ုkomyo ခရီးသွားအတွေးစာစု

Monday, 3 October 2016

တွေးတက်ရင် သိပါတယ်

"မင်္ဂလာပါ " bloggerခရီးသွားအ​တွေးစာစု ကိုနားလည်​​ပေပြီး အား​ပေးတဲ့အတွက်​ ​ကျေးဇူးကမ္ဘာပါ:::::


                ဟိုတုန်းကကျနော်ပြောခဲ့သလိုပါပဲ တနေ့တနေ့အတွေ့အကြုံကလည်း ရေးလို့ ကုန်မယ်

မထင်ပါဘူးလို့ တကယ်ပါပဲဗျာ လူတော်တော်များများ ဘာမှမသိသေးကြတာတွေ့နေရလို့ ပါ


နှိမ်ချပြောခြင်းမဟုတ်ပါဘူး ကျနော်လည်းအသိကြီးအတက်ကြီး မဟုတ်ပါဘူး  ကိုယ်သိသလောက်

အတွေးလေးတွေ ရေးမိတာပေါ့ ကျနော့်ပတ်ဝန်ကျင်မှာတွေ့ရတာ ဖုန်းတွေတာကိုင်နေကြတာ

တကယ်ကိုဘာမှမသိသေးကြတဲ့ လူငယ်တွေပါပဲ ဖုန်းကိုင်ပြီးအလုပ်ရှုပ်နေကြတာ ကြည့်လိုက်တော့

game တွေဆော့နေကြတာလေ တချို့လူကြတော့ fb သုံးကြတယ် fb သုံးတဲ့သူတွေ ကြည့်ပြန်တော့လည်း

ဃဂနဏ မသိကြသေးဘူး လူတိုင်းနည်းပါး အနည်းဆုံး ဖုန်းလေးတလုံးကတော့ ရှိနေကြမှာပါ

ဒါပေမဲ့ အကျိုးရှိရှိ အသုံးချတက်တဲ့လူက ရှားပါတယ် ပေါ်ကာစမှာတော့ ပလူပြန်မကစီးကားလှ

ပါတယ် ဝယ်ကြပြောကြတာပေါ့ ကြာလာတော့ ရိုးသွားကြလို့ လား ဒါမှမဟုတ်ဘေကုန်လွန်းလို့ လားမသိ

ဖုန်းတာကိုင်တာ သိပ်မဆော့ကြတာလည်းတွေ့ရတယ် ဒါပေမဲ့ဗျာအကျိုးရှိအောင်အသုံးချဖို့ ဆိုတာကလည်း

မလေ့လာမသင်ယူရင်တော့ ဖြစ်မလာနိုင်ဘူးလေ

ဒါကြောင့်လေ့လာသင်ယူဖို့ ဆိုတာလည်း ကိုယ်တိုင်က

စိတ်ပါမှ အဆင်ပြေချောမွေ့မှာပါ နည်းပညာတွေကလည်း

တနေ့ နဲ့တနေ့ တလနဲ့တလ မတူတော့ဘူး ပိုပြီးမြင့်မြင့်

လာနေတယ် သာမန်လူတွေအတွက်ကြ အဆင်မပြေနိုင်

ဘူးလေ ဒါကြောင့် အခြေခံအပိုင်းကို အရင်လေ့လာပါ

ဆန္ဒမစောပါနဲ့ အခြေခံလေးသိရင်တော့ ကိုယ်ဘယ်ကစပြီး

လုပ်ရမယ် ဘယ်ဟာကိုလေ့လာရင် ကိုယ်နဲ့အဆင်ပြေမယ်

ဆိုတာသိလာမှာပါ အခုကျနော်တွေ့နေတဲ့လူတွေက

မလေ့လာမသင်ယူကြတာတွေ့ရတော့ စိတ်မကောင်း

ပါဘူး ပြောပြမေမဲ့ ဥာဏ်မမှီတော့ မလိုက်နိုင်ကြတာ

ရှိသလို အချိန်မပေးချင်ကြတာလည်းတွေ့ရတယ်

အချိန်မပေးချင်ကြဘူးဆိုတာက စိတ်ဝင်စားမှု့နည်း

နေသလို ယုံကြည်မှု့မရှိကြသလို ထင်မိပါတယ်

ဒါကြောင့်လည်း သိသူဖော်စားမသိသူကြော်လွှား

နေကြရတာပါပဲ  နောက်မှဆက်ရေးအုံးမယ်ဗျာ


အသိပညာအတက်ပညာ နည်းပညာဗဟုသုတများ

အလွယ်တကူရှာဖွေနိုင်ကြပါစေလို့ ဆန္ဒပြုရင်း


ခရီးသွားအတွေးစာစု

    

No comments:

Post a Comment