"မင်္ဂလာပါ "
bloggerခရီးသွားအတွေးစာစု ကိုနားလည်ပေပြီး
အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ:::::
တနေ့ တာအတွေ့အကြုံ တွေက သနားစရာဒုက္ခမျိုးစုံလိုဖြစ်နေပြီးလားမသိတော့ဘူး
စစ်ဘေးပြေးရှောင်ရ ရေဘေးပြေးရှောင်ရ ပြေးရှောင်ရတဲ့ဘေးတွေက အမျိုးမျိုးကြားနေ တွေ့နေရတာ
အရမ်းစိတ်မကောင်းစရာတွေပါပဲ ခုပဲကြားသိမြင်တွေ့ လိုက်ရတဲ့ မြင်ကွင်းတွေက ရင်နှင့်ဖွယ်ရာတွေ
ပါပဲ ချင်းတွင်းမြစ်ထဲ အမြန်ရေယာဉ်နစ်မြုပ်မှု့ကြီက လူပေါင်းများစွာဆုံးရှုံးလိုက်ရတာ မိတ်ဆွေတို့
စဉ်းစားကြည့်ပေါ့ဗျာ လူတွေရဲ့လောဘစိတ်တွေကြောင့် မဆိုင်သူတွေပါ အသက်ပေးခဲ့ရတဲ့အဖြစ်တွေ
ကလည်းမနည်းတော့ပါဘူး ငါသိငါတက်ငါတော် ငါပိုင်တယ်ဆိုတဲ့ လောဘစိတ်တွေ ရှိနေကြသေး
သ၍တော့ အမှန်တရားနဲ့ အကောင်းတွေဆိုတာ ရှိလာမှာမဟုတ်ပါဘူး တယောက်နဲ့တယောက်
နားလည်မှု့တွေပေး ကူညီဖေးမှမှုတွေပေး အားနာမှု့တွေ ရှိကြမယ်ဆိုရင် လောကကြီးကအရမ်းကို
အေးချမ်းနိုင်ပါတယ် အများပြည်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြသနာတွေက ဘာတွေလည်းလို့ 
စဉ်းစားကြည့်မိပါတယ် လောဘစိတ်တွေက အဓိကလို့ ထင်ပါတယ် ဘာဖြစ်လို့ လည်းဆိုတော့
ကိုယ့်မှာရှိတဲ့ရွှေလေးတွေတောင် ရဲရဲမဝတ်ရဲကြတဲ့ ဘဝ လမ်းသွားရင်း ပိုက်ဆံလုခံရမှာ ဆွဲကြိုးလေး
ဖြုတ်သွားမှာ စသဖြင့်တွေးပြီးကြောက်နေကြရတာ ဘာကြောင့်လည်း လောဘသားကောင်တွေ
လူပျင်းလူဆိုးတွေကြောင့်ပေါ့ ဒါမျိုးတွေရှိနေတွေ့နေကြတာတောင် ရှင်းသွားအောင် ဘာလို့ မလုပ်ကြ
တာလည်း ပြည်သူတွေရဲ့လုံခြုံမှု့က ပြည်သူတွေထဲမှာပဲ ရှိတာပါ ကောင်းတာတွေကပြည်သူထဲက
ပေါက်ဖွားလာကြသလို လောဘသားကောင်လူဆိုးတွေကလည်း ပြည်သူတွေထဲကပေါက်ဖွားလာ
ကြတာပါပဲ ဒါကြောင့်အသိစိတ်ကလေးတွေက လူတိုင်းမှာ ထားနိုင်ကြမယ်ဆိုရင် လူ့ဘဝလူလောက
ကြီးက အမြဲသာယာနေမယ်ထင်ပါတယ် ပြည်သူတွေ ခရီးသွားရတာကြည့်လေ ကားသမားတွေက
လည်း ခရီးသည်ကို အပြေးအလွှားတင်ကြ ဒုန်းမောင်းကြလို့  မှောက်ကြ သေကြတာတွေ့နေရတော့
ခရီးသွားကြရတာတောင် လုံခြုံမှု့ အပြည့်မရှိကြတော့ဘူး ရေလမ်းကြပြန်တော့လည်း
လူတွေကုန်တွေ ဇွတ်အတင်းတင် ဘယ်အရာမဆို မနိုင်ဝန်ထမ်းရင်တော့ ဒုက္ခ ဖြစ်မှာပဲလေ
ဒါတွေကလည်း လောဘကြောင့် မဟုတ်လား ပုံမှန် တင်ပြီးအေးအေးဆေးဆေး မောင်းကြရင်
မရဘူးလား မတရားကြီးတင်လိုက်လို့ သူတို့ ဘဝ မပူမပင်အောင် ချမ်းသာသွာမှာလား
ပုံမှန်တင်ပြီး သက်တောင့်သက်သာ အေးဆေးမောင်းလို့ ရော ငတ်ပြတ်မွဲသွားကြမှာလား
ခရီးသည်ပြည်သူတွေရဲ့ အသက်က သူတို့ ယာဉ်မောင်းတွေရဲ့ လက်ထဲမှရှိနေကြတာ သိသိကြီးနဲ့
လောဘစိတ်ကြောင့် မေ့လျော့သွားကြတော့ အပစ်မဲ့ ပြည်သူတွေ အသက်ပေးကြရတာ
ရင်နှင်ဖွယ်ရာတွေးပါပဲ ခေတ်ကြီးကိုက မကောင်းနေတဲ့အချိန် ဆုပ်ကဒ်ခေတ်ဆိုတာ တော့
မကောင်းတဲ့အဖြစ်ဆိုးတွေက မကြုံရအောင် ကောင်းတဲ့ စိတ်လေးတွေ မွေးပြီး
တဦးနဲ့တဦး ကောင်းသောစကားတွေ ဆိုကြရင် ဘဝတွေ သာယာနိုင်ကြပါစေ
ဘယ်သူ့ ကိုမှအပစ်တင်ပြီရေးခြင်းမဟုတ်ပါဘူး စိတ်မကောင်းလို့ ဝမ်းနည်းစွာနဲ့ ရေးခဲ့တာပါ
စိတ်ကောင်းစေတနာကောင်းများ ထားနိုင်ကြပါစေ
komyoခရီးသွားအတွေးစာစု
No comments:
Post a Comment