မင်္ဂလာပါ bloggerခရီးသွားအတွေးစာစုကို နားလည်းပြီးအားပေးကြတဲ့အတွက်ကျေးဇူးကမ္ဘာပါ
လူ့ ဘဝနေရတဲ့ ခဏလေးမှာ လူတွေကဘာဖြစ်လို့  လူပီသအောင် တန်ဖိုးရှိတဲ့သူဖြစ်အောင်
မနေချင်ကြတာလည်း တဖြေးဖြေးနဲ့ လူတွေကလည်း ဆိုးဆိုးလာသလို ပိုပိုပြီးတော့လည်း မိုက်လာကြတယ်
မှုးရှုးသောက်စားရန်းကားနေမှ လူမိုက်လို့ ခေါ်တာမဟုတ်ပါဘူး အခုခေတ်က မှုးရှုးသောက်စားတဲ့သူတွေ
လိုက်ရင် အသန့် လေးတွေ လူဆိုးလူမိုက်လို့  ဘယ်သူကထင်တော့မလည်း အလိုအသန့် လေးတွေဝတ်
ဆိုင်ကယ်အကောင်းစားတွေစီးပြီး မိန်းမတွေစီးတဲ့ဆိုင်ကယ်အနားကပ်ပြီး ရွှေပါရင်ရွှေဆွဲဖြတ်တယ်
အိတ်ပါရင်အိတ်ဆွဲဖြတ်ပြေးကြတာ မြန်မာလူမျိုးဗုဒ္ဓဘာသာ တွေဖြစ်ပြီး အရမ်းအောက်တန်းကျတဲ့စိတ်
တွေတွေ့ရတော့ စိတ်မကောင်ဖြစ်ရတယ် အလုပ်လုပ်နိုင်ကိုင်နိုင်ကြရဲ့သားနဲ့ဘာဖြစ်လို့ သူများတွေ
ရှာဖွေထားတဲ့ အရာကိုမှ လိုချင်ကြတာလည်း မိဘညီအကို မောင်နှမ မျက်နာတွေမှမထောက်ကြဖူး
တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် အဲတော့ ဘာလုပ်သင့်တယ်ထင်လည်း ကိုယ့်ကိုကိုယ်ပဲ ဆင်ခြင်
ပြီးနေထိုင်တာက ပိုပြီးလုံခြုံ မှု့ရှိမယ်ထင်ပါတယ် ကိုယ့်မှာရှိထားဖို့ ပဲလိုပါတယ် ရှိတာတွေကို ဖော်ပြစရာ
မလိုပါဘူး တချို့လူတွေကလည်း သူများတွေ မြင်အောင်ကို ကိုယ့်မှာရှိတာလေးတွေ ထုတ်ပြကြတယ်
တကယ်တော့ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ အခုခေတ်က တကယ်အန္တရာယ်များပါတယ်
ကိုယ်က ပိုက်ဆံလေးစုပြီး ဆွဲကြိုလေးဝတ်ချင်လွန်းလို့ ဝယ်လိုက်ပါပြီ အလစ်သမား လူမိုက်တွေနဲ့
တွေ့မှာကြောက်ပြီး ကိုယ့်ပစ္စည်းလေးပါသွားမှာကြောက်လို့ စိတ်ဒုက္ခ တွေဖြစ် အိမ်မှာထားပြန်ရင်လည်း
စိတ်မချတွေဖြစ် ကျနော်တို့ နိုင်ငံကြီးက ပဲ လုံခြုံမှု့ မပေးနိုင်တာလား ဒါမှမဟုတ်လူတွေကပဲ ဆိုးမိုက်
နေကြတာလားဆိုတာ မတွေးတက်တော့ပါဘူး ဘယ်သူ့ ကိုမှရည်ရွယ်ပြောချင်းမဟုတ်ပါဘူး
ပြီးတော့ ကျနော်ကနိုင်ငံရေးသမားလည်းမဟုတ်ပါဘူး ဘယ်သူ့ ဘယ်သူ့ ကိုမှလည်း အပစ်တင်ပြီး
ရေးခြင်းမဟုတ်ပါဘူး တွေးမိတွေးရာ ရေးကြည့်တာပါ ကျနော်ရေးပြောချင်တာကတော့ဗျာ
လူပီသဖို့  တန်ဖိုးရှိတဲ့သူဖြစ် အောင်နေတက်ဖို့ ကို ကြိုးစားပြီး ကမ္ဘာသိအောင် ကြေငြာပြလိုက်ကြပါဗျာ
No comments:
Post a Comment