"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော်လေ့လာမိသလောက် ကို အတွေးစာစုအဖြစ် မှတ်တမ်းပြုခဲ့တဲ့ အထဲက ချစ်မိတ်ဆွေတို့အတွက်
အသိတခု အတွေးတခုတော့ ရမယ်လို့ မျှော်လင့်မိပါတယ် ကိုယ်သိသလောက်တက်သလောက်လေးကို
ဘာမှမသိသေးသူတွေအတွက် ရည်ရွယ်တာပါ တကယ်တော့ ပညာဗဟုသုတပဲဖြစ်ဖြစ် ဘာဗဟုသုတပဲ
ဖြစ်ဖြစ် ယူတက်ဖို့လိုပါတယ် ကလေးမသိတာ လူကြီးသိသလို လူကြီးမသိတာလည်း ကလေးကသိချင်သိ
နေမှာမို့လား ဒါကြောင့် ပညာဗဟုသုတဆိုတာ ဘယ်အချိန် ဘယ်နေရာ ဘယ်သူဆီကပဲဖြစ်ဖြစ် ယူသင့်ရင်
ယူရမှာပဲလေ ကိုယ့်ထက်နိမ့်တဲ့သူဆီကလည်း ရချင်ရမယ် ကိုယ်ထက်မြင့်တဲသူဆီကလည်းရချင်ရမယ်
ခွဲခြားသတ်မှတ်ထားဖို့ တော့လိုမယ်မထင်ပါဘူး ကိုယ်က အကောင်းအဆိုး အမှားအမှန်ခွဲခြားတက်ဖို့က
အဓိကမဟုတ်လား ခက်တော့ခက်တယ်ဗျာ ပညာဗဟုသုတ ယူရကောင်မှန်းမသိသူတွေကြတော့
အလွယ်လေး ရှာလို့ရပေမဲ့ ပညာဗဟုသုတကို တကယ်လိုချင်သူများကြတော့ ခဲရခဲဆစ် နဲ့ငွေကုန်ပြီးမှ
ရှာဖွေကြရတာပါ တကယ်မလွယ်တဲ့ ခေတ်ကြီးထဲမှာဝရိယနဲ့ကြိုးစားမှု့လေ့လာမှု့မရှိရင်တော့ လုံးဝလုံးဝ
မလွယ်ပါဘူး ကိုယ်သိချင်တဲ့ အကြောင်းအရာ ကိုယ်လေ့လာချင်တဲ့အပိုင်းတွေကို တော့ ခွဲခြားတက်ဖို့
တော့အရေးကြီးတာပေါ့ ကိုယ်သွားမဲ့လမ်းကိုမှ မသိရင် ပန်းတိုင်ဆိုတာလည်းတွေ့မှာမဟုတ်ပါဘူး
ဒါကြောင့် ကျနော်ရေးခဲ့တာတွေက အတွေးလေးတခုကနေ အတွေးပေါင်းမြောက်များစွာ တွေးတက်
စေချင်တဲ့စေတနာနဲ့ပါ ပညာဗဟုသုတ လိုချင်သူတွေကတော့ ပြောပြစရာမလိုပါဘူး ကိုယ်တိုင်ရှာဖွေ
လေ့လာနေကြတာပါပဲ လုံးဝလုံးဝ ဘာမှမသိသေးသူတွေအတွက် ရည်ရွယ်တာပါ
ကျနော်ရေးခဲ့တဲ့ ခရီးသွားအတွေးစာစုမှာ အမှားလေးတွေ ပါရင်နာလည်ခွင့်လွတ်ပေးပါလို့ ချစ်မိတ်ဆွေ
များကိုတောင်းဆိုပါတယ် နောက်ပိုင်းဆိုရင်တော့ နည်းပညာလေးတွေ ပြီးတော့ အွန်လိုင်းငွေရှာနည်း
လေးတွေကိုလည်း တင်ပေးသွားမှာပါ ဒါကလည်း အခုမှကွန်ပြူတာကို စပြီးလေ့လာနေကြတဲ့ ချစ်မိတ်ဆွေ
တွေအတွက်ပါ အွန်လိုင်းငွေရှာနည်း က ကြော်ငြာတွေကလစ်ရတာလွယ်ပေမဲ့ ငွေထုတ်ဖို့အထိရောက်
အောင်တော့ မနဲကြိုးစားရတယ် ဝရိယနဲ့အားစိုက်ရတာပေါ့ဗျာ နားလည်သွားရင်တော့လွယ်လွယ်လေး
ပါပဲ ပြီးတော့ Paypal အကောင့်ဖွင့်ဖို့ကြတော့ အများကြီးလေ့လာဖို့တော့လိုတယ် verify အကောင့်
ဖြစ်ဖို့ ကမလွယ်ဘူးဗျ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံက visa ကဒ်က paypal verifyဖြစ်အောင်
လုပ်လို့မရဘူး နိုင်ငံခြားက visa ကဒ်နဲ့မှရတာ မြန်မာဘဏ်တွေနဲ့က ချိတ်မထားတော့ paypal ဆိုတာ
တောင်မသိကြဘူး အဲဒါကျနော့်ကိုယ်တွေ့ပါ မြန်မာဘဏ်က visa ကဒ်နဲ့ရမယ်ထင်ပြီးလုပ်ကြည့်တယ်
မရဘူးဗျ ဒါကြောင့် အခုမှစပြီးလေ့လာသူတွေအတွက် သေချာလေ့လာပြီးမှ လုပ်စေချင်ပါတယ်
လေ့လာရင်းလုပ်ကြည့်ရင်းနဲ့ပဲ နားလည်းလာမှာပါ ဘယ်အရာမှတော့ လွယ်လွယ်နဲ့ ရွှေမဖြစ်ပါဘူးဗျာ
လူသို့မဟုတ် ငွေ သို့မဟုတ် စဉ်းစားချင့်ချိန်တက်တဲ့ အသိဥာဏ်တော့ ရင်းရမှာမဟုတ်လား လွယ်လွယ်
လုပ် လို့ရတယ်ဆိုရင် လူတိုင်ချမ်းသာကုန်ကြပြီ ဒါပေမဲ့ မလွယ်ဘူးပြောလို့ စိတ်ညစ်မသွားပါနဲ့
လူရယ်လို့ဖြစ်လာ ကတည်းက ဘယ်သူမှ တက်ခဲ့သိခဲ့ကြတာမဟုတ်ပါဘူး ဒီလိုပဲ ကိုယ်နဲ့နီးစပ်ရာကနေ
လေ့လာရင်းမေးမြန်းရင်းနဲ့ပဲ တက်သွားကြတာပါ လေ့လာဖို့မှတ်သားဖို့ကတော့ အရမ်းအရေးကြီးပါတယ်
ပြီးတော့ အင်္ဂလိပ်လိုလည်း နည်းနည်းပါးပါး ဖတ်တက်မှ ဖြစ်မှာ ပါ မလန့်ပါနဲ့ဗျာ အင်္ဂလိပ်ကို မြန်မာပြန်ပေး
တဲ့ဆော့ဝဲတွေကလည်း ပေါမှပေါ ဒါကြောင့်ပြောတာပေါ့ လေ့လာဖို့ပဲလိုပါတယ်လို့
အားလုံး ပညာဗဟုသုတများ တိုးပွားကြပါစေ
komyobloggerခရီးသွားအတွေးစာစု

No comments:
Post a Comment