ုkomyo ခရီးသွားအတွေးစာစု

Wednesday, 19 October 2016

လုပ်သင့်တာလုပ်ဖို့  အချိန်တန်ပြီ

"မင်္ဂလာပါ " bloggerခရီးသွားအ​တွေးစာစု ကိုနားလည်​​ပေပြီး အား​ပေးတဲ့အတွက်​ ​ကျေးဇူးကမ္ဘာပါ:::::
   
     ကျနော်လည်းနည်းပညာလေးတွေ လေ့လာထားသိထားတာတွေကို မသိသေးသူတွေအတွက်

ဝေမျှဖို့ ရှိပေမဲ့ ရှာဖွေစုဆောင်းထားတာလေးတွေက အချောမတက်နိုင်သေးဘူးဗျာ ကျနော်သိထားတက်ထား

နားလည်ထားတာလေးတွေပေါ့ဗျာ အတွေးစာစုလေးတွေကြားထဲမှာ နည်းပညာလေးတွေ အနည်းချင်း


ထည့်ပြီးရေးတာ ဆရာကြီးလုပ်ချင်လို့ မဟုတ်ပါဘူး လုံးဝလုံးဝ ဘာမှမသိသေးသူတွေအတွက် သိစေချင်တဲ့

စေတနာတခုတည်းပါ ဆရာကြီးတွေရေးထားခဲ့တဲ့ နည်းပညာလေးတွေထဲက ကိုယ်နားလည်းထား

သလိုလေးတွေ ဘာမှမသိသေးသူတွေအတွက် သိစေချင်တဲ့ဆန္ဒပါ တခြားဘာရည်ရွယ်ချက်မှမပါပါဘူး

ဆရာကြီးတွေက နည်းပညာမျိုးစုံကို ဝေမျှနေကြပေမဲ့ အခုမှစပြီး လေ့လာလိုက်စားကြသူတွေအတွက်

အထောက်အကူတခု လမ်းပြတခုအဖြစ် သိသွားစေချင်တဲ့ ဆန္ဒနဲ့ပါ ဆရာကြီးတွေကတော့ ရှေ့ဆက်ပြီး

သွားနေကြမှာပဲလေ အခုမှလေ့လာသူကတော့ ဖြတ်လမ်းကလိုက်လို့ ဘယ်အဆင်ပြေပါ့မလည်း

ကျောင်းအပ်တာနောက်ကျတဲ့ ကျောင်းသားတယောက်လိုဖြစ်နေမှာပေါ့ သူများတွေကတော့ 

စာတွေအများကြီးသင်ပြီးသွားပြီ ကိုယ်ကအခုမှ ကျောင်းစတက်တာဆိုတော့ ဘာတွေသင်မှန်းမသိ

ဘယ်ကစပြီးလုပ်ရမှန်းမသိ ဖြစ်နေမှာမို့ လား သူကို ဘယ်လိုဘယ်လို လုပ်လို့ ပြောပြသူနည်းလမ်း

ပေးသူရှိမှ ဘယ်လိုလုပ်ရမယ် ဘယ်ကစရင်အဆင်ပြေမယ်ဆိုတာ တဖြေးဖြေးချင်း နာလည်လာနိုင်မှာ

မဟုတ်လား ဘာမသိညာမသိ ရောက်တဲ့နေရာက စပြီးသင်မယ်ဆိုရင် သူဘယ်လိုနားလည်နိုင်ပါ့မလည်း

လိုက်လေဝေးလေဖြစ်နေမှာမဟုတ်လား ဒါကြောင့် ဆရာကြီးတွေ ဟိုအရင်အစက တင်ထားတာလေး

တွေရှာဖွေဖတ်ဖို့ ဆိုတာလည်း ဘာမှမသိတော့ အခက်တွေ့ကြမှာပေါ့ အခြေခံကစပြီး တဆင့်ချင်း

လေ့လာမှသာ တိုးတက်မှု့ တွေ ရဖို့ နည်းလမ်းတွေ့မယ်ထင်ပါတယ် ကိုယ်ကသိချင်ဇော တက်ချင်ဇောနဲ့

တွေ့တာကို လေ့လာနေလို့ လည်းမဖြစ်သေးဘူးလေ ငါဘာလုပ်ချင် ဘာသိချင်တာလည်း ဆိုတာ

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရင် ဘယ်ကစပြီးဘာလုပ်သင့်တယ်ဆိုတာ တဖြည်းဖြည်းသိလာမှာပါ

ဘာမသိ ညာမသိ ဟိုစပ်စပ်ဒီစပ်စပ်ဆိုရင် အချိန်ကုန် ဘေကုန်ပြီး ဘာမှမသိဖြစ်ကုန်ကြမှာမဟုတ်လား

ဒါကြောင့် ကိုယ်ဘာလုပ်ချင်တယ် ဘာသိချင်တယ် ဘာကိုလေ့လာချင်တယ်ဆိုတာ လေးတော့ 

မစခင်အရင် စဉ်းစားကြမယ်ဆိုရင် ထူးခြားမှု့တခုကတော့ ရှိလာမှာပါ ဘာမှန်းမသိဘူးဆိုပြီး အားငယ်

မနေပါနဲ့ လုပ်သင်တာလုပ်ဖို့ အတွက် လေ့လာသင့်တာ လေ့လာဖို့ အတွက် အချိန်တန်ပြီလို့  တွေးတက်

လာပြီဆိုရင် ပန်းတိုင်းကို ရောက်တော့ မှာပါ ဒါကြောင့် ကြိုးစားကြည့်ကြပါ့လို့ ;;;;!

 ခရီးသွားအတွေးစာစုမှ စေတနာများစွာနဲ့ တိုက်တွန်းတာပါ


 komyoခရီးသွားအတွေးစာစု



No comments:

Post a Comment