"မင်္ဂလာပါ "
ချစ်မိတ်ဆွေ အားလုံး ကျန်းမာကြပါစေ
ကျနော်ရေးသားနေတဲ့ စာတိုင်းကို ချစ်မိတ်ဆွေတွေအတွက် အဓိကရည်ရွယ်ချက်ကတော့
စာဖတ်ရှိန်လေးတွေကို အရှိန်မြင့်ပြီး စာပေဗဟုသုတ ကနေ နည်းပညာဗဟုသုတ အတက်ပညာဗဟုသုတ
အသိပညာဗဟုသုတလေးတွေ တိုးပွားစေချင်တဲ့ဆန္ဒနဲ့ပါ တခုတော့နားလည်ပေးပါ ကျနော်ကနည်းပညာ
တွေ အတက်ပညာတွေ မဝေငှနိုင်ပေမဲ့ ကျနော်ရေးသားနေတဲ့စာလေးဖတ်ပြီး အနည်းဆုံးအတွေးလေး
တခု အကြံကောင်းလေးတခုထပ်ပြီး ရနိုင်မယ်ထင်ပါတယ် လူတိုင်းမှာတော့ အတွေးကိုယ်ဆီ အသိကိုယ်ဆီ
တော့ရှိကြတယ်လိုသိနေကြတာပါပဲ ဒါပေမဲ့ လက်တွေ့ကြတော့ မဖော်ထုတ်နိုင်ကြပါဘူး သူများပြောပြီး
လုပ်ပြပြီးမှ ဟာဒါတော့သိတာပေါ့ ဆိုတဲ့လူတွေကများပါတယ် ကိုယ်တိုင်တွေးတောကြံဆ အကောင်အ
ထည်ဖော်ပြီး တီထွင်သူကလည်းရှားပါတယ် သူများလုပ်နေရင်တာ ဝေဖန်ချင်ကြတာမို့လား တိုးတက်မှု့
မတိုးတက်မှု့ဆိုတာ အဲမှာစတာပဲ ကိုယ်တိုင်မတွေးတော မကြံဆမလုပ်ပဲ သူများလုပ်တာဝေဖန်နေ
ရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး "တွေးတောကြံဆနည်းလမ်းရ "ဆိုတဲ့စကားလေးနဲ့ " စာအုပ်
စာပေ လူမိတ်ဆွေ" စကားလေးတွေရဲ့အဓိပ္ပာယ်က အရမ်းလေးနက်ပါတယ် လူတိုင်းရဲပါးစပ်ဖျားမှာတော့
ပြောနေကြတာပါပဲ ဒါပေမဲ့အပြောပဲရှိနေကြတာ တကယ်လက်တွေ့ လုပ်ဆောင်သူက ရှားနေပါသေးတယ်
လူတိုင်းသာ စာပေလေးတွေရှာဖွေဖတ် မှတ် စု ပြု လုပ်ကြမယ်ဆိုရင် အပြင်လောက ကလူတွေနဲ့တောင်
ပိုပြီးမိတ်ဆွေကောင်းအဖြစ် စိတ်ချထားလို့ ရနိုင်မယ်ထင်ပါတယ် အပြင်လောကရဲ့လူတွေက တစိမ်းမပြော
နဲ့ မွေးချင်းချင်းမှာတောင် မနာလိုစိတ် မာန်မာနတွေထားနေကြတာ တွေ့ဖူးကြမှာပါ အဲတော့ အခုလို
ပွင့်လင်းမြင်သာပြီး နည်းပညာတွေ အရမ်းတိုးတက် လေ့လာရှဖွေမှု့လုပ်ဖို့လည်း အရမ်းလွယ်ကူနေ
တဲ့အချိန်မှာ တခုခုတော့ အပြောင်းအလည်းလေးဖြစ်သင့်ပြီလို့ ထင်ပါတယ် အခုသုံးနေတဲ့စကားနဲ့
ပြောရရင် ပြောင်းလည်းချိန်တန်ပြီ ပေါ့ဗျာ တချို့ကြတော့လည်း သိသလိုတက်သလိုနဲ့ မယုံနိုင်တဲ့
စကားလုံးအကြီးကြီးတွေနဲ့ ပီးပီးရော့ပြောနေကြသူတွေလည်း အများကြီးရှိပါတယ် တကယ်လုပ်နိုင်
ဖို့တကယ်လုပ်ဖို့ကြ တွန့်နေကြတာ ကျနော် အခုထိနားထဲမှာကြားနေတဲ့ စာတိုတခုရှိပါတယ် ရေးသူက
တော့မေ့နေပြီ "ကိုယ်လုပ်မှာ ကမ္ဘာကိုသိအောင်ပြောပါ ဒါပေမဲ့ လုပ်ပြပြီးမှပြောပါ " တဲ့ အဓိပ္ပာယ်
အရမ်းရှိပါတယ် ကိုယ်လုပ်တဲ့အရာတခုကို ကမ္ဘာအထိတောင် သိနိုင်ရင် အရမ်းအရမ်းကိုအောင်မြင်
တိုးတက်နေတယ်လို့ ပြောရမှာပေါ့ မိတ်ဆွေတို့ အားမလိုအားမရဖြစ်နေတာ တခုရှိမှာပါ ကြွေးကြော်
ထားတဲ့အတိုင်းမဖြစ်သေးလိုလေ " မြန်မာအားကစား ကမ္ဘာကို လွှမ်းရမည် " တဲ့ အားပေးပါတယ်
ကြိုးစားနေတာလည်း တွေ့နေရပါတယ် ကမ္ဘာလွှမ်းဖို့တော့ လွယ်လွယ်နဲ့တော့ ဘယ်ရပါမလည်း
အာရှကိုတောင်မကျော်နိုင်းသေးပဲ ဒါပေမဲ့ ရည်မှန်းချက် ရည်ရွယ်ချက်တော့ ရှိနေပြီပဲ လုပ်လည်း
လုပ်နေကြပါတယ် စည်းစည်းလုံးလုံး နဲ့ဖေးမ ကူညီ ကြိုးစားကြမယ်ဆိုရင် တနေ့မဟုတ်တနေနေ့
တော့ ဖြစ်လာနိုင်မှာပါ ကမ္ဘာသိဖို့ ဆိုရင်တော့ အရမ်းရမ်းကိုကြိုးစားဖို့လိုတာပေါ့ ဘာဖြစ်လို့လည်း
ဆိုတော့ ကျနော်တို့နိုင်ငံမှာက အရာရာ အရမ်းကိုနောက်ကျနေခဲ့ရတာမို့လား အခုလို ပွင့်လင်းလာ
တော့လည်းအရည်အချင်းပြည်ဝသူက နည်းနည်းပဲရှိတာကိုဗျ ပြီးတော့ ကိုယ့်တာဝန် ကိုယ်လုပ်ရမဲ့
အလုပ် ကိုယ်ဘယ်လိုနေထိုင်အသုံးပြုရမယ် ဆိုတာတွေကအစ လူတန်းစေ့နားလည်ကြသေးတာမှမဟုတ်ပဲ
ဒါကြောင့် တိုးတက်ဖွင့်ဖြိုး နေတဲ့အချိန်မှာ သူများတွေထက် မကျော်နိုင်တောင် တန်းတူလိုက်နိုင်အောင်
ကြိုးစားဖို့ လိုနေပြီလို့ ထင်ပါတယ်
komyo2017bloggerခရီးသွားအတွေးစာစု

No comments:
Post a Comment