"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော်ခရီးသွားအတွေစာစုလို့ ဖြစ်လာတာလေး နဲနဲတော့ ပြောပြချင်ပါတယ်
ဖုန်းလေးတလုံး မရခင်ကတည်းက အင်တာနက်ဂျာနယ် တွေဝယ်ဖတ်ပြီး ဘယ်လိုဖုန်းလေး
ဝယ်ကိုင်ရမလည်းဆိုပြီးရှာဖွေနေခဲ့တာပါ အဲအချိန်ကဈေးနုန်းတွေကြည့်ပြီး မဝယ်ဖြစ်ခဲ့ပါဘူး
ဈေးကြီးတာကိုဗျ ကိုယ့်ရဲ့ဝင်ငွေနဲ့က မတက်နိုင်ပါဘူး ဒီလိုနဲ့ ဖုန်းအကြောင်းလေးတွေ ဖတ်ရင်း
သတင်းဆော့ဝဲလေးတွေအကြောင်း ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်တယ်ဆိုတဲ့အကြောင်း လေးတွေ
ဖတ်ဖြစ်ခဲ့ရာကနေ အင်တာနက်ဆိုတာကို စိတ်ဝင်စားခဲ့တာ ကံကောင်းချင်တော့ နိုင်ငံတော်က
မယုံနိုင်စရာသတင်းတခု ကြားခဲ့ရတယ် ဖုန်းတွေကို 1500ထက်မကျော်တဲ့ ဈေးနုန်းနဲ့ချပေးမယ်တဲ့
ဘယ်ထင်မလည်းဗျာ ဟိုအရင်က ဖုန်းတလုံး သိန်းပေါင်းမြောက်များစွာ ပေးကိုင်နေရတာ သာမန်
လူတွေ အနားတောင်မကပ်ရဲခဲ့ဘူး ပြီးတော့ ကိုယ်နဲ့မဆိုင်ဘူးလို့တောင်ထင်ခဲ့မိတာ ဟောအခု
အချိန်များကြတော့ ဟင်းရွက်ကန်စွန်းထက်တောင် ပေါနေပြီ ဒါပေမဲ့ဗျာ ကျနော်တခုစဉ်းစားမိတယ်
အခုလိုဖုန်းတွေကို ဈေးပေါပေါနဲ့ ဝယ်လို့ရတာ ဟာ ပြည်သူတွေအတွက် ကောင်းလည်းကောင်းသလို
မကောင်းလည်းမကောင်းဘူး ကောင်းတဲ့အပိုင်းကတော့ လူနေမှု့အဆင့်အတန်းမြင်လာတယ်
တယောက်နဲ့တယောက် ဆက်ဆွယ်ဖို့ စက္ကန့်ပိုင်း နာရီးပိုင်းအတွင် အလုပ်လုပ်နိုင်တယ် ဒါကလည်း
နားလည်ပြီးအသုံးချတက်တဲ့ လူတွေအတွက်ကတော့ အရမ်းအရမ်းကို အဆင်ပြေတာပေါ့
ဖုန်းအကြောင်းဘာမှ မသိနားမလည် ဘယ်လိုအသုံးချရတယ်ဆိုတာလည်းကောင်းကောင်းမသိ
သူတွေအဖို့ အရင်ကမှစားဝတ်နေရေးအဆင်မပြေမလောက်မငှနဲ့ နေနေရတာ ဖုန်းတလုံးကို
1500 တည်းနဲ့ စကားပြောလို့မှမရတာ ပြောဖို့အတွက် ဟန်းဆက်လေးကလိုလာပြီ ပြီးတော့
ဝယ်မှတော့ ကောင်းတာဘဲဝယ်ချင်ကြတာပေါ့ မတက်နိုင်သူအဖို့ကြတော့ ဈေးအပေါလေးတွေဝယ်
ကြာတော့လည်း မကိုင်ချင် dateout တယ် ဘာရယ်ညာရယ်နဲ့ နောက်ထပ် အသစ်အဆန်းလေး
ထပ်ဝယ်ကိုင် ဟော အဲမှာ မရှိဆင်းရဲသားတွေအဖို့ အပိုထွက်ငွေတွေလိုဖြစ် ဒါနဲ့မပြီးသေးဘူး
အင်တာနက်ဆိုတာကြီးပေါ်ကိုလည်း သွားချင်တော့ ဘေထပ်ဖြည့်ရတယ် ဖြည့်ရင်းဖြည့်ရင်း
ဘေတာကုန်သွာတယ် ဘာမှကောင်းကောင်းမသိလိုက်ရဘူး တကယ်တော့ လူတိုင်းလူတိုင်မှာ
ဖုန်းလေးတလုံးစီတော့ ရှိစေချင်ပါတယ် ဒါပေမဲ့ အသုံးမပြုခင်တော့ လေ့လာစေချင်ပါတယ် သူများ
ကိုင်လို့ လိုက်ကိုင်ချင်တာတော့ သဘာဝမကျဘူး အရင်ဆုံး ကိုယ်က ဖုန်းပြောဖို့သက်သက်လား
တခြားဘာတွေသုံးချင် သေးတာလည်း စသဖြင့် စဉ်းစားပြီး သိတဲ့သူ နားလည်သူတွေကို မေးမြန်းပြီး
ဝယ်စေချင်ပါတယ် ဖုန်းဆိုပြီးရော ဝယ်ရင်တော့ အလကားငွေဖြုန်းနေသလို ဖြစ်နေမှာပါ ဘာဖြစ်လို့လည်း
ဆိုတော့ အချိန်တိုင်းပြောင်းလည်းတိုးတက်နေတဲ့ ခေတ်ကြီးမှာ တနေ့တမျိုးမရိုးနိုင်အောင် ဖုန်းတွေက
အမျိုးမျိုးထွက်နေတော့ သာမန်လူတွေအတွက် ရေရည်မှာအဆင်မပြေနိုင်ဘူးမို့လား ဒါကြောင့်
ခေတ်မှီတိုးတက်နေတဲ့ အချိန်မှာ လေ့လာဖို့ကလည်း အရမ်းအရေးကြီးပါတယ် တန်ဖိုးထားတက်ဖို့လည်း
လိုပါတယ် ကိုယ်သုံးနေတဲ့ပစ္စည်းလေးက ဟောင်းနေပေမဲ့ မပျက်ဆီးသေးဘူးဆိုရင် တန်ဖိုးထားပြီးသုံးရင်
အချိန်အများကြီး ဆက်ပြီးသုံးလို့ ရနိုင်ပါသေးတယ် ကုန်ကျစရိတ်လျော့ချပြီးသားလည်း မဖြစ်ဘူးလား
ကိုယ်တိုင်ကကိုယ်သုံးနေတဲ့ပစ္စည်းကို တန်ဖိုးမထားမှတော့ ပစ္စည်းကလည်း ကိုယ့်အပေါ် သစ္စာရှိမှာ
မဟုတ်ပါဘူး ဒါကြောင့် အတက်နိုင်ဆုံး ဘာပဲလုပ်လုပ် တွေးခေါ်စဉ်းစားကြပါ အတွေးအခေါ်
ရင့်ကျတ်မှု့ရှိအောင် လေ့ကျင့်ကြပါ အခုခေတ်က လိုချင်တာယူဖို့ အရမ်းကို လွယ်ကူနေတဲ့ခေတ်
ကြီးပါပဲ အစကိုပြန်သွားကြအောင်ဗျာ ကျနော်ဖုန်းလေးရတော့ gmail ဆိုတာကို အရင်လေ့လာတယ်
ကျနော် ဆရာတယောက်ဆီကို gmailနဲ့ မေးဖူးတယ် ဆရာ အင်တာနက်ကို အကျိုးရှအောင်
ဘယ်လိုအသုံး ပြုရတာလည်းလို့မေးခဲ့တယ် ဆရာကပြန်ဖြေပေးခဲ့ပါတယ် စဉ်းစားကြည့်တော့
ဒီအဖြေက နားလည်အောင်ရှင်းပြဖို့ က အရမ်းခက်တယ်လို့ ကျနော်တွေးမိတယ် ဘာလို့လည်း
ဆိုတော့ ဘာအတွက်အကျိုးရှိအောင်သုံးချင်တာလည်း ဘာတွေကို သုံးမှာလည်း ဘာပေါင်း
မြောက်များစွာ ရှိနေတဲ့အင်တာနက် ကမ္ဘာကြီးကို ကိုယ်တိုင်မလေ့လာ ပဲနဲ့တော့ ဘာမှနားမလည်
နိုင်လောက်ဘူးလို့ထင်ပါတယ် ဒါကျနော့အတွေးပါ ဒီလိုနဲ့ပဲ စာတွေရှာဖတ် youtube မှာ ဝင်ရှာ
နောက်ဆုံးတော့ youtube ကနေ နည်းပညာမျိုးစုံ ရလိုက်တာပါပဲ ကျနော်facebook ကိုလည်း
ကိုယ်တိုင်ဖွင့်နိုင်ပြီးနောက်ပိုင်း blog အကြောင်းလေ့လာတယ် စာပေဟောပြောပွဲမှာ ဆရာတယောက်
ပြောသွားတာလေး ကို စိတ်ဝင်စားပြီး blog ထဲကို သွားခဲ့တာပါပဲ blogger ကောင်းတယောက်ဖြစ်
သွားရင် စီးပွားရေးပါလုပ်ယူလို့ရတဲ့အကြောင်း စသဖြင့် အများကြီး ပေါ့ဗျာ blog ကလည်း googleက
free ပေးတာဆိုတော့ လုပ်တာပေါ့ဗျာ အဲမှာ လေ့လာရင်လုပ်ရင်း ဆိုတော့ ရွာလည်နေတာ အကြာကြီးပဲ
ကျနော်ကလည်း လုပ်ချင်စိတ်တက်ချင်စိတ်တွေက များနေတော့ အမှာတွေနဲ့ကြာနေခဲ့ရတာပေါ့
တကယ်တော့ ကိုယ်လုပ်ချင်တဲ့အရာကို အရင်းဆုံး အေး၂ဆေး၂ ဖတ်မှတ်ပြီး လုပ်မယ်ဆိုရင်
အချိန်ခဏလေးအတွင်းမှာ နားလည်နိုင်ပါတယ် ကျနော့မှာ အားနည်းချက်ကရှိတယ် သင်ဆရာရယ်လို့
မရှိခဲ့ဘူးလေ ဒါပေမဲ့ တက်ချင်လွန်းတော့လည်း ကိုယ်သိချင်တာတွေကို ရှာဖွေလေ့လာခဲ့တာပါ
အခုတော့ komyoခရီးသွားအတွေးစာစုဆိုတဲ့ blogger ပေါက်စလေးလုပ်နေတာပေါ့ ပြည့်စုံမှု့ မရှိသေး
တာကိုတော့ စာဖတ်သူ နားလည်ပေးပါ လေ့လာရင်းတွေးရင်းရေးရင်း နဲ့ မို့ပါ
စာရှည်သွားပြီဗျာ နောက်နေ့တော့ အခုမှစလေ့လာသူတွေအတွက် gmail အကောင့်ဖွင့်နည်းလေး
ဝေငှဖို့ စဉ်းစားထားပါတယ်

No comments:
Post a Comment