"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
မနာလိုဝန်တိုတဲ့စိတ်ကို လူတော်တော်များများမှာ ရှိနေကြတုန်းပါပဲ ပြောရရင်တော့ ကိုယ်ထက်
သာမနာလိုဝန်တိုမှု့တွေဖြစ် တာတမျိုး သူများလုပ်တာကို မနာလိုတာကတမျိုး သူများနေရာပေးခံရတာကို
မနာလိုတာတမျိုး နောက်ဆုံး သူများလှနေရင်တောင် မနာလိုဝန်တို နေကြသူတွေကရှိသေး အလိုမနာလို
တွေဖြစ်တာ ကိုယ့်ကိုယ်ထိခိုက်စော်ကားလို့ လား ကိုယ်မိသားစုကော နစ်နာသွားလား ဘာမှမဆိုင်ဘူးနဲ့
တူတယ် နောသူတို့ လည်းသူ့ အလုပ်သူ့ တာဝန်ကိုလုပ်ကြတာပဲ မှားတာတို့ ဘာတို့ ညာတို့ ရှိရင်တော့
ကိုယ်ဖြစ်ကိုယ်ခံရမှာပဲ မဟုတ်လား သူ့ ကုသိုလ်နဲ့သူလာကြတာပါပဲ သူများကိုအပစ်မြင်နေသ၍
ကိုယ်လည်းစိတ်ဆင်းရဲရ စိတ်တိုရတာပဲမို့ လား ဘယ်သူမဆိုအပစ်နဲ့တော့မကင်းကြပါဘူး နားလည်းပေး
နိုင်ဖို့ ပဲလိုတာပါ သူလုပ်တာမှန်တယ် တော်တယ်ဘယ်လောက်ပဲပြောပြော အပစ်ဆိုတာ ရှာရင်တွေ့
တာပါပဲ အပစ်မြင်ပြီးပြောတဲ့သူကို တကယ်လက်တွေ့ အပစ်ပြောခံရတဲ့လူနေရာမှာလုပ်ခိုင်းမယ်ဆိုရင်
သူ့ လည်းအပစ်ပြောလာမဲ့သူ မပေါ်ဘူးလို့ ထင်လား အပစ်ပြောဝေဖန်သူတွေကတော့ ပေါ်လာအုံးမှာ
ပါပဲ ခက်တာက လူတွေကလည်း မဟုတ်တာလုပ်မယ် မကောင်းပြောကြမယ်ဆိုရင် သင်စရာမလိုဘူးဗျ
အမြင်မတူတယောက်ကပြောဆိုဝေဖန်လိုက်တာနဲ့ နောက်ကနေ ပြောဖို့  ဝေဖန်ကြဖို့ တယောက်ပီး
တယောက် ပေါ်လာတာပါပဲ ဒါတွေကလည်း ပိုက်ဆံပေး သင်ရတဲ့အရာတွေမှမဟုတ်ပဲ နော
ဒါကြောင့် ဘယ်သူတွေ ဘာလုပ်လုပ် ဘာပဲပြောပြော ကိုယ့်ကိုယ်မထိခိုက်ဘူး ပတ်ဝန်းကျင်ကို
အနှောက်အယှက်မဖြစ်ဘူးဆိုရင် အေးအေးဆေးဆေး ကိုယ်အလုပ်ကိုယ်လုပ် ကိုယ့်စီပွားကိုရှာနေတာက
အေးချမ်းပါတယ် ကိုယ်ကဝေဖန်လို့  ကောပြောင်းလည်းမှု့တွေဖြစ်လာတာမှမဟုတ်ပဲ ဟုတ်ဘူးလား
အေးအေးချမ်းချမ်းချမ်း တိုးတက်ကြီးပွားမဲ့လမ်းလေး ရှာတာကမှ ရှေ့ရေးအတွက် စိတ်အေးရအုံးမယ်မို့ လား
ဒါလေးရေးဖြစ်တာကလည်း facebook ပေါ်မှာ ဝေဖန်မှု့တွေ မပြောသင့်တဲ့စကားတွေ ပြောပြီးဝေဖန်ကြ
တာကိုတွေ့လို့ ပါ ဘယ်သူဘက်မှလိုက်ပြီးမပြောပါဘူး bloggerခရီးသွားအတွေးစာစု တွေးမိတွေးရာတွေး
ကြည့်တာပါ တကယ်တမ်းတွေးကြည့်ရင် သူများဝေဖန်လို့ သာလိုက်ပီးဝေဖန်နေကြတာပါ ရည်ရွယ်ချက်နဲ့
ဝေဖန်တာလည်းမဟုတ် စိတ်ထဲကပါလို့ လည်းမဟုတ် ပါးစပ်က ပြောမိပြောရာပြောကြတာထင်ပါတယ်
ကျနော့် အမြင်ပေါ့လေ အပစ်ပြောဝေဖန်နေမဲ့အစား အပစ်ပြောခံရတဲ့သူရဲ့နေရာမှာ ကိုယ်တိုင်ဝင်ပြီး
ဘယ်လိုလုပ်မယ် ဘယ်လိုဆုံးဖြတ်မလည်းဆိုတာ စိတ်ကူးလေးနဲ့တင် တွေးကြည့်ကြည့်ပါလို့ 
လူတဦးတယောက်ကို ဝေဖန်နေမဲ့အစား တကယ်သူလုပ်နေတာမှားတယ် မတရားလုပ်နေတယ်ဆိုရင်
လက်တွေ့ရင်ဆိုင်ပြီးဖြေရှင်းလိုက်တာကမှ သံသယတွေရှင်းသွားနိုင်မယ်ထင်ပါတယ်:::::
ကျနော်အယူအဆ မှားသွားရင် သီးခံဖတ်ပေးပါနော
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment