ုkomyo ခရီးသွားအတွေးစာစု

Thursday, 1 December 2016

စဉ်းစားတွေးခေါ်မှု့ က အရေးကြီးလား--------

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
    ကျနော်အရင်ကရေးခဲ့ဘူးပါတယ်အတွေးတခုအရင်းပြု့ ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီစာလေးက
သေချာတွေးကြည့်ရင်အရမ်းလေးနက်တယ်လို့  ထင်မိပါတယ် ဘာဖြစ်လို့ လည်းဆိုတော့
ဘာအလုပ်ပဲလုပ်လုပ် ဘာစကားပဲပြောပြော စဉ်းစားတွေးတောပြီး ပြောဆိုမှသာ
အဆင်ပြေနိုင်မှာမို့လား အလုပ်တခုကို ငွေကြေးတက်နိုင်လို့ ရင်းလည်း ပထမဆုံးလုပ်ရမှာက

စဉ်းစားရမှာမို့ လား မစဉ်းစားမတွေးတောပဲ ငွေကြေးတက်နိုင်တယ်ဆိုပြီး ဖြစ်သလိုလုပ်
ကြည့်လိုက်ပါ့လား ဆုံးရှံးမှုတွေ နဲ့ အမြဲနပန်းလုံးနေရမှာ အသေအချာပါပဲ    အရာရာ
စဉ်းစားပြီးလုပ်ကြသူတွေရှိသလို  အသေးအမွှားလေးပါကွာ ဆိုပြီးဖြစ်သလိုလုပ်သွားကြသူ
တွေလည်းရှိပါတယ် တကယ်တော့ မထင်မှတ်တဲ့ အသေးအမွှားကလေးကလည်း ပြသနာ
အကြီးကြီး သယ်ဆောင်လာတက်ပါတယ် ဒါကြောင့် ဘယ်အရာမဆို လျော့ မတွက်ပဲ 
အလေးအနက်ထားပြီူး စဉ်းစားတွေးခေါ်စေချင်ပါတယ် အခုခေတ် လူငယ်တွေက အရမ်းကို
ကံကောင်းကြတယ်လို့ ထင်ပါတယ် ဘာဖြစ်လို့ လည်းဆိုတော့  ကိုယ်လေ့လာချင်တာ လုပ်ချင်
တာတွေ ရှာဖွေချင်တာတွေ က ဖုန်းလေးတလုံး ကွန်ပြူတာလေး တလုံးရှိရင်ပဲ အိမ်ထဲက
မထွက်ပဲ လေ့လာလို့ ရနေကြပြီမဟုတ်လား အဲတော့ ကိုယ့်ဘက်ကဘာတွေ ဘယ်လိုလုပ်
ရမလည်း ဘာတွေလုပ်သင့် နေပြီလည်း စသည့်အားဖြင့်  အမျိုးမျိုး စဉ်းစားတွေးခေါ်ဖို့ 
လိုပြီမဟုတ်လား တချို့ လူတွေက ဖုန်းလေးကိုင်ပြီး စကားပြောမယ် အဆက်အသွယ်လုပ်မယ်
game ဆော့ မယ် facebook မှာရည်ရွယ်ချက်မရှိ ကြူ ကြတာတွေ wechat line စသဖြင့် 
ရည်ရွယ်ချက်မဲ့ အသုံးပြုနေကြသူတွေလည်း အများကြီးပါပဲ ဒါကလည်း သူတို့ တွေကို
အပစ်ပြောလို့ မရဘူးဗျ ဘာဖြစ်လို့ လည်းဆိုတော့ သူတို့ ကိုယ်တိုင်ကိုက ဘာကိုဘယ်လို
လုပ်ရမှန်း သိမှမသိကြပဲ စဉ်းစားတွေခေါ်မှု့ အပိုင်းကလည်း အားနည်း ဥာဏ်ရည်ကလည်း
မမှီဆိုတော့ ပိုဆိုးတာပေါ့ ဒါကလည်းကျနော်ပတ်ဝန်းကျင်မှာရှိတဲ့ မနိမ့်မမြင့်လူတန်းစား
တွေပါပဲ ဒါကြောင့် ဘာကိုဘယ်လိုလေ့လာမယ် ဘာကိုဘယ်လိုစပြီးလုပ် မယ်ဆိုတာ အခုက
စပြီးလေ့လာမယ်ဆိုလည်း နောက်မကျသေးပါဘူး ကျနော်တို့ လူမျိုးတွေက ဘာကိုဘယ်လို
လုပ်ရမယ်ဆိုတာ  မသိကြသေးတာ ဒါမှမဟုတ် အခွင့်အရေးမရကြတာပါ  ဒါကြောင့်
မသိကြသေးတဲ့အသိတွေ မရခဲ့ကြတဲ့အခွင့်အရေးတွေ အခုအချိန်မှာ အိမ်ထဲကနေ အပြင်
မထွက်ပဲတောင် ရှာလို့ ရနေပါပြီ အ၈င်္လိပ်လိုမတက်လို့ လေ့လာလည်းအလကားပဲ ဆိုပြီး
အားငယ်စရာမလိုပါဘူး စာဖတ်ပျင်းနေလို့ တော့  မဖြစ်ဘူးပေါ့ဗျာ စာဖတ်တဲ့အကျင့်ကို
ရအောင်ကြိုးစားစေချင်ပါတယ် ပြီးတော့ နားထောင်ပြီး လည်းလေ့လာလို့ ရပါတယ်
အခု facebook ပေါ်မှာ ဈေးရောင်းနေကြသူတွေ များများလာတာတွေ့ရတယ် ဝမ်းသာပါတယ်
အားပေးပါတယ် နည်းပညာတွေလည်း အရမ်းတိုးတက်နေတာဆိုတော့ ကိုယ်လည်း
တခုခုတော့  တက်ထားသိထားသင့်တယ်လို့  ထင်ပါတယ် အခုအချိန်ခဏလေး အတွင်းမှာတောင် အံ့သြလောက်တဲ့နည်းပညာတွေက တရှိန်ထိုးတက်လာခဲ့တာ နောင်တချိန်မှာဆိုရင် ဒီထက်မက
ထူးခြားဆန်းပြားတဲ့ နည်းပညာတွေ ပေါ်မလာဘူးလို့  မပြောနိုင်ဘူးလေးးးးးးးးးးးးးးးး
စာလည်းရှည်သွားပြီ နောက်မှဆက်ရေးပါအုံးမယ် 

    komyoခရီးသွားအတွေးစာစုမှ အသိအမြင်တွေကြွယ်ပြီး နည်းပညာတွေ အလွယ်တကူ
ရှာဖွေနိုင်ကြပါစေလို့ ဆုတောင်းရင်း စာဖတ်တဲ့ အရှိန်လေးတွေလည်းမြှင့်တင်ကြပါလို့ 

komyoခရီးသွားအတွေးစာစ


         

     

No comments:

Post a Comment