ုkomyo ခရီးသွားအတွေးစာစု
Saturday, 10 September 2016
facebook သုံး ရင်----
"မင်္ဂလာပါ " bloggerခရီးသွားအ​တွေးစာစု ကိုနားလည်​​ပေပြီး အား​ပေးတဲ့အတွက်​ ​ကျေးဇူးကမ္ဘာပါ:::::
              blogger မိတ်ဆွေတို့ ရေကျနော်တို့ နိုင်ငံမှာ ရှိကြတဲ့လူတွေရဲ့ စိတ်ဓာတ်တွေက အမျိုးမျိုးပါပဲ
စိတ်ကောင်းစေတနာကောင်း ရှိတဲ့သူတွေရှိသလို စိတ်ထားမဖြူ စင် စိတ်ယုတ်စိတ်ညံ့နဲ့မနာလိုဝင်သို
မှု့တွေထားတဲ့သူကလည်း ပေါမှပေါ လူတိုင်းကတော့ ကောင်းတယ်ဆိုးတယ်ဆိုတာကို ခွဲခြားတက်ကြ
ပါတယ် သိလည်းသိကြပါတယ် ဘာဖြစ်လို့ သိသိကြီးနဲ့ မိုက်နေကြတာလည်းဆိုတာနားမလည်ဘူး
သူများလည်းမထိခိုက် မစော်ကားဘူးစီးပွားရေးအရမိုက်တယ်ဆိုထားပါတော့ အခုဟာက ကိုယ့်ထက်
သာတဲ့သူဆိုရင် မနာလိုစိတ်တွေမွေး မကောင်းပြောမကောင်းကြံနေကြတဲ့ သူတွေက ပေါမှပေါပဲ
ပြီးတော့ လူရွှင်တော်တွေ ပျက်လုံးထုတ်သလို မြန်မာနိင်ငံကလူတွေ ဘာဖြစ်လို့ဆင်းနေကြတာလည်းတဲ့
ဆင်းရဲတာဘာစမ်းလို့ လဲတဲ့ facebookပေါ်မှာ ဆဲရင်းဆဲရင်းနဲ့ဆင်းရဲကုန် ကြတာပေါ့တဲ့
facebook သုံးနေတဲ့သူတွေကလည်း အရည်မရ အဖတ်မရ ဝေဖန်နေကြပြီးတော့ အဆင်မချောတော့
ဆဲကြဆိုကြဖြစ်ကြရ  တကယ်အေးအေးချမ်းချမ်းနေချင်တယ်ဆိုရင်တော့ ကိုယ်မကြိုက်တဲ့ post 
ကိုယ်မျက်စိထဲမှာ ထောင့်မကျိုးတဲ့ post ဆိုရင် မဝေဖန်ပဲ ကျော်ချင်ကျော် နောက်ပြန်လှည့်ချင်လှည့်ပေါ့
သူကလည်းမြောက်ပြီး ဆိုချင်တာဆိုပြောချင်တာပြောတော့ တာပါပဲ ဒါကြောင့် မကောင်းဘူးထင်တဲ့
post အများစိတ်အနှောက်ဖြစ်မဲ့ post ကိုယ်ဝေဖန်လိုက်တဲ့ post က သူများအတွက်လည်းအကျိုးမရှိ
ကိုယ့်အတွက်လည်းအကျိုးမရှိ သူ့ အတွက်လည်းအကျိုးမရှိ ဘူးဆိုရင် မမြင်သလို မသိသလို ထားလိုက်
တာက အကောင်းဆုံးဖြစ်မယ်ထင်ပါတယ် ဒါကြောင့် Facebook သုံးရင်လည်း စဉ်းစားကြစေချင်ပါတယ်
ဘာမဟုတ်တဲ့ post တွေ ကိုယ်နဲ့လည်းမဆိုင် အများနဲ့လည်းမဆိုင် ကိုယ်ဝေဖန်လို့ လည်းဘာဖြစ်လာ
မလည်း မဝေဖန်တော့လည်းဘာဖြစ်လာမလည်း တွေးကြည့်ရင်သိပါတယ် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး
ကိုယ့်ထမင်းကို အေးအေးဆေးဆေး စားပြီး ကိုယ့်အိမ်မှာပဲ ကိုယ့်မိသားစုကို အချိန်ပိုပေးပြီး ပျော်ရွှင်မှု့
တွေရှာတာက ပိုပြီးအဓိပ္ပါယ် ရှိမယ်ထင်ပါတယ် 
            သာမန်ကိုယ်လိုလူက ဘာဆိုဘာရာထူးမှလည်းမရှိ နိုင်ငံရေးသမားလည်းမဟုတ် ဝေဖန်ရေး
သမားလည်းမဟုတ် ကိုယ်ကရော ဘာတွေ ဖြေရှင်းပေးနိုင်မလည်း ကိုယ်ဖြေရှင်းလိုက်လို့ ကိုယ်ဝေဖန်လိုက်
လို့ ကော ပြောင်လည်းသွားမလား ဘာမှဖြစ်လာမယ်မထင်ပါဘူး ဝေဖန်လေ ရှုပ်လေ ရှင်းလေရှုပ်လေပါပဲ
အခုလို  ဘာမှဖြစ်မလာတဲ့အကြောင်းတွေ ငြင်းခုံဝေဖန်နေကြမဲ့ အစား တိုးတက်ရာတိုးတက်ကြောင်း
အလုပ်အကြောင်းတွေ နည်းပညာအကြောင်းတွေ အပြန်အလှန် ငြင်းခုံ ဖလှယ်နေကြမယ်ဆိုရင်
မကောင်းဘူးလား တခုတော့ ရှိတာပေါ့ဗျာ ဘယ်အရာမှတော့ စင်းလုံးချောတယ်ဆိုတာမရှိပါဘူး
အဲဒီအထဲကမှ ကောင်းမယ်ထင်တဲ့ အရာကိုတော့ ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမှာကိုယ်တာဝန်ပါ
လူတွေရဲ့စိတ်နေသဘောထားတွေက သူတို့ တင်တဲ့ post တွေက ဖော်ပြပေးနေပါတယ်  ဒါကြောင့်
ကိုယ်ကြိုက်တဲ့ လူတွေကိုပဲ ရွေးချယ်ပြီး add လုပ်တာက စိတ်ချမ်းသာမယ်ထင်ပါတယ် ကိုယ့်ကို add
လုပ်တိုင်း လက်ခံလိုတော့ မဖြစ်ဘူးလေ သူတို့ အကြောင်းနဲနဲတော့လေ့လာရမယ်လေ 
ဘယ်သူကိုမှ ရည်ရွယ်ရေးချင်းမဟုတ်ပါဘူး blogger ခရီးသွားအတွေးစာစု အတွေးလေးတွေပါ
ဒီအတွေးလေးတွေထဲကမှ ထပ်ဆင့်ပွားတွေးခေါ်နိုင်ဖို့  ရည်ရွယ်ရင်း အရာရာ အဆင်ပြေကြပါစေ
bloggerခရီးသွားအတွေးစာစု
No comments:
Post a Comment