ုkomyo ခရီးသွားအတွေးစာစု

Thursday, 17 November 2016

ကြိုးစားရအုံးမှာပါလားးးးးလို့းးး

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
  ကျနော်blog ပေါ်မှာစာတွေရေးနေပေမဲ့ blog  ဆိုတာ ကိုကောင်းကောင်းနားမလည်သေးပါဘူး
ကျနော်ရေးတာတွေက အစီအစဉ်မကျ မှားတာတွေ ရှိခဲ့ရင် နားလည်ပေးပါလို့  လေ့လာရင်း တွေးရင်း
ရေးနေလို့ ပါ နည်းပညာ သမားမဟုတ်ပါဘူး ကိုယ်သိနားလည်တာ လေးတွေကို ဘာမှမသိသေးသူတွေ အတွက် သိစေချင်တဲ့စေတနာနဲ့ပါ ဆရာကြီးတွေရဲ့ နည်းပညာလေးတွေ ဗဟုသုတလေးတွေ
ရှာဖွေလေ့လာရင်း ကိုယ်သိသလောက် ဝေငှတာ မသိနားမလည် ကြသေးသူတွေ အတွက်ပါ ပြီးတော့
အတွေးထဲက အတွေးလေးတွေ ပိုပြီးတွေးတက်စေချင်တဲ့စေတနာပါ    ဘာဖြစ်လို့ လည်းဆိုတော့
အတွေးအခေါ်မရှိ ဘာမှမသိသေးသူတွေ အများကြီးတွေ့ ရလို့ ပါ  ကိုယ်လည်းသိလို့ တက်လို့ ပြော တာ
မဟုတ်ပါဘူး တကယ်ကြုံတွေ့ ရလို့ ပါ တကယ်စိတ်မကောင်းဖြစ်မိတယ် ဘယ်သူမဆို ငါသိငါတက်ငါတော်
လှပြီလို့ ထင်နေကြတာကလည်း အများကြီးတွေ့ ရပါတယ် တကယ်လက်တွေ့ ရင်ဆိုင်ရပြီဆိုတော့ 
တလွဲဆီ ခက်တော့ ခက်တယ်ဗျ ကျနော်တို့ လူမျိုးတွေကလည်း ကြွားချင်တဲ့စိတ်က များများ  ကိုယ့်အိမ်
မှာ ရှိရဲ့ လား ပြည့်စုံရဲ့ လားဆိုတာ တော့ မတွေးကြဘူး အပြင်ရောက်ရင် တော့ သူဌေးစိတ်က တဝက်လောက် ရောက်နေကြတာ အိမ်ကအကြောင်းလေးကို မတွေးမိတော့ဘူး အပြင်မှာ နေချင်တိုင်းနေ
ပျော်ချင်တိုင်းပျော် နေကြတာလေ အချိန်ကုန်လို့ အိမ်ပြန်ရောက်ရင်တော့ မျက်နှာကတမျိုးဖြစ်ပြီး
ဘာဖြစ်တယ် ညာဖြစ်တယ် ဘယ်လိုညာလို ဆိုကြတာတွေလည်း တွေ့ ဘူးတယ် လူတိုင်းကို မဆိုလိုဘူးနော် တွေ့ ဘူးကြုံဖူးကြတဲ့ မိတ်ဆွေတွေလည်း ရှိကြမယ်ထင်ပါတယ်
ကိုယ့်ကိုကိုယ် သိဖို့ တော့လိုတာပေါ့ ဗျာ ဟုတ်းဘူးလား မသိဘူးမဟုတ်ပါဘူး လူတိုင်းသိကြပါတယ်
တချို့လူတွေဆို facebook ပေါ်မှာ သူတို့ ရဲ့ အလှအပတွေ အကုန်ထုတ်ပြီး လူတကာသိအောင်လုပ်ပြ
နေတာလားမသိ ပါဘူးဗျာ ခဏခဏ တင်ကြတာ တွေ့ ရတယ် ပြီးတော့ တချို့ လူတွေက သူများကား
ကို မောင်းပြီး ကိုယ့်အိမ်ကကားလို လို သူများဆိုင်ကယ်ငှားစီးပြီးကိုယ့်ဆိုင်ကယ်လိုလို လုပ်ပြနေကြ
သူတွေလည်း ရှိကြတာပါပဲ ကျနော်အခုလိုပြောနေတာက သူများအတင်းပြောနေတာ မဟုတ်ပါဘူး
လူတိုင်းမှာ မှန်ကန်တဲ့အတွေးအခေါ်လေးတွေ မှန်ကန်တဲ့ လုပ်ရပ်လေးတွေ ရှိစေချင်လို့ ပါ
ငါလည်း ကြိုးစားရအုံးမှာပါလားလို့ အသိမဝင်မချင်း ပြောင်းလည်းမှာမဟုတ်ပါဘူး ကြီုးစားရင် ဘယ်အရာမဆို အောင်မြင်နိုင်ပါတယ် သူကစက်ဘီးစီးရင် ကိုယ်ကခြေချင်ရှောက်နိုင်ရမယ် သူဆိုင်ကယ်
စီးရင် ကိုယ်က စက်ဘီးဝယ်နိုင်အောင် ကြိုးစားရမယ် သူက ကားစိးရင် ကိုယ်က ဆိုင်ကယ်စီးနိုင်အောင်
ကြီုးစားရမယ် သူကTV အကြီးကြီး ကြည့်ရင်ကိုယ်က TV အသေးလေးတော့ ကြည့်နိုင်ရမယ်
သူဝယ်တိုင်းလိုက်ဝယ်လို့ တော့ မဖြစ်ဘူးမို့ လား ဒါကလည်း ကိုယ့် အဆင့်ကိုသိဖို့ တော့ လိုတာပေါ့
ဝမရှိပဲ ဝိမလုပ်မိပါစေနဲ့  စာများများဖတ်များများတွေးတဲ့ အကျင့်ကိုလုပ်ပါ ဘယ်ဟာက အကျိုးရှိ
တယ် အကျိုးမရှိဘူးဆိုတာ ခွဲခြား တက်ပါစေ အချိန်တွေကိုအလကား မဖြုန်းမိပါစေနဲ့ အကျိုးရှိရှိ
အသုံးချတက်အောင် စဉ်းစားတွေးခေါ်စေချင်ပါတယ်
ကျနော်ဟိုနေ့ ကငွေရှာဆိုဒ်အကြောင်းရေးမယ်လို့ ဆိုပေမဲ့ မပြည့်စုံသေးလို့ ဆက်မရေးဖြစ်သေးပါဘူး
အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီးမှ ကိုသိသလောက်လေးကို့ ဘာမှမသိသေးသူတွေအတွက် ရည်ရွယ်
ဝေငှမှာပါ ခရီးသွားအတွေးစာစုရဲ့ အတွေးလေးတွေက မည်သူကိုမှ ရည်ရွယ်ရေးခြင်းမဟုတ်ပါဘူး
ခရီးသွားအတွေးစာစု အတွေးထဲက အတွေးတခု ရသွားရင်ပဲ ကျေနပ်ပါပြီ

      အားလုံးကျန်းမာကြပါစေ

komyoblogger ခရီးသွားအတွေးစာစု



 

No comments:

Post a Comment