ုkomyo ခရီးသွားအတွေးစာစု

Thursday, 13 October 2016

အကြောင်းမဲ့အလုပ်မှ ကောင်းတဲ့အလုပ်သို့ ---

"မင်္ဂလာပါ " bloggerခရီးသွားအ​တွေးစာစု ကိုနားလည်​​ပေပြီး အား​ပေးတဲ့အတွက်​ ​ကျေးဇူးကမ္ဘာပါ:::::

ချစ်မိတ်ဆွေတို့ ရေ နေကောင်းကြတယ်နော် ကျနော်လည်း စာမရေးတာ နဲနဲတောင်ကြာသွားပြီ

ခရီးသွားအတွေးစာစုလေးကို မေ့များသွားကြပီလားလို့  အများကြီးရေးပြီး ခဏခဏတင်ချင်ပါတယ်

ဘာဖြစ်လို့ လည်းဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ကအသိဥာဏ်မရှိကြသေးသူ ဘာမှနားမလည်


ဘာမှမသိ သေးသူတွေက အများကြီး ကိုယ့်ကိုကိုယ်သိလှပြီ တက်လှပြီလို့  ထင်နေကြတဲ့သူတွေလည်း

အများကြီး ကျနော်လည်း အများကြီးတော့ သိသေးတာမဟုတ်ပါဘူး ကိုယ်သိသလောက်လေးဝေငှ

ပေးရလို့  ကိုယ်ရေးလိုက်တဲ့ စာလေးတွေက တခြားတယောက်အတွက် ခွန်အားဖြစ်စေချင်တဲ့ဆန္ဒနဲ့ပါ

အခုလူတွေကို တကယ်တွေးကြည့် ရင် ဝမ်းနည်းရမလို ရီရမလို  ငိုရမလိုပါပဲ တချို့လူငယ်လေးတွေ

နဲ့တချို့မိန်းမ ငယ်လေးတွေက ဖုန်းလေးတလုံးကို ကျွမ်းကျင်အောင်ကိုင်နိုင်ပြီလို့ ထင်နေကြတာလားမသိ

Facebook ပေါ်မှာလည်း စကားလုံးတွေက မှန်အောင်မရေး ပြီးတော့ ဖုန်းတလုံးနဲ့တလုံး ပုံတွေကူး 

ဇာတ်ကားတွေကူး zapya လေးသုံးပီးတော့ပေါ့ အမျိုးမျိုးလုပ်ပြီးပျော်နေကြတာ facebook ပေါ်မှာ

စကားလုံးလေးတွေ ကအထူးအဆန်းလိုထင်ပြီး ပျော်မြူးးနေကြကြည်းနူးနေကြတာ ကိုယ့်အတွက်

ဘာမှတ်သားစရာပါလည်း အများအတွက် အတုယူစရာပါလား လို့ စဉ်းစားမိရဲ့လား ကိုယ့်တင်လိုက်တဲ့

post  ကအများအတွက်အကျိုးရှိနိုင်မလား စသည့်အားဖြင့် စဉ်းစားတွေးခေါ်ပြီး အပြန်အလှန်

ဖလှယ်နိုင်ကြမယ်ဆိုရင် မကောင်းဘူးလား လူတွေကို အထင်သေးလို့  ပြောခြင်းမဟုတ်ပါဘူး

တကယ်ကို မသိနားမလည်ကြသူတွေနဲ့ တွေ့တွေ့ နေရလို့ ပါ ကျနော့စိတ်ကတော့ လူတိုင်းမှာ

အတွေးအခေါ်မြင့်မားစေချင်တဲ့ဆန္ဒနဲ့ပါ ဘာရည်ရွယ်ချက်မှမရှိပါဘူး လူတိုင်းမှာ အလုပ်အားတဲ့

အချိန်လေးမှာဖြစ်ဖြစ် ထမင်းစားနားချိန်မှာပဲဖြစ်ဖြစ် အသိပညာ အတက်ပညာဗဟုသုတလေးတွေကို

ရှာဖွေပြီး ဖတ်စေချင်ပါတယ်  အချိန်ခဏလေး ပေးလိုက်ရတယ်ဆိုပေမဲ့ အဲဒီအချိန်မှာ ရလိုက်တဲ့

အသိကတော့ ဘာနဲ့မှ နိုင်းယှဉ်လို့ မရပါဘူး အရမ်းတန်ဖိုးရှိပါတယ် တကယ်လေ့လာကြည့်ရင်သိပါတယ်

ကိုယ်သိထားတဲ့ အရာလေးတွေကိုလည်း ကိုယ့်လောက်မှမသိသေးသူတွေအတွက် ဝေငှ share ကြ

ရင်း ကုသိုလ်ယူနိုင်ကြပါစေ game ဆော့ COC ဆော့ အကြောင်းမဲ့ အလုပ်လေးတွေ လျော့ပြီး

ကောင်းတဲ့အလုပ် ဘဝကို တိုးတက်မဲ့ အလုပ်လေးတွေ ရှာဖွေလေ့လာကြပါလို့ ခရီးသွားအတွေးစာစုက

ထာဝရ ဆုတောင်းပါတယ်

        bloggerခရီးသွားအတွေးစာစုအတွေးလေးတွေမို့ အရေးမတော်လို့ အတွေးချော်သွားခဲ့ရင် 

နားလည်ပေးပါလို့ 

       bloggerခရီးသွားအတွေးစာစု

No comments:

Post a Comment