"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
မိတ်ဆွေတို့ ရေ နည်းပညာတွေကတော့ အရမ်းကိုတိုးတက်နေပေမဲ့ တကယ်လုပ်ကြည့်တော့
ဘယ်ကစပြီးဘယ်လိုလုပ်ရမလည်းဆိုတာ သိပ်ပြီးနားမလည်ကြသေးသူတွေလည်း အများကြီး
ရှိနေကြတယ်ကျေ်န်ာလည်း သိပ်နားမလည်သေးပါဘူး ဒါပေမဲ့ စာအုပ်တွေရှာဖတ် ကိုယ်လေ့လာ
ချင်တဲ့အကြောင်းတွေ youtube မှာမွှေနှောက်ပြီးလေ့လာနေတုန်းပါပဲ မိတ်ဆွေတို့ လည်း
နည်းပညာတွေလေ့လာဖို့ ဆရာမရှိလို့ ဆိုပြီးအားငယ်စရာ မလိုပါဘူး ကိုယ်တိုင်က ဘယ်ကို
သွားမယ် ဘာသိချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်လေးရှိဖို့တော့လိုတာပေါ့ အင်တာနက်ဆိုတဲ့
လောကကြီးထဲမှာ သိချင်တာအကုန်ရနေတာပဲ မဟုတ်လား ဒါကြောင့် အချိန်ကိုအလားမဖြစ်
အောင် ကိုယ်လည်းအသိပညာလေးတွေ တိုးအောင် ဘယ်လိုအသုံးချမယ်ဆိုတာ စဉ်းစားစေချင်
ပါတယ် အခုခေတ်ကလေ့လာလို့  အရမ်းကိုလွယ်ကူနေပါပြီ ဖုန်းလေးတလုံးရှိရင်ကို အရမ်း
အဆင်ပြေပါတယ် လူတိုင်းကတော့ အားနေတယ်ဆိုရင်ပဲ ဖုန်းလေးကိုပွတ်နေကြတာပါပဲ
အလိုအားတဲ့အချိန်လေးမှာ အသိပညာဗဟုသုတ တခုခုယူနိုင်ရင် မကောင်းဘူးလား လူတိုင်းက
သေချာမတွေးကြလို့ ပါ ခက်တယ်လို့ လည်းထင်နေကြတာရှိသလို ခေါင်းရှုပ်ပါတယ်ကွာဆိုပြီး
မလေ့လာချင်ကြတာလည်းတွေ့ ရတယ် ဥပမာ ဘဏ်တခုအကြောင်းလေးပဲဖြစ်ဖြစ် ဖတ်ကြည့်
မယ်ဆိုရင် ဘဏ်လုပ်ငန်းဆိုတာကိုယ်သာမန်သိနေတာထက် ပိုပြီးသိလာနိုင်မှာပါ
ဘယ်အရာမဆို လေ့လာမယ်ဆိုရင် ပိုပြီးသိလာမယ် ပိုပြီးနားလည်လာမယ် မဟုတ်လား
နည်းပညာဆိုတာကလည်း လက်တွေ့ လုပ်ကြည့်မှသာ ဘာကဘယ်လိုဆိုတာ ပိုပြီးသိလာနိုင်မှာပေါ့ ကျနော်ပြောခဲ့သလို လူတိုင်းကဘဏ်ဆိုတာ ပြည့်ပြည့်စုံစုံ မသိကြပါဘူး
အထင်သေးလို့ ပြောတာ မဟုတ်ဘူနော် တချို့ က သူဋ္ဌေးတွေမှ ဘဏ်နဲ့ ဆိုင်တယ်လို့ ထင်ကြတာရှိတယ် ဆင်းရဲသားမှာလည်း ပိုက်ဆံရှိရင် ဘဏ်နဲ့ အလုပ်လုပ်
လို့ ရပါတယ် ပိုက်ဆံ တထောင် ရှိရင်ဘဏ်စာအုပ်လေးတအုပ်လုပ်ပြီး ကိုယ်တက်နိုင်သလောက်
စုစုသွားလို့ ရတာပဲ လူဆိုတာ အလုပ်ရှိရင်ငွေဆိုတာရှိနေမှာပဲလေ ကိုယ်တိုင်က အသုံးနဲ့ အဖြုန်း
ခွဲခြားပြီး သိဖို့ တော့လိုတာပေါ့နော တချို့ လူငယ်တွေက ငွေကိုတင်္န်ဖိုးထားဖို့ မသိကြဘူး
လွယ်လွယ်ရရင် လွယ်လွယ်သုံးပစ်ကြတာ မုန့် ဖိုးလေး ငါးထောင်ရတယ်ထားဗျာ အဲဒါကို
beer ဆိုင်သွားပြီးဖြုန်းတဲ့လူကရှိသေးတယ် ဆရာကြီးလုပ်ပြီး အထာကြိးနဲ့ ပြောနေတာမဟုတ်
ပါဘူးဗျာ မြင်တွေ့ နေရတဲ့ အတွေ့ အကြုံ့လေးတွေကို စိတ်မကောင်းမိလို့ ပါ
နောက်ဆုံးပြောချင်တာကတော့  အချိန်နဲ့ ငွေကို အကြိုးရှိအောင်အသုံးချတက်စေချင်တဲ့ 
အတွေးလေးတွေ ပေါ်ပေါက်စေချင်တဲ့ စေတနာနဲ့ ပါ
bloggerခရီးသွားအတွေးစာစု

No comments:
Post a Comment