေါ့ဗျာ သေချာတွေးကြည့်တော့ နားမလည်

ကြသေးတဲ့ သာမာန်လူတွေ လောက်သာ ခံစားရမယ်ထင်ပါတယ် ဘာဖြစ်လို့ လည်းဆိုတော့

ကောင်းကောင်းမှ နားမလည်ကြသေးပဲ ဒီကြားထဲ အင်တာနက် ကသက်သာတဲ့နုန်းထားနဲ့ ဆိုတာ

ကြီးတွေ ဘာမသိညာမသိနဲ့ဝယ်ကြ နားမလည်းပဲသုံးလိုက်တော့ ဝယ်ထားတဲ့ အင်တာနက်တွေက

ခဏလေးနဲ့ကုန်ကုန်သွားရတယ် သူတို့ ကတော့ ဘယ်ဟာတွေတော့ ဘယ်လိုသုံးရတယ်ဆို

ပြောပေမဲ့ အဲဒါကို နားမလည်ကြတာလို့ ထင်ပါတယ် ဥပမာ facebook ကိုကြည့်လေဗျာ

free facebook ဆိုပေမဲ့ ပုံတို့ video တို့ ကြည့်ရင် ပုံမှန်အတိုင်းဘေဖြတ်တယ်လေ  အခုလူတွေက

လည်း စာလေးတင်မြင်ရုံနဲ့တော့  ဘယ်သူက အားရမှာလည်းဗျာဘာမှမထူးဘူးဆိုပြီး ဘယ်freeမှ

မသုံကြပါဘူး အစတော့ freeဆိုတော့ ဝမ်းသာအားရနဲ့ ကြည့်ကြတာပေါ့ ဘာမှလည်းမမြင်ရတော့ 

အမျိုးမျိုးဝေဖန်ကြတာပေါ့ ပရဟိတ ကူညီရေးအဖွဲ့မှမဟုတ်ပဲ အကြီးစား စီးပွားရေးလုပ်နေကြတယ်လေ

ဘယ်ကလာ အပြည့်အဝ free ရမလည်း ဒီလောက်လူပေါင်းသန်းခြောက်ဆယ်နီးပါရှိတဲ့ လူတွေကို

ဘယ်သူက အလကား freeအဖြစ် ပေးနိုင်မှာလည်း ဘယ်သူ့ ကိုမှ အပြစ်တင်ချင်စိတ် မြင်တဲ့စိတ်နဲ့

ပြောတာမဟုတ်ပါဘူး ကိုယ့်စီပွားအရှုံးခံပြီးတော့ ဘယ်သူကမှအလကားလုပ်မပြစ်ကြပါဘူး

ထောင်မြင်ရာစွန့် ဆိုတဲ့စကားကြားဖူးကြမှာပါ အဲလိုပါပဲ ကိုယ်ကလည်းဘယ်သူ့ ဘယ်သူ့ ကိုမှ

အပြစ်မမြင်ပဲနဲ့ ကိုယ်ကြိုက် ကိုယ်လုပ် ကိုယ်ကြိုက် ကိုယ်ဝယ်ပေါ့ဗျာ  ဘယ်သူကမှ ဇွတ်အတင်း

သုံးခိုင်းတာ မရှိပါဘူးဟုတ်ဘူးလား  အဓိက က တော့ ဘယ်အရာမဆိုအကျိုးရှိအောင် အသုံးချတက်ဖို့ 

စဉ်းစားတက်ဖို့ ကအရေးကြီးတာပါ ဘာမှမလုပ်ခင် အရင် နားလည်အောင် ကြိုးစားရမှာက ကိုယ့်တာဝန်ပဲ

ပြီးတော့ တန်ဖိုးမထားကြတဲ့အပိုင်းလည်းပါမယ်ထင်တယ် ငွေတထောင် နှစ်ထောင် ကိုသာမာန်လူ

တချို့ကတန်ဖိုးမထားကြဘူး နားမလည်ကြလို့ လား ကြွားဝါချင်တဲ့စိတ်ကြောင့်လားတော့ မပြောတက်ဘူး

ဖုန်း ကုပ္မဏီကြီးတွေတောင် လူတယောက်ဆီက တကျပ်နှစ်ကျပ် ကနေစုပြီးယူနေတာလေ လူအယောက်

သန်းဂဏန်းအထိဆိုဘယ်လောက်ရနိုင်မလည်း တွေးကြည့်ပေါ့ဗျာ စီပွားရေးလုပ်တာကို တကျပ် နှစ်ကျပ်

ကအစတန်ဖိုးရှိတဲ့ အကြောင်း ပြောပြ တာပါ ကိုယ်ကလည်း စနှစ်တကျတွက်ချက်သုံးမယ်ဆိုရင်

တနေ့မဟုတ်တနေ့  ပြောင်းလဲတိုးတက်မှု့ဆိုတာ အကောင်အထည်ပေါ်လာမှာပါ 

ဒါကြောင့် ဒီအကြောင်းအရာတွေက မည်သူကိုမှ ရည်ရွယ်၍ရေးခြင်းမဟုတ်ပါဘူး ကိုယ့်စိတ်နဲ့

ကိုယ်တိုင်ဆုံးဖြတ် နိုင်စေချင်တဲ့ စေတနာနဲ့ bloggerခရီးသွားအတွေးစာစုမှ ဒီထက်မက

ထပ်ဆင့်ပွားတွေးနိုင်ဖို့  ရည်ရွယ်ရင်း အောင်မြင်မှု့သရဖူ ဆောင်းနိုင်ကြပါစေ


bloggerခရီးသွားအတွေးစာစု









No comments:

Post a Comment