ုkomyo ခရီးသွားအတွေးစာစု

Thursday, 22 December 2016

ကိုယ်​ပိုင် ​facebook စာမျက်​နှာ​ပေါ်မှာ-----

"မင်္ဂလာပါ " ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ

            ကျ​နော်​ Julyလတုန်းက​ရေးခဲ့တဲ့စာ​လေးပါ ပဲ အွန်​လိုင်းဆိုတဲ့ကမ္ဘာကြီးထဲကို ဘာမသိညာမသိ

မ​ရောင်​မလည်​​ရောက်​ လာခဲ့တဲ့လူ​တွေထဲမှာ ကျ​နော်​လည်းအပါဝင်​ပါပဲ ဖုန်းကဒ်​​လေးကံစမ်းမဲ​ပေါက်​လို့

ဝမ်းသာပြီး ​ပျော်​ခဲ့ရပါတယ်​ အဲဒီအချိန်​က ဘာမှနားမလည်​​သေး​ပေမဲ့ အင်​တာနက်​ဆိုတာကြီးကို

သုံးကြည့်​ချင်​မိတယ်​ facebook ဆိုတာဘာလုပ်​ရတာလည်းမသိခဲ့လို့ ​လူတချို့ကို​မေးကြည့်​တယ်


အ​ဖြေက​ရေ​ရေရာရာထွက်​မလာခဲ့ပါဘူး သူတို့လည်းစမ်းတဝါးဝါးပါပဲ ကိုယ်​သိချင်​တဲ့အ​ဖြေမရခဲ့ဘူး

ဒါ​ကြောင့်​ facebook ဆိုတာကို​လေ့လာပြီး ကိုယ်​တိုင်​အ​ကောင့်​ဖွင့်​နိုင်​တဲ့အထိ ​အောင်​မြင်​လာခဲ့တယ်

ဒါကျ​နော့်​ရဲ့ ပထမ​ခြေလမ်း​ပေါ့ အဲဒီအချိန်​က facebook အ​ကောင့်​ဖွင့်​ဖို့ဆိုတာ မလွယ်​ပါဘူး

ကျ​နော်​လည်း အရမ်းသိချင်​တတ်​ချင်​လွန်းလို့   သင်​ဆရာမရှိပဲ မြင်​ဆရာကြားဆရာနဲ့ ​လေ့လာခဲ့ရတာပါ

ကျ​နော်​​ပြောချင်​တာက ဘယ်​အရာမဆို လုပ်​ချင်​တဲ့ စိတ်​​လေး သိချင်​တက်​ချင်​တဲ့စိတ်​​လေး​တွေနဲ့

တကယ်​လုပ်​နိုင်​​အောင်​ ကြိုးစား​ကြမယ်​ဆိုရင်​ ​အောင်​မြင်​မှု့ပန်းတိုင်​ဆိုတာ ကိုယ်​နဲ့အနီးက​လေးမှာပါပဲ

အခုအချိန်​မှာ​တော့ ဖုန်းကဒ်​​လေးနဲ့ပဲ အလွယ်​တကူကိုယ်​တိုင်​ဖွင့်​နိုင်​ကြပါပြီ ဒါ​ပေမဲ့ ကျ​နော်​​လေ့လာ

မိသ​လောက်​​တော့ facebook ဆိုတာကိုသိကြတယ်​ဆို​ပေမဲ့ ဘယ်​လိုအသုံးပြုမလည်း ဘာအတွက်

အသုံးချမလည်း ဘာရည်​ရွယ်​ချက်​နဲ့အသုံးပြု​နေကြတယ်​ ဆိုတာ facebook အသုံးပြုသူအချို့ 

ကောင်း​ကောင်းနားမလည်​ကြ ​သေးပါဘူး နားလည်​​အောင်​လည်း မကြိုးစားချင်​ကြပါဘူး သူများ

ဖွင့်​​ပေးတဲ့အ​ကောင့်​ ​လေးနဲ့ ဖြစ်​ဖြစ်​ ဆိုင်​ကဝယ်​ပြီးသုံးတဲ့ အ​ကောင့်​​လေး​တွေနဲ့  ပီတိဖြစ်​​နေကြတာပါ

ဟိုကြည့်​ဒီကြည့်​ ဟိုလို​ပြောဒီလို​ပြောနဲ့ပဲ သူများတင်​တဲ့ Post ​-comment ​လေး​တွေကြည့်​ ​ဝေဖန်​​ရေး

လေကန်​​ရေးလုပ်​ ပြီး​သွာ​တော့ ကိုယ်​အတွက်​ ဘာမှမဟုတ်​ပဲ ​မရှိမဲ့ရှိမဲ့ ​ဘေ​လေးကုန်​သွား​တော့

ငုတ်​တုတ်​​မေ့သွားသလိုဖြစ်​​နေ​သူ​တွေလည်း အများကြီးပါပဲ  ကိုယ်​လုပ်​ချင်​တဲ့ အရာကို​တော့ နားလည်​ထားဖို့

တော့လိုတာ​ပေါ့   အလွယ်​တကူရတဲ့ အရာတိုင်းကို တန်​ဖိုးမထားတက်​ကြတဲ့ သူ​တွေဟာ ဘယ်​​တော့မှ

တိုးတက်​​ပြောင်းလည်းမှု ရှိလာမှာမဟုတ်​ပါဘူး ကြာလာရင်​​ပေါ့​ပေါ့​နေ ​ပေါ့​ပေါ့စား တဲ့လူလိုဖြစ်​သွားမှာ​ပေါ့

အခုလို နည်းပညာ​တွေတိုးတက်​​နေ​တော့ ကိုယ်​ပိုင်​facebook ​လေးနဲ့ ဆို​တော့  သူကိုယ့်​သူနည်းပညာ

ဆရာကြီးလိုလို သတင်းသမားလိုလို  စကားလုံးအကြီးကြီး​တွေသုံးပြီး ​ပြောကြတာကြားဖူးကြမှာပါ

"ဘယ်​မှာ​တောဘာ​တွေဖြစ်​ကုန်​ပီ ""ကားနဲ့ဆိုင်​ကယ်​နဲတိုက်​တာ ဘယ်​လိုဖြစ်​သွားတာ "ဘယ်​သူ့ကို​တော့

သတ်​သွားပြန်​ပီ "စသဖြင့်​​ပေါ့ သူကိုယ်​တိုင်​ပဲ ​တွေ့ခဲ့တာလိုလို ပြီး​တော့မှ Facebookထဲမှတဲ့!

အဲလိုသတင်းထူးသတင်း အဆန်း​လေး​တွေကို
ဖတ်​ပြီးပိတိဖြစ်​​နေကြတာလည်း ဝမ်းသာစရာပါ

ဒါ​ပေမဲ့ ကိုယ်​ပိုင်​facebook ရဲ့ စာမျက်​နှာ​တွေမှာ
ထိန်​လန့်​အံ့သြစရာ ဝမ်းသာစရာအ​ကြောင်းအရာ

post ​လေး​တွေ ကိုယ်​ပိုင်​ post ဘယ်​နှခုတင်​ပြီး
ပြီလည်း သူများ​တွေအတွက်​ ဘာ massage ​တွေ

ပြော​ပေးပြီးပြီလည်း သူများတင်​တဲ့ post​တွေ
massage​တွေပဲ ထိုင်​ကြည့်​​နေ​တော့မှာလား

ငါဘာအတွက်​ ငါဘာ​တွေလုပ်​​နေတာလည်းဆိုတာ
သိဖို့​တော့လိုတာ​ပေါ့ အလိုမှမဟုတ်​ပဲ ဘုမသိဘမသိ

လျှောက်​ကြည့်​​နေရင်​​တော့ ဘာမှအကျိုးးမရှိပဲ အချိန်​ကုန်
ဘေကုန်​တာပဲရှိမယ်​ ဘာပညာမှလည်းရမှာမဟုတ်​ဘူး

သူများကိုလိုက်​တုပြီးသူများလုပ်​သမျှလိုက်​လုပ်​​နေရင်​လည်း
ခရီးမတွန်​ပဲ ​​ဟောဟဲ​ဟောဟဲ နဲ့ ​မော​နေမှာပါပဲ

ဒါ​ကြောင့်​ ကိုယ်​နဲ့အသုံးမတည့်​တဲ့ အရာ​တွေ သိမ်းထား
မယ်​ဆိုရင်​ ကြာလာရင်​ဘာ​တွေဖြစ်​လာနိုင်​မယ်​ထင်​လည်း

အခုလည်းဒီလိုပါပဲ ကိုယ်​နဲ့ အသုံးမတည့်​တဲ့အရာ ကိုယ်​နဲ့
မဆိုင်​တဲ့ကိစ္စ​တွေကို ​လေ့လာ​နေမယ်​ဆိုရင်​ တိုးတက်​မှု့

တွေ ဟာအချိန်​ကြာလာမှာပါပဲ
ဆိုလိုချင်​တာက ကိုယ်​သိချင်​တာ​တွေရှိရင်​ အရင်​နားလည်
အောင်​ ​လေ့လာရှာ​ဖွေ ဖတ်​မှတ်​ပြီး ကိုယ်​ပိုင်​အား​လေးနဲ့

စိုက်​ထုတ်​ပြီးကြိုးစားကြည့်​ကြပါ ဘယ်​အရာမဆို ​အောင်​မြင်
နိုင်​ပါလိမ့်​မယ်

ပြီး​တော့ကိုယ်​ပိုင်​facebook ​ပေါ်မှာ သူများ​တွေကို
ပျော်​ရွှင်​မှု့ ထိတ်​လန့်​မှု့အံသြမှု့ ​ဝမ်းသာစရာ

စသည့်​အ​ကြောင်းအရာ​လေး​တွေကို ကိုယ်​ပိုင်​စတိုင်
ကိုယ်​ပိုင်​ post ​လေး​တွေနဲ့ ဖန်​တီးပြီး

အ​တွေးအ​ခေါ်ဗဟုသုတများ တိုးပွားကြပါ​စေ

komyo bloggerခရီးသွားအ​တွေးစာစု















No comments:

Post a Comment