"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
* ဆင်းရဲလို့ မချမ်းသာတာကို ရှက်စရာမဟုတ်ဘူးတဲ့
*သူများပစ္စည်းတွေနဲ့ မတရားရပြီးချမ်းသာတာက ရှက်စရာတဲ့
*မတက်တာကလည်း ရှက်စရာမဟုတ်ဘူးတဲ့
*တက်ချင်ယောင်ဆောင်ပြီးလုပ်ပြ တာကရှက်စရာတဲ့
* မသုံးနိုင် မဖြုံးနိုင်တာကို ရှက်စရာ မဟုတ်ဘူးတဲ့
* ကိုယ့်မှာမရှိပဲ ဟန်လုပ်ပြီး သုံးပြ မိဘစိတ်ဆင်းရဲအောင်လုပ်သူကရှက်စရာတဲ့
ဒါမျိုးပညာပေး စာပေတွေကလည်း အများကြီးရှိပါတယ် လူတိုင်းလည်းသိနားလည်ကြပါတယ်
ဒါပေမဲ့ လုပ်နိုင်သူ ကျင့်နိုင်သူက ခပ်ရှားရှားပါပဲ တကယ်လက်တွေ့ လုပ်နိုင်သူ ကျင့်နိုင်သူ
တွေကတော့ လက်မထောင်ပြနိုင်ကြပါတယ် တကယ်လက်တွေ့ လုပ်ကြည့်ဖို့ ပဲလိုတာပါနော
တချို့ ကြတော့လည်း တွေ့တုန်း သိတုန်းမြင်တုန်း ကြုံကြိုက်တုန်း အချိန်လေးမှာတော့ စိတ်ထဲတော့
အားအင်တွေအပြည့်ပါပဲ နဲနဲကြာလာတော့ မေ့တာလိုလို မလုပ်ချင်တော့တာလိုလို ဖြစ်သွားကြပြန်ရော
အဲတော့ တိုက်းတက်မှု့တက်လမ်း ပြန်ပြီးအောက်ကျသွားပြန်ရော ရှေ့ဆက်တက်နိုင်ကြတာကို
ကိုယ့်ကိုကိုယ် ပြန်ပြီးသနားနေကြပြီး အနားပေးလိုက်ကြပြန်တော့ ရောက်သင့်တဲ့အချိန် မရောက်ပဲ
အချိန်တွေတာ ကုန်သွားရတာပေါ့ တကယ်လက်တွေ့လုပ်သူတွေကတော့ တကယ်အကျိုးရှိရှိ
စံစားနေကြရပါတယ် ကျနော် စာစောင်တခုမှာဖတ်လိုက်ရတာ ရှိတယ် ငါးတန်းပဲကျောင်းနေခဲ့ရပြီးတော့
ငါးကင်ရောင်းပြီး အခမဲ့ စာကြည့်တိုက်ဖွင့်နိုင်ခဲ့တယ် ကျောင်းစာပေကို အဆုံးထိမတက်ခဲ့ပေမဲ့
သူများတွေကို စာပေဗဟုသုတ ရစေချင်သိစေချင်နဲ့ စိတ်နဲ့ကြိုးစားခဲ့ တာ သူ့ရဲ့ရည်ရွယ်ချက် ကို
လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့အတွက် အရမ်းကို လေးစား ဂုဏ်ယူမိပါတယ်
ဒီအတွက်ကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးကတောင် ဂုဏ်ပြုလိုက်တယ်တဲ့ ဘယ်လောက်
ဝမ်းသာပိတိဖြစ်မိလည်း တွေးကြည့်ပေါ့ဗျာ သူကတော့ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်
စည်သာကျေးရွာကတဲ့ တကယ်လေးစားဂုဏ်ယူပါတယ်ဗျာ ဒီလိုစာပေကိုချစ်မြတ်နိုးပြီး အများပြည်သူတွေကို
အသိပညာဗဟုသုတတွေ ရစေအောင် လုပ်နိုင်သူတွေ ပေါမှ ကျနော်တို့ နိုင်ငံကလူတွေ လူတိုင်းမှာ
အသိပညာတွေ ဖွင့်ဖြိုး တိုးတက်လာနိုင်မှာပါ အခုလူတွေအများစုကတော့ ကိုယ့်ကိုကိုယ်တက်သလို
သိသလိုလူတွေကပဲ များနေတယ်ထင်တာပါပဲ ဒါကြောင့် ကိုယ်နဲ့ လက်လမ်းမှီတဲ့သူတွေ ကနေတဆင့်
ကိုယ်သိထားတက်ထား တာလေးတွေကို စာပေအသိပညာ ဗဟုသုတအလှူ အဖြစ်ပေးရင်း share လုပ်ကြ
ရင်း ဗဟုသုတများ အလွယ်တကူ ရှာဖွေနိုင်ကြပါစေ
komyobloggerခရီးသွားအတွေးစာစု
No comments:
Post a Comment