မ၈င်္လာပါbloggerခရီးသွားအတွေးစာစုကို အားပေးတဲ့အတွက် ကျေးဇူးပါ
ကျနော်တို့ လိုလူတွေ ကြိုးစားပြီးလေ့လာနေကြတာတွေ့ ရတော့ အ၇မ်းဝမ်းသာတယ်ဗျာ
ကိုယ်သိနားလည်းတာလေးတွေကို အရင်လေ့လာတာက ပိုပြီးသိလွယ်တက်လွယ်နိုင်မယ်ထင်ပါတယ်
ကိုယ်စိတ်အားထက်သန်တာကိုပဲ လေ့လာပြီး လက်တွေ့ ကျကျလုပ်မယ်ဆိုရင် ကိုယ်ဖြစ်ချင်တဲ့အရာဟာ
အချိန်တိုအတွင်းမှာပဲ ပြောင်းလဲလာတာတွေ့ ပါလိမ့်မယ် နောက်ကျတယ်ဆိုတာ မလုပ်သေးခင်မှာပါပဲ
တကယ်လက်တွေ့ လုပ်လိုက်တဲ့အခါ မယုံနိုင်အောင်တောင်ဖြစ်မိသလို ခံစားရမှာပါ တွေဝေမနေပဲ
လက်တွေ့ လုပ်ကြည့်လိုက်ပါ ဘယ်အရာပဲလေ့လာလေ့လာပါ နည်းပညာမြောက်များစွာ အသိပညာ
မြောက်များစွာ ၇ှိပါတယ် အရင်ဆုံး computer အကြောင်းကိုလေ့လာကြည့်ပါ ဆရာမရှိလို့ သင်တန်း
မတက်ရလို့ စိတ်အားမငယ်ပါနဲ့ တကယ်လုပ်ကြည့်မယ်ဆိုတဲ့စိတ်ရှိရင် loptop လေးတလုံး လောက်
အရင်ဝယ်မှ အဆင်ပြေမယ်ထင်တယ် ဘာဖြစ်လို့ လည်းဆိုတော့ computer အကြောင်းလေ့လာမှတော့
စာဖတ်ပြီးလေ့လာနေလို့ တော့ အဆင်မပြေနိုင်ဘူးထင်ပါတယ် စာဖတ်လိုက် computer ကိုကလိလိုက်
လုပ်မှသာ လက်တွေ့ သိနိုင်မှာလေ လေ့လာမယ်ဆိုရင်တော့ စာအုပ်တွေလည်းရှိတယ်youtube တွေမှာ
video ဖိုင်တွေနဲ့ တင်ထားတာတွေလည်း အများကြီးရှိပါတယ် ဆရာကြီးတွေ ကတကယ်စေတနာထား
ပြီးတင်ပေးထားကြတာပါ လေ့လာကြည့်ကြပါ ဆရာမပါပေမဲ့ အနားမှာဆရာရှိသလို ပါပဲ တင်ထားကြတာ
တွေကတော့ တယောက်တမျိုးပါပဲ ဒါပေမဲ့ တချို့ တင်ထားတာတွေက နားမလည်းနိုင်ဘူး အသံမပါတာ
တို့ မရှင်းတာတို့ တော့ရှိတယ် တခုနားမလည်ရင် တခုထပ်ရှာကြည့်ပါ ကိုယ်နဲ့ သင့်တော်မဲ့ ထင်တာကိုပဲ
ရွေးပြီးလေ့လာပါ ဆရာ NyiNayMin Nyein Chan Kyaw အိုင်တီခေတ်သစ်စသဖြင့်ပေါ့ဗျာ သူတို့ ရဲ့ 
့ video ဖိုင်လေးတွေက လေ့လာရတာအဆင်ပြေတယ် ကျန်တဲ့ဆရာတွေလည်း ကောင်းကြပါတယ်
ကျနော်ကြည့်ဖြစ်တာလေး တွေလေ့လာခဲ့တာလေးတွေပြောပြတာပါ ကျန်တဲ့ဆရာတွေကလည်းအများကြီး
ရှိသလို တင်ထားကြတာတွေလည်း နည်းပညာမျိုးစုံပါပဲ ဒါကြောင့်လက်တွေ့ ကျကျလေ့လာဖို့ ပါပဲ
လိုအပ်လာရင်တော့ သင်တန်းတက်ပြီးလေ့လာရမှာပဲလေ ကိုယ်တိုင်လေ့လာယုံ့နဲ့ တော့ မပြီးပြည့်စုံနိုင်ပါ
ဘူး ကျနော်လေ့လာခဲ့တဲ့ video ဖိုင်တွေက 1 နှစ်2 နှစ်ကျော်လောက်ကဟာတွေပါ အခု အသစ်ထွက်
မထွက်တော့ မသိဘူး ကိုယ်တိုင်က ယူတက်ဖို့ ပဲလိုပါတယ်
computer ကိုလေ့လာဖို့ ကဟုတ်ပါပြီ ဘယ်ကစပြီး ဘာကိုလေ့လာမယ်ဆိုတာတော့
computer မဝယ်ခင်မှာကတည်းက လေ့လာဖို့ တော့လို မယ် ဘာအတွက် အသုံးပြုမှာလည်းပေါ့
ဥပမာ စာစီစာရိုက်လား video တည်းဖြတ်မှာလား အင်၈ျင်နီယာဒီဇိုင်းအတွက်လား စသဖြင့် စဉ်းစား
ရမှာပေါ့ နားလည်တဲ့သူတွေဆီမှာမေးမြန်းပြီးမှ ဝယ်စေချင်ပါတယ် အခုလို ရေးပြောပြတာကို
ဆရာကြီးလုပ်တယ်လို့ တော့မထင်ပါနဲ့  ကျနော့လို အခုမှစပြီးလေ့လာနေသူ လေ့လာချင်သူတွေအတွက်
အကြံပြုတာပါ ရေးချင်တာတွေကအများကြီး နောက်မှဆက်မယ်ဗျာ
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment