"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေးပြီး အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
လူတိုင်းမှာ ရည်မှန်းချက်နဲ့ အတွေးကိုယ်စီရှိကြပါတယ် တချို့တလေကတော့ ရည်မှန်းချက်
ရှိကြပေမဲ့ ကိုယ်ပိုင်အားစိုက်ထုတ်မှု့ကြနည်းနေကြတယ် လုပ်သင့်တာလုပ် ပြောသင့်တာပြော
တွေးသင့်တာလေးတွေတွေးပြီး အမှန်တကယ်မှန်ကန်တဲ့လိုင်းကို လိုက်ပြီးကြိုးစားကြမယ်ဆိုရင်
အောင်မြင်မှု့ဆိုတာခဏပါပဲ လက်တွေ့လုပ်မကြည့်သေးသမျှတော့ ဘာမှသိလာနိုင်မယ် မထင်ပါဘူး
သိချင်ရင်လေ့လာ တက်ချင်ရင်သင်ရမှာပဲလေ တချို့တွေ့ဘူးပါတယ် ငါသိငါတက်တယ်ဆိုပြီ ကိုယ့်ကိုကိုယ်
အထင်ကြီးနေကြသူတွေလည်း အများကြီးရှိပါတယ် တကယ်လုပ်ကြည့်လိုက်ပါ ကိုယ့်ကိုကိုယ် မညာပါနဲ့
ဒါကလည်း ကိုယ့်ကိုကိုယ်သိနေတယ်တက်နေတယ်ဆိုပြီး အထင်ကြီးဘဝင်မြင့်နေသူတွေအတွက်ပြော
တာပါ တကယ်သိ တကယ်တက် တကယ်နားလည်ကြသူတွေက ဘဝင်မြင့်တဲ့စိတ်မရှိကြဘူးထင်ပါတယ်
သူများအထင်ကြီးအောင် လုပ်ပြချင်တဲ့စိတ်ရှိသူက ရိုးရိုးသားသားနေသူနဲ့ တခြားစီပါပဲ ခွဲခြားလိုရပါတယ်
ကိုယ်မသိတာ မတက်တာကို ပွင့်လင်းစွာပြောရဲသူဟာ တိုးတက်မှု့က သိသလိုတက်သလိုနေသူထက်
အစစအရာရာ သာနိုင်မယ်ထင်ပါတယ် တကယ်တော့ လူတွေက ပေါ့ပေါ့နေပေါ့ပေါ့တွေးနေကြတာများပါ
တယ် အခုခေတ်မှာက သိချင်တာ တက်ချင်တာ သင်ချင်တာတွေက အရမ်းပေါ အရမ်းလွယ်ကူပါတယ်
ဒါပေမဲ့ သိတဲ့တက်တဲ့သူ များသလောက် မသိမတက်နားမလည်ကြသူတွေကလည်းအများကြီးရှိပါတယ်
ဒီကြားထဲ မသိမတက်နားမလည်ကြသူလေးတွေ အလိမ်အခံမိတော့လည်း ကြောက်လန့်ပြီး ရှေ့ဆက်
သွားဖို့ တွန့် သွားကြတာပေါ့ဗျာ ဟုတ်တော့လည်းဟုတ်ပါတယ်
အွန်လိုင်းကမ္ဘာကြီး ဆိုတာလူမျိုးပေါင်းစုံ စိတ်ဓာတ်မျိုးစုံနဲ့ ကောင်းသူရှိသလို မကောင်းသူလည်း
ပေါတာပေါ့ဗျာ ကိုယ်တိုင်က စဉ်းစားဆင်ခြင်တက်ဖို့ အကောင်းအဆိုးခွဲခြားတက်ဖို့ တော့လိုတာပေါ့နော
အဓိကကတော့ ကြားသမျှပြောသမျှ မြင်သမျှတွေကို အယုံမလွယ်မိဖို့ ကအရေးကြီးဆုံးပါပဲ သူများဆိုးတိုင်း
သူများမကောင်းတာလုပ်တိုင်း ကိုယ်ကလိုက်ပြီးမလုပ်ရင် အကောင်းဆုံးပါပဲ အတက်နိုင်ဆုံးကောင်းအောင်
ကြိုးစားဖို့ ကကိုယ့်တာဝန်ပါပဲ တကယ်တွေးကြည့်ရင် ဆင်းရဲကြတဲ့သူတိုင်းဆိုးနေကြတာ မဟုတ်ပါဘူး
ချမ်းသာတဲ့လူတွေထဲမှာလည်း စိတ်ဓာတ်အောက်တန်းကျတဲ့သူဆိုးတဲ့သူတွေ လည်းရှိကြမှာပါပဲ
အဓိက ကတော့ ကိုယ့်ထက်သာမနာလိုစိတ်တွေ မမွေးပဲ အကောင်းဆုံးကိုတွေးပြီး အကောင်းမြင်မယ်
ဆိုရင် အရာရာအေးချမ်းကြမယ်လို့ ထင်ပါတယ် လူတိုင်းမှာ အလုပ်ကိုယ်စီရှိကြပါတယ် အလုပ်အကိုင်ရှိရင်
ချမ်းသာဖို့ ဆိုတာ လက်တကမ်းပါပဲ ဒါလည်းအတွေးအခေါ်ရှိဖို့ တော့ လိုတာပေါ့ အရာရာစဉ်းစားတွေးခေါ်
တက်ရမယ် ဒါကြောင့် လေ့လာသင်ယူဖို့ အတွက် စာများများတော့ဖတ်ရမှာပေါ့ ကျနော်ပြောခဲ့ဘူးပါတယ်
များများဖတ် များများတွေး နည်းနည်းပြောမယ်ဆိုရင် အစစအရာရာ အေးချမ်းကြလိမ့်မယ် တိုးတက်မှု့တွေ
လည်းပြောင်းလည်းလာနိုင်မယ်ထင်ပါတယ် ဒါကြောင့် အချိန်ကို အကြိုးရှိအောင် အသုံးပြုပြီး
အသိပညာအတွေးအခေါ်တွေ ရင့်ကြတ်မြင့်မားဖို့ စာများများဖတ်ကြပါဆို့ ;;
အတွေးစာစုရဲ့အတွေးလေးတွေ မှားတာရှိခဲ့ရင် ပြောပြချင်လွန်းလို့ စေတနာအမှားလို့ နားလည်းပေးပါလို့ 
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment