"မင်္ဂလာပါ "
ခရီးသွားအတွေးစာစုကနေ အတွေးလေးကိုထပ်ဆင့်ပွားတွေးနိုင် ပြီးဘဝကြီးကို
အလွယ်တကူအခက်အခဲမရှိ အကျိုး ရှိစွာဖြတ်သန်းနိုင်ကြပါစေ အတွေးအခေါ်နည်းလို့
တိုးတက်မှု့နည်းတာလား ဒါမှမဟုတ် တွေးခေါ်စဉ်းစားဖို့ အတွက်ကို ဥာဏ်မမှီကြတာလား
ကျနော်အမြင်ကတော့ ဥာဏ်မမှီတဲ့သူတွေကများနေတယ်ထင်တာပဲ ဘာဖြစ်ဖြစ်လို့လည်းဆိုရင်
မိတ်ဆွေတို့ နဲ့နီးစပ်ရာ ပတ်ဝန်းကျင်ကလူတွေ ကြည့်ကြည်ပေါ့ လုပ်သင့်တာမလုပ်တဲ့သူတွေ
ရှိကြသလို မလုပ်သင့်တာတွေလုပ်နေကြတဲ့သူတွေလည်း ဒုနဲ့ဒေးဆိုတော့ တိုးတက်ပြောင်းလည်း
ဖို့ ဆိုတာ မလွယ်ပါဘူး ပြီးတော့ တိုးတက်ပြောင်းလည်းမှု့ဆိုတာ ဘယ်ဟာကို သတ်မှတ်ပြီး
ပြောတာလည်း ဆိုတာလူတိုင်းကိုမေးကြည့်ရင် စမ်းတဝါးဝါးဖြေကြမဲ့သူများမယ်လို့ ထင်တယ်
အရင့်အရင်နှစ်တွေကထက်စာရင် တိုးတက်မှု့ကတွေ့မြင်ကြရပါတယ် အစစအရာပေါ့
အစားအသောက်တွေမျိုးစုံ ပေါလာတယ် သွားလာရေးအတွက် ယာဉ်တွေပေါလာတယ်
အဆက်အသွယ်လုပ်ဖို့ အတွက် ဖုန်းတွေပေါလာတယ် အလိုပေါများလာတာကို တိုးတက်မှု့လို
ဆိုချင်ဆိုနိုင်ပါတယ် ဒါပေမဲ့ ကိုယ့်မိသားစု ကိုယ့်ဘဝလေးကရော ပြောင်းလည်းတိုးတက်မှု့
ဘာတွေရှိလာ ပြီလည်း လို့ စဉ်းစားမိလား ငါမိသားစု ဖုန်းလေးကိုင်နိုင်ကြလို့ တိုးတက်မှု့ရှိလာပြီလို့
တွေးချင်တွေးနေကြမှာပါ အဲဒါကိုတိုးတက်မှု့လို ဆိုနိုင်မလား ကျနော်အမြင်ကတော့ တိုးတက်မှု့လို့ 
မခေါ်နိုင်သေးပါဘူး လူတိုင်းကိုင်နိုင်နေကြတာပဲ သူများထက်သာအောင်လုပ်နိုင်မှသာ တိုးတက်မှု့
လို့ ခေါ်နိုင်မယ်ထင်ပါတယ် ဥပမာ မနှစ်ကသူများအလုပ် လုပ်နေခဲ့ရတယ် ဒီနှစ်တော့ ကိုယ်ပိုင်အလုပ်
လေးလုပ်နိုင်သွားပြီဆိုရင် အဲဒါက ကိုယ့်ဘဝအတွက် တိုးတက်မှု့လို့ ကျနော်မြင်တယ်
မိတ်ဆွေတို့ ရဲ့အတွေးကတော့ဘယ်လိုလည်းဆိုတာတော့ မသိပါဘူး ဒါတွေကကျနော်အမြင်တွေပါ
ပြီးတော့ တချို့လူတွေက လည်း အရင်ကထက်စာရင် နဲနဲလေးပြောင်းလည်းလာတယ်လို့ မြင်ပီး
ကျေနပ်နေကြတာလည်း တွေ့ရတယ် ဒါလေးနဲ့တိုးတက်ပြောင်းလည်းမှု့လို့ မမြင်ကြပါနဲ့ ဆက်ပြီး
ဒီထက်မက ပြောင်းလည်းမှု့လုပ်နိုင်မှ တိုးတက်ပြောင်းလည်းမှု့အစစ်အမှန်ဆိုတာ တွေ့မှာပါ
မိတ်ဆွေတို့ စဉ်းစားမိလားမသိဘူး ဒီဖုန်းလေးတွေ ရကာစတော့ အလုအယက် တိုးဝယ်ကြတယ်
အစဆိုတော အရမ်းဝမ်းသာနေကြရတာပေါ့ ဖုန်းပြောလိုက်ဆိုလိုက်ကြတာလည်း ပြောမနေနဲ့တော့
ဟိုနားကြည့်လည်းပြောနေကြတယ် ဒီနားကြည့်လည်း ဖုန်းလေးကိုင်လို့ ပြောနေကြတယ်
အဲလိုပြောကြတာကလည်း စီးပွားပါဘူးနော် နေကောင်းလား စားပီပီလား ဘာဟင်းချက်လည်း
ရေးချိုးပီးပီလား ငါဘာလုပ်နေတာ ငါဖုန်းလေးမှတ်ထားလိုက်အုံး ဘာဘာညာညာပေါ့ဗျာ နောက်တော့
4လ5လ လောက်လည်းကြာတော့ ဖုန်းနဲ့ရန်ဖြစ်ထားသလား အောင့်မေ့ရတယ် ဖုန်းပြောဖို့ ဆိုဝေး
လာတဲ့ဖုန်းလေးကိုတောင် မကိုင်ချင်ကြတော့ဘူး ဖုန်းလေးခဗျာမျက်နာလေးကိုငယ်လို့  ဒါပေမဲ့
သွားလေရာတော့ ခေါ်သွားကြပါတယ် ဖုန်းတင်မျက်နှာငယ်ရတာမဟုတ်ပါဘူ ဖုန်းပိုင်ရှင်ပါ
ဘေမတက်နိုင်တော့ မျက်နှာလေးငယ်နေရပြီလေ ဒါကြောင့် အကြိုးရှိအောင် အသုံးချနိုင်ဖို့
စဉ်းစားတွေးခေါ်ကြပါစို့ လိုပဲ ပြောလိုက်ပါရစေ
komyobloggerခရီးသွားအတွေးစာစု
No comments:
Post a Comment