"မင်္ဂလာပါ" ချစ်မိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြ၍ အသိဥာဏ် အတွေးအခေါ် ရင့်ကြတ်သူများ
ဖြစ်ကြပါစေ*****
ချစ်မိတ်ဆွေတို့ရေ လူတိုင်း စာမဖတ်ကြသလို စာဖတ်ဝါသနာလည်း လူတိုင်းမှာ မရှိကြပါဘူး
ဒါကြောင့်လည်း တိုးတက်မှု့တွေ အသိတရားတွေ ရှိကြသူ ထားနိုင်ကြသူဆိုတာ နည်းတယ်လို့
ထင်ပါတယ် စာရေးဆရာကြီးတွေ လူကြီးမိဘတွေ အုပ်ထိန်းသူတွေက အမျိုးမျိုးဆုံးမ သင်ပြကြပေမဲ့
အခုခေတ်လူငယ်အများစုတွေက ဆုံးမသင်ပြတာတွေကို လိုက်နာသူနည်းပါသေးတယ်
ဘာဖြစ်လို့လည်းဆိုတော့ တချို့ကြတော့လည်း ဥာဏ်ရည်မမှီ ကြသေးဘူး တချို့ကြတော့လည်း
ငါသိငါတက် ငါပိုင်တယ်ဆိုတဲ့ ငါအတ္တတွေ လွမ်းမိုးနေကြတာလည်းရှိကြတယ် အမျိုးမျိုးပါပဲ
ဒါပေမဲ့ ကျနော်တို့ လူမျိုးတွေက ခေတ်မှီတိုးတက်ဖို့ နှစ် 30/40လောက်နောက်ကြခဲ့ပေမဲ့
အဟောင်းတွေကို မသုံးပဲနဲ့ အသစ်သစ်ဆိုတာတွေ အသုံးပြုနိုင်ကြတာလည်းတွေ့ရတယ်
နိုင်ငံခြားသားတယောက်ပြောသွားတဲ့စကားလေးရှိပါတယ် ကျနော်တို့ လူမျိုးတွေက ဘာပဲဖြစ်ဖြစ်
အသစ်အဆန်းတွေပေါ်လည်း ဖြတ်လမ်းနဲ့ကျော်ခွပြီး လေ့လာနိုင်လုပ်နိုင်ကြပါတယ်တဲ့
ဆိုလိုတာက ကကြီးကနေ အထိ သင်စရာမလိုလုပ်စရာမလို ရောက်တဲ့နေရာကလည်း အသုံးပြုနိုင်
လေ့လာနိုင်ကြတယ် အဲတော့ ကိုယ်တိုင်ကလည်း အများကြီးကို လေ့လာနိုင်မှ အနာဂတ်အတွက်
စိတ်အေးရမယ်မဟုတ်လား အဓိကကတော့ဗျာ ကိုယ်လေ့လာချင်တာသိရင် ရှာဖွေရတာလည်း
လွယ်မယ် အချိန်လည်း သိပ်မကုန်တော့ဘူးလေ ကိုယ်ကလက်တွေ့ဘယ်အရာကိုအသုံးပြုမယ်
ဆိုတာတော့ သေချာလေးစဉ်းစားပီး လေ့လာစေချင်ပါတယ်
ကိုယ်ရဲ့ ဦးတည်ချက် ရည်မှန်းချက်တွေကို အမြန်ဆုံး အောင်မြင်အောင်ကြိုးစားကြပါလို့ တွေဝေမနေပါနဲ့
လုပ်သင့်တယ်ထင်ရင် လုပ်ပစ်လိုက်ပါ ပြီးတော့ စည်းကမ်းရှိအောင်နေပီးကြိုးစားရင် တိုးတက်မှုဆိုတာ
အချိန်ခဏလေးအတွင်းမှာ ပြောင်းလဲသွားမှာပါ
ကျနော်အရင်ကရေးဖူးပါတယ် စာများများဖတ် များများတွေး နဲနဲပြော ဆိုတာလေးကျင်သုံးမယ်ဆိုရင်
အောင်မြင်မှုတခုတော့ရမှာ သေချာပါတယ် ဖုန်းတွေကလည်းပေါ ကွန်ပြူတာတွေကလည်းပေါ
ဆိုတော့ လေ့လာဖို့ အခွင့်အလမ်းတွေ ကအများကြီးပါ ဘာမှမလေ့လာရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး
ဘာမှနားမလည်ပါဘူးဆိုပြီး ပစ်ထားမဲ့အစား ကိုယ်ဝါသနာပါတဲ့ အပိုင်းလေးအကြောင်း စာအုတ်လေး
ရှာပြီးဖတ်မယ် လေ့လာမယ်ဆိုရင် တဖြည်းဖြည်းတော့ နားလည်လာမှာပါ စာဖတ်မပျင်းဖို့တော့ လိုတာပေါ့
နည်းပညာတွေ တိုးတက်နေတဲ့အချိန်မှာ နောက်ကျမကျန်ခဲ့ဖို့ စာများများဖတ်ကြပါဆို့ :):):)
komyo ခရီးသွားအတွေးစာစု
No comments:
Post a Comment